၃ ရာ 18:19 - မြန်မာ့စံမီသမ္မာကျမ်း19 ယခုမှာ အစ္စရေးလူမျိုးအပေါင်းတို့နှင့်တကွ ယေဇဗေလစားပွဲ၌စားသော ဗာလဘုရား၏ပရောဖက်လေးရာ့ငါးဆယ်နှင့် အာရှရနတ်ဘုရားမတံခွန်တိုင်၏ပရောဖက်လေးရာတို့ကို ဆင့်ခေါ်၍ ငါရှိရာကရမေလတောင်ပေါ်တွင် စုဝေးစေလော့”ဟု ဆို၏။ အခန်းကိုကြည့်ပါ။Common Language Bible19 ဣသရေလပြည်သူအပေါင်းတို့အားကရ မေလတောင်ထိပ်တွင်ငါနှင့်တွေ့ဆုံကြရန် အမိန့်ပေးပါလော့။ ယေဇဗေလမိဖုရား ထောက်ပံ့ကျွေးမွေးထားသည့်ဗာလပရောဖက် လေးရာ့ငါးဆယ်နှင့်အာရှရဘုရားမ၏ ပရောဖက်လေးရာတို့ကိုလည်းခေါ်ဖိတ်ပါ လော့'' ဟုပြန်ပြော၏။ အခန်းကိုကြည့်ပါ။Garrad Bible19 သို့ ဖြစ်၍ ဣ သ ရေ လ တစ် မျိုး လုံး ကိုလည်း ကောင်း၊ ဗာ လ၏ ပ ရော ဖက် လေး ရာ့ ငါး ဆယ် ကို လည်း ကောင်း၊ ယေ ဇ ဗေ လ စား ပွဲ၌ စား သော အ ရှဲ ရာ၏ ပ ရော ဖက် လေး ရာ ကိုလည်း ကောင်း၊ ငါ ရှိ ရာ က ရ မေ လ တောင် သို့ စု ဝေး စေ လော့ ဟု ဆို သည့် အ တိုင်း အခန်းကိုကြည့်ပါ။Judson Bible19 သို့ရာတွင် လူကိုယခုစေလွှတ်၍ ဣသရေလအမျိုးသားအပေါင်းတို့ကိုလည်းကောင်း၊ ဗာလပရောဖက် လေးရာငါးဆယ်ကိုလည်းကောင်း၊ ယေဇဗေလစားပွဲ၌စားသော အာရှရပရောဖက်လေးရာကိုလည်းကောင်း၊ ကရမေလတောင်၊ ငါ့ထံသို့ စုဝေးစေလော့ဟု ဆိုသည်အတိုင်း၊ အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍ ဗာလဘုရား၏ပရောဖက်အားလုံး၊ ဗာလဘုရားကို ဝတ်ပြုသူအားလုံး၊ ဗာလဘုရား၏ယဇ်ပုရောဟိတ်အားလုံး တစ်ယောက်မျှမကျန် ခေါ်ခဲ့လော့။ အကြောင်းမှာ ငါသည် ဗာလဘုရားအဖို့ ယဇ်ပူဇော်ပွဲကြီးကို ကျင်းပမည်။ မလာရောက်သူများ အသက်ချမ်းသာရာရမည်မဟုတ်”ဟု ဆို၏။ စင်စစ် ယေဟုသည် ဗာလဘုရားအား ဝတ်ပြုသူများကိုသုတ်သင်ပစ်ရန် ပရိယာယ်ဆင်ခြင်းဖြစ်၏။
ဧလိရှဲက အစ္စရေးဘုရင်အား “ငါသည် မင်းကြီးနှင့်မည်သို့ဆိုင်သနည်း။ အရှင့်ခမည်းတော်၏ပရောဖက်များ၊ မယ်တော်၏ပရောဖက်များထံသို့ သွားမေးပါလော့”ဟု ဆို၏။ ထိုအခါ အစ္စရေးဘုရင်က “ထိုသို့မဆိုပါနှင့်။ အကျွန်ုပ်တို့ဤဘုရင်သုံးပါးကို မောဘလူမျိုးလက်သို့ အပ်ဖို့ ထာဝရဘုရား ခေါ်ထုတ်တော်မူပြီ”ဟု ပြန်ပြော၏။
သို့သော် ပရောဖက်အတုအယောင်များသည် လူမျိုးတော်ထဲ၌ပေါ်လာကြသကဲ့သို့ သင်တို့ထဲ၌လည်း ဆရာအတုအယောင်များပေါ်လာကြလိမ့်မည်။ ထိုသူတို့သည် ပျက်စီးခြင်းသို့ရောက်စေသည့် မှားယွင်းသောအယူဝါဒများကို လျှို့ဝှက်စွာယူဆောင်လာ၍ မိမိတို့ကို ရွေးနုတ်ဝယ်ယူသောသခင်ကိုပင် ငြင်းပယ်ကာ မိမိတို့အပေါ် လျင်မြန်သောပျက်စီးခြင်းကို ကျရောက်စေကြလိမ့်မည်။
သို့သော် သားရဲသည် ပရောဖက်အတုအယောင်နှင့်အတူ အဖမ်းခံရ၏။ ထိုပရောဖက်အတုအယောင်သည် သားရဲ၏ရှေ့မှောက်၌ နိမိတ်လက္ခဏာများကိုပြုလျက် ထိုနိမိတ်လက္ခဏာများအားဖြင့် သားရဲ၏တံဆိပ်ကိုခံယူ၍ သူ၏ရုပ်တုကိုကိုးကွယ်သောသူတို့အား လှည့်ဖြားသောသူဖြစ်၏။ ထိုသူနှစ်ဦးစလုံးတို့သည် ကန့်နှင့်လောင်သောမီးအိုင်ထဲသို့ အရှင်လတ်လတ်ပစ်ချခြင်းခံရကြ၏။
သို့သော် သင့်အား ငါအပြစ်ဆိုစရာရှိ၏။ အကြောင်းမှာ သင်သည် မိမိကိုယ်ကိုပရောဖက်မဟုခေါ်သော ထိုမိန်းမယေဇဗေလကို ပြုလိုရာပြုခွင့်ပေးထားသဖြင့် သူသည် ငါ၏အစေအပါးတို့အား တရားနှင့်မညီမေထုန်ပြုကြရန်နှင့် ရုပ်တုအားပူဇော်ထားသောအရာများကိုစားကြရန် သွန်သင်လျက် သူတို့ကိုလှည့်ဖြားနေ၏။