ဂိလဒ်ပြည်ရှိ တိရှဘိမြို့သားဧလိယက အာဟပ်မင်းကြီးအား “ငါကိုးကွယ်သော အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ ဤနှစ်များအတွင်း ငါအမိန့်မပေးဘဲ မိုးမရွာ၊ နှင်းမကျစေရ”ဟု ဆို၏။
ဟောရှေ 9:8 - မြန်မာ့စံမီသမ္မာကျမ်း ဧဖရိမ်၏ကင်းစောင့်သည် ဘုရားသခင်နှင့်အတူရှိ၏။ သို့သော် ပရောဖက်သွားရာလမ်းတစ်လျှောက်လုံးတွင် မုဆိုးကျော့ကွင်းရှိ၏။ ဘုရားသခင်၏အိမ်တော်တွင်လည်း မုန်းတီးခြင်းများ ရှိ၏။ Common Language Bible ဘုရားသခင်သည်မိမိလူတို့ကိုသတိ ပေးရန် ငါ့အားပရောဖက်အဖြစ်စေလွှတ် တော်မူ၏။ သို့ရာတွင်သင်တို့သည်ငါသွား လေရာအရပ်၌ငှက်ကိုကျော့ကွင်းထောင် ဖမ်းသကဲ့သို့ငါ့ကိုဖမ်းကြ၏။ ဘုရားသခင်၏ပြည်တော်၌ပင်လူတို့သည် ပရောဖက်များ၏ရန်သူများဖြစ်ကြ၏။- Garrad Bible ဧ ဖ ရိမ် သည်၊ ငါ့ ဘု ရား သ ခင့် တစ် ဖက် သူ လျှို သ ဖွယ်၊ ပ ရော ဖက် လည်း၊ နည်း လမ်း တော် ရှိ သ မျှ၌ ညွှတ် ကွင်း သ ဖွယ် ဖြစ် လျက်၊ ကိုယ့် ဘု ရား သ ခင့် ဗိ မာန် တော် တွင် ပင်၊ ရန် ငြိုး ဖွဲ့ ကြ သည် တ ကား။ Judson Bible ဧဖရိမ်ကင်းစောင့်သည် မိမိဘုရားဘက်မှာ နေ၏။ ပရောဖက်သည် ပြုလေသမျှတို့၌ မုဆိုးကျော့ကွင်း ဖြစ်၏။ သူ၏ဘုရားအိမ်တွင် ဘေးပြုသောသူ ဖြစ်၏။ |
ဂိလဒ်ပြည်ရှိ တိရှဘိမြို့သားဧလိယက အာဟပ်မင်းကြီးအား “ငါကိုးကွယ်သော အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ ဤနှစ်များအတွင်း ငါအမိန့်မပေးဘဲ မိုးမရွာ၊ နှင်းမကျစေရ”ဟု ဆို၏။
ထို့နောက် ရက်ပေါင်းများစွာကုန်လွန်လာ၏။ သုံးနှစ်ကြာလျှင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဧလိယထံသို့ရောက်လာ၍ “အာဟပ်မင်းကြီးကို ကိုယ်တိုင်သွားတွေ့လော့။ ငါသည် မြေပြင်ပေါ်သို့ မိုးကိုရွာစေမည်”ဟု မိန့်တော်မူ၏။
ယခုမှာ အစ္စရေးလူမျိုးအပေါင်းတို့နှင့်တကွ ယေဇဗေလစားပွဲ၌စားသော ဗာလဘုရား၏ပရောဖက်လေးရာ့ငါးဆယ်နှင့် အာရှရနတ်ဘုရားမတံခွန်တိုင်၏ပရောဖက်လေးရာတို့ကို ဆင့်ခေါ်၍ ငါရှိရာကရမေလတောင်ပေါ်တွင် စုဝေးစေလော့”ဟု ဆို၏။
