၄ ရာ 7:19 - မြန်မာ့စံမီသမ္မာကျမ်း19 ထိုစဉ်က တပ်မှူးသည် ဘုရားသခင်၏လူအား “ထာဝရဘုရားက မိုးကောင်းကင်ပြတင်းပေါက်များကို ဖွင့်ပေးမည်ဆိုလျှင်ပင် ဤသို့ဖြစ်နိုင်မည်လော”ဟု ဆိုလျှင် ဧလိရှဲက သူ့အား “သင်သည် ထိုအရာတို့ကို ကိုယ့်မျက်စိနှင့်မြင်ရုံမျှသာမြင်ရမည်။ စားရမည်မဟုတ်”ဟု ပြန်ပြောခဲ့၏။ အခန်းကိုကြည့်ပါ။Common Language Bible19 ထိုတပ်မှူးက``ထာဝရဘုရားကိုယ်တော်တိုင်ပင် မိုးကိုချက်ချင်းရွာစေကာမူဤသို့ဖြစ်နိုင် လိမ့်မည်မဟုတ်ပါ'' ဟုပြောကြားခဲ့လေသည်။ ထိုအခါဧလိရှဲက``သင်သည်ဤသို့ဖြစ်ပျက် သည်ကိုတွေ့မြင်ရမည်ဖြစ်သော်လည်းစားရ လိမ့်မည်မဟုတ်'' ဟုဆိုခဲ့၏။- အခန်းကိုကြည့်ပါ။Garrad Bible19 ထာ ဝ ရ ဘု ရား သည် မိုး ကောင်း ကင် ပြွန် ဝ ကို ဖွင့် တော် မူ မှ သာ ဤ သို့ ဖြစ် လိမ့် တ ကား ဟု ဘု ရား သ ခင့် လူ ယုံ တော် အား ပြက် ရယ် သည့် အ တွက် သင် သည် မျက် စိ နှင့် မြင် ရ သော် လည်း စား ရ မည် မ ဟုတ် ဟု ပြန် ဆို သည့် အ လျောက် အခန်းကိုကြည့်ပါ။Judson Bible19 အမတ်ကလည်း၊ ထာဝရဘုရားသည် မိုးကောင်းကင်၌ ပြတင်းပေါက်တို့ကို ဖွင့်လှစ်တော်မူလျှင်၊ ထိုသို့ဖြစ်နိုင်ကောင်းသည်ဟု ဘုရားသခင်၏လူအားဆို၍၊ ဘုရားသခင်၏လူက သင်သည်ကိုယ်မျက်စိနှင့် မြင်ရသော်လည်း မစားရဟု ပြန်ပြောသည်အတိုင်း၊ အခန်းကိုကြည့်ပါ။ |
ထိုအခါ ဘုရင့်လက်ရုံးဖြစ်သူ တပ်မှူးက ဘုရားသခင်၏လူအား “ထာဝရဘုရားက မိုးကောင်းကင်ပြတင်းပေါက်များကို ဖွင့်ပေးမည်ဆိုလျှင်ပင် ဤသို့ဖြစ်နိုင်မည်လော”ဟု ဆိုလျှင် ဧလိရှဲက သူ့အား “သင်သည် ထိုအရာတို့ကို ကိုယ့်မျက်စိနှင့်မြင်ရုံမျှသာမြင်ရမည်။ စားရမည်မဟုတ်”ဟု ပြန်ပြောလေ၏။
ထာဝရဘုရားက နဟေလံအမျိုး ရှေမာယသည် ငါ့ကို ပုန်ကန်ပြောဆိုသောကြောင့် ကြည့်ရှုလော့။ ငါသည် သူနှင့်သူ၏သားစဉ်မြေးဆက်တို့ကို ဒဏ်ခတ်မည်။ ဤလူမျိုးထဲတွင် သူ၏သားစဉ်မြေးဆက်တစ်ယောက်မျှ အသက်ရှင်နေထိုင်ရမည်မဟုတ်ဟု မိန့်တော်မူ၏။ တစ်ဖန် ထာဝရဘုရားက ငါ့လူမျိုးတော်အတွက် ငါပြုပေးသောကောင်းကျိုးချမ်းသာကို သူတို့ခံစားရမည်မဟုတ်”ဟု မိန့်ဆို၏။