ခေနာနာ၏သားဇေဒကိသည် သံဦးချိုများကိုပြုလုပ်ပြီး အာဟပ်မင်းကြီးအား “ ‘မင်းကြီးသည် ဤသံဦးချိုများဖြင့် ဆီးရီးယားလူမျိုးတို့ ပျက်စီးကုန်သည့်တိုင်အောင် ဝှေ့ယမ်းတိုက်ခိုက်ရလိမ့်မည်’ဟူ၍ ထာဝရဘုရားမိန့်တော်မူသည်”ဟု ဆင့်ဆို၏။
ထိုဝိညာဉ်ကလည်း ‘အကျွန်ုပ်သွား၍ ပရောဖက်အပေါင်းတို့၏နှုတ်၌ မုသားမြွက်ဆိုသောဝိညာဉ်ဖြစ်မည်’ဟု လျှောက်တင်၏။ ထာဝရဘုရားကလည်း ‘သင်ဖြားယောင်းနိုင်လိမ့်မည်။ အောင်လည်းအောင်မြင်လိမ့်မည်။ သွား၍ ထိုသို့ပြုလော့’ဟု မိန့်တော်မူ၏။
ထိုအခါ မိက္ခာယက “အရှင်မင်းကြီး ဘေးကင်းစွာအမှန်ပြန်လာရသည်ဆိုလျှင် အကျွန်ုပ်အားဖြင့် ထာဝရဘုရားမိန့်မှာသည်မဟုတ်”ဟု ပြန်ပြောပြီးလျှင် “လူအပေါင်းတို့၊ ငါ့စကားကို မှတ်ထားကြလော့”ဟု ဆို၏။
ထိုအခါ အစ္စရေးဘုရင်သည် ပရောဖက်လေးရာခန့်ကိုစုရုံးစေပြီးလျှင် သူတို့အား “ရာမုတ်ဂိလဒ်မြို့ကို စစ်ချီ၍တိုက်ခိုက်ရမည်လော။ မတိုက်ဘဲနေရမည်လော”ဟု မေးလျှင် သူတို့က “စစ်ချီတော်မူပါ။ ဘုရားရှင်သည် ထိုမြို့ကို မင်းကြီးလက်သို့ အပ်တော်မူမည်”ဟု ဆင့်ဆိုကြ၏။
အစ္စရေးလူမျိုးတို့သည် လူတစ်ယောက်ကို သင်္ဂြိုဟ်နေစဉ် ထိုဓားပြအဖွဲ့လာနေသည်ကို တွေ့သဖြင့် အလောင်းကို ဧလိရှဲ၏သင်္ချိုင်းတွင်းထဲသို့ ပစ်ချကြလေ၏။ ထိုအလောင်းမှာ ဧလိရှဲ၏အရိုးများနှင့် သွားထိသောအခါ အသက်ပြန်ဝင်လာ၍ မတ်တတ်ရပ်လေ၏။
ဧလိယကိုယ်မှကျကျန်ခဲ့သောအဝတ်ကိုယူ၍ ရေကိုရိုက်ပြီး “ဧလိယ၏ဘုရားသခင်ထာဝရဘုရားကား အဘယ်မှာနည်း”ဟု ဆို၏။ ထိုသို့ ရေကိုရိုက်သောအခါ ရေသည် ထက်ခြမ်းကွဲသွားသဖြင့် ဧလိရှဲလည်း မြစ်ကိုကူးသွားလေ၏။
ထို့နောက် ဧလိရှဲသည် စမ်းရေထွက်သောနေရာသို့သွား၍ ထိုနေရာကိုဆားခတ်ပြီးလျှင် “ထာဝရဘုရားက ‘ဤရေကို ငါသန့်ရှင်းစေပြီ။ နောက်တစ်ဖန် အပင်သေခြင်း၊ မဖြစ်ထွန်းခြင်း မရှိတော့စေရ’ဟူ၍ မိန့်တော်မူပြီ”ဟု ဆို၏။
ထိုအခါ ဧလိရှဲက “မုန့်ညက်အနည်းငယ် ယူခဲ့ပါ”ဟုဆိုပြီး အိုးထဲသို့ထည့်လိုက်၏။ ထို့နောက် “လူတို့စားဖို့ ခပ်ထည့်ပေးလော့”ဟု ဆိုလျှင် အိုးထဲမှဟင်းသည် ဘေးမဖြစ်စေတော့ချေ။
ထိုအခါ သူ၏ငယ်သားက “ဤမျှလောက်နှင့် လူအယောက်တစ်ရာကို မည်သို့ကျွေးနိုင်ပါမည်နည်း”ဟု မေးလျှင် ဧလိရှဲက “လူတို့စားဖို့ ပေးလော့။ ထာဝရဘုရားက ‘သူတို့စားဖို့လောက်သည့်အပြင် အကြွင်းအကျန်လည်း ရှိလိမ့်မည်’ဟူ၍ မိန့်တော်မူပြီ”ဟု ဆိုလေ၏။
ထို့ကြောင့် နေမန်သည် ဘုရားသခင်၏လူပြောသောစကားအတိုင်း ဂျော်ဒန်မြစ်သို့ဆင်းသွားပြီး ခုနစ်ကြိမ်ရေနှစ်လိုက်သောအခါ သူ့အသားအရေသည် သူငယ်အသားအရေကဲ့သို့ဖြစ်ပြီး စင်ကြယ်သွားလေ၏။
သို့ဖြစ်၍ နေမန်၌စွဲသောအနာကြီးရောဂါသည် သင်နှင့် သင့်သားစဉ်မြေးဆက်တို့၌ အမြဲစွဲကပ်နေလိမ့်မည်”ဟု ဆို၏။ ဂေဟာဇိလည်း အနာကြီးရောဂါစွဲကပ်ပြီး နှင်းပွင့်ကဲ့သို့ဖြစ်၍ ဧလိရှဲထံမှ ထွက်သွားလေ၏။
ထိုစဉ်က တပ်မှူးသည် ဘုရားသခင်၏လူအား “ထာဝရဘုရားက မိုးကောင်းကင်ပြတင်းပေါက်များကို ဖွင့်ပေးမည်ဆိုလျှင်ပင် ဤသို့ဖြစ်နိုင်မည်လော”ဟု ဆိုလျှင် ဧလိရှဲက သူ့အား “သင်သည် ထိုအရာတို့ကို ကိုယ့်မျက်စိနှင့်မြင်ရုံမျှသာမြင်ရမည်။ စားရမည်မဟုတ်”ဟု ပြန်ပြောခဲ့၏။
ထိုအခါ ဘုရင့်လက်ရုံးဖြစ်သူ တပ်မှူးက ဘုရားသခင်၏လူအား “ထာဝရဘုရားက မိုးကောင်းကင်ပြတင်းပေါက်များကို ဖွင့်ပေးမည်ဆိုလျှင်ပင် ဤသို့ဖြစ်နိုင်မည်လော”ဟု ဆိုလျှင် ဧလိရှဲက သူ့အား “သင်သည် ထိုအရာတို့ကို ကိုယ့်မျက်စိနှင့်မြင်ရုံမျှသာမြင်ရမည်။ စားရမည်မဟုတ်”ဟု ပြန်ပြောလေ၏။
ငါတို့၏စိတ်ဝိညာဉ်သည် မုဆိုးတို့၏ကျော့ကွင်းမှ လွတ်မြောက်သောငှက်ကဲ့သို့ လွတ်မြောက်လေပြီ။ ကျော့ကွင်းပြတ်၍ ငါတို့လွတ်မြောက်ကြလေပြီ။
အမှန်စင်စစ် လူသည် မိမိ၏အချိန်ကာလကို မသိတတ်။ ဘေးအန္တရာယ်ရှိသောပိုက်ကွန်၌ ဖမ်းမိခြင်းခံရသောငါးများနှင့် ကျော့ကွင်း၌မိသောငှက်များကဲ့သို့ လူသားတို့သည် သူတို့အပေါ်သို့ ဆိုးရွားသောအချိန်ကာလ ရုတ်တရက်ကျရောက်သောအခါ ထိုအရာအားဖြင့် ကျော့မိတတ်၏။
မြို့ထဲတွင် ကင်းလှည့်နေသူတို့သည် အကျွန်ုပ်ကိုတွေ့ကြ၏။ အကျွန်ုပ်က ‘အကျွန်ုပ်ချစ်မြတ်နိုးသောအရှင်ကို သင်တို့တွေ့မိပါသလား’ဟု မေးပါ၏။
အို ဂျေရုဆလင်မြို့၊ ကင်းစောင့်တို့ကို သင်၏မြို့ရိုးများပေါ်တွင် ငါချထားပြီ။ သူတို့သည် နေ့နေ့ညည တိတ်တိတ်နေမည်မဟုတ်။ ထာဝရဘုရားကို အောက်မေ့စေသောသူတို့၊ နှုတ်ဆိတ်မနေကြနှင့်။
ငါသည် သတ်ရန်ခေါ်ဆောင်သွားသည့် နူးညံ့သောသိုးသငယ်ကဲ့သို့ဖြစ်၏။ “သူ၏အပင်ကို အသီးနှင့်တကွ ဖျက်ဆီးကြကုန်စို့။ သူ၏အမည်ကို နောက်ထပ်အမှတ်မရစေရန် လူ့လောကမှ သူ့ကိုဖယ်ရှားကြကုန်စို့”ဟု ဆိုလျက် ငါ့ကို လျှို့ဝှက်ကြံစည်နေကြသည်ကို ငါမသိခဲ့ပေ။
ငါကလည်း “အို ဘုရားရှင်ထာဝရဘုရား၊ ပရောဖက်တို့က ‘သင်တို့သည် ဓားဘေးနှင့်ကြုံရမည်မဟုတ်။ ငတ်မွတ်ခေါင်းပါးခြင်းဘေးသည် သင်တို့ထံရောက်လာမည်မဟုတ်။ ဤအရပ်၌ သင်တို့အား စစ်မှန်သောငြိမ်သက်ခြင်းကို ငါပေးမည်’ဟူ၍ သူတို့အား ဆင့်ဆိုကြပါသည်”ဟု လျှောက်ဆို၏။
ရှမာရိပရောဖက်တို့တွင် ရွံရှာဖွယ်အမှုကို ငါတွေ့၏။ သူတို့သည် ဗာလဘုရားကိုအမှီပြု၍ ပရောဖက်ပြုဟောပြောခြင်းဖြင့် ငါ့လူမျိုးတော်ကို လမ်းလွဲစေပြီ။
‘လာကြ။ ဇိအုန်တောင်သို့ သွားကြစို့။ ငါတို့၏ဘုရားသခင်ထာဝရဘုရားအထံတော်သို့ သွားကြစို့’ဟူ၍ ဧဖရိမ်တောင်ပေါ်မှကင်းစောင့်တို့ ကြွေးကြော်သောအချိန်ရောက်လာလိမ့်မည်”ဟု မိန့်တော်မူ၏။
ငြိမ်းချမ်းမှုမရှိသော်လည်း ‘ငြိမ်းချမ်းသည်၊ ငြိမ်းချမ်းသည်’ဟု ဆိုလျက် ငါ့လူမျိုးတော်၏ဒဏ်ရာကို ပေါ့ပေါ့တန်တန်ကုသပေးကြ၏။
ငါသည် ကင်းစောင့်တို့ကိုခန့်ထား၍ ‘တံပိုးမှုတ်သံကို အာရုံစိုက်နားထောင်ကြ’ဟု ဆိုသော်လည်း သူတို့က ‘ငါတို့ နားမထောင်’ဟု ဆိုကြ၏။
သင်၏ပရောဖက်တို့သည် သင့်အဖို့ မဟုတ်မမှန်သောအရာ၊ အကျိုးမရှိသောအရာတို့ကို နိမိတ်မြင်ကြပြီ။ သုံ့ပန်းဘဝမရောက်ရလေအောင် သူတို့သည် သင်၏အပြစ်ကိုမထောက်ပြဘဲ မဟုတ်မမှန်သောအရာ၊ လှည့်စားသောအရာတို့ကို ဗျာဒိတ်ရကြပြီ။
ဖြောင့်မတ်သောသူတို့၏သွေးကို မြို့လယ်ခေါင်၌ သွန်းခဲ့သော ပရောဖက်တို့၏အပြစ်၊ ယဇ်ပုရောဟိတ်တို့၏ဒုစရိုက်များကြောင့် ဤသို့ဖြစ်ရလေပြီ။
“အချင်းလူသား၊ ငါသည် သင့်ကို အစ္စရေးလူမျိုးတို့ကိုစောင့်ကြည့်သော ကင်းစောင့်အဖြစ် ခန့်ထားပြီ။ ငါပြောသောစကားကိုကြားတိုင်း သူတို့ကို ပြန်ပြောရမည်။
အချင်းလူသား၊ ယခု သင့်အား အစ္စရေးအမျိုးတို့အတွက် ကင်းစောင့်အဖြစ် ငါခန့်ထားပြီ။ ငါ၏နှုတ်ထွက်စကားကို နားထောင်ပြီး သူတို့အား သတိပေးရမည်။
ယဇ်ပုရောဟိတ်တို့၊ နားထောင်ကြ။ အစ္စရေးအမျိုးအနွယ်တို့၊ အာရုံစိုက်ကြ။ နန်းတွင်းသားတို့၊ စူးစိုက်နားထောင်ကြ။ သင်တို့သည် တရားစီရင်ခြင်းကိုခံရကြမည်။ သင်တို့သည် မိဇပါမြို့မှ ထောင်ချောက်၊ တာဗော်တောင်ပေါ်မှ ဖြန့်ထားသောပိုက်ကွန် ဖြစ်၏။
စစ်ကြောရာနေ့ ရောက်လာပြီ။ ဒဏ်ပေးရာနေ့ ရောက်လာပြီ။ ဤအကြောင်းကို အစ္စရေးအား သိစေလော့။ သင်တို့သည် အပြစ်ကြီးပြီး မုန်းတီးစိတ်ပြင်းထန်လွန်းသောကြောင့် ပရောဖက်တို့လည်း ဆိုးမိုက်ရလေပြီ။ ဝိညာဉ်လူတို့လည်း ရူးသွပ်ရလေပြီ။
သူတို့သည် ဂိဗာမြို့သားတို့လက်ထက်ကကဲ့သို့ အလွန်အကျင့်ပျက်ပြားကြ၏။ ကိုယ်တော်သည် သူတို့၏ဒုစရိုက်များကို မှတ်ထားပြီး သူတို့၏အပြစ်များကို ဒဏ်ခတ်တော်မူမည်။
သူတို့တွင် သူတော်ကောင်းသည် ဆူးပင်နှင့်တူ၏။ ရိုးသားဖြောင့်မတ်သောသူသည် ဆူးချုံပုတ်ထက်ဆိုး၏။ သင့်ကင်းစောင့်များသတိပေးသောနေ့၊ သင်စစ်ကြောစီရင်ခြင်းခံရသောနေ့ ရောက်လာပြီ။ ယခု သူတို့ထိတ်လန့်ချောက်ချားရလေပြီ။
အခြားမည်သူမျှ မပြုဖူးသောအမှုများကို သူတို့ရှေ့၌ ငါမပြုခဲ့လျှင် သူတို့၌အပြစ်မရှိ။ ယခုမူကား သူတို့သည် ထိုအမှုတို့ကိုမြင်ရလျက်နှင့်ပင် ငါနှင့်ငါ့ခမည်းတော်ကို မုန်းကြ၏။
သို့သော် ငါ၏လိမ်လည်ခြင်းအားဖြင့် ဘုရားသခင်၏သမ္မာတရားသည် ကိုယ်တော်၏ဘုန်းအသရေတော်အဖြစ်သို့ တိုးပွားလျှင် ငါသည် အဘယ်ကြောင့် အပြစ်သားတစ်ဦးအဖြစ် စီရင်ခြင်းကိုခံရသေးသနည်း။
သင်တို့၏ခေါင်းဆောင်များသည် ဖြေရှင်းချက်ပေးရမည့်သူအဖြစ် သင်တို့၏စိတ်ဝိညာဉ်အတွက် နိုးနိုးကြားကြားရှိနေကြသည်ဖြစ်၍ သူတို့သည် ညည်းတွားခြင်းမရှိဘဲ ဝမ်းမြောက်စွာဖြင့် ထိုအမှုကိုဆောင်ရွက်နိုင်ရန် သူတို့စကားကိုနားထောင်လျက် ကျိုးနွံနာခံကြလော့။ သို့မဟုတ်လျှင် သင်တို့အတွက် အကျိုးရှိလိမ့်မည်မဟုတ်။