ဒေသနာကျမ်း။ 9:12 - မြန်မာ့စံမီသမ္မာကျမ်း12 အမှန်စင်စစ် လူသည် မိမိ၏အချိန်ကာလကို မသိတတ်။ ဘေးအန္တရာယ်ရှိသောပိုက်ကွန်၌ ဖမ်းမိခြင်းခံရသောငါးများနှင့် ကျော့ကွင်း၌မိသောငှက်များကဲ့သို့ လူသားတို့သည် သူတို့အပေါ်သို့ ဆိုးရွားသောအချိန်ကာလ ရုတ်တရက်ကျရောက်သောအခါ ထိုအရာအားဖြင့် ကျော့မိတတ်၏။ အခန်းကိုကြည့်ပါ။Common Language Bible12 လူသည် မိမိကာလအချိန်ကိုမသိတတ်။ ဘေးပြု ရာ ပိုက်ကွန်အုပ်မိသော ငါးကဲ့သို့၎င်း၊ ကျော့ကွင်း၌ ကျော့မိသော ငှက်ကဲ့သို့၎င်း၊ လူသားတို့သည် ဘေးပြုရာ ကာလထဲသို့ အမှတ်တမဲ့ရောက်၍ ကျော့မိတတ်ကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible12 လူ သည် အ ချိန် စေ့ ရောက် မည် ကို မ သိ၊ ကြမ်း ကြုတ် သော ကွန်၌ အုပ် မိ သော ငါး၊ ညွှတ် ကွင်း တွင် မိ သော ငှက် ကဲ့ သို့ ပင်၊ လူ့ သား တို့ လည်း ရုတ် ခြင်း သင့် သော ကပ် ဆိုး အ တွင်း၊ ဖမ်း ဆီး ခံ ရ ကြ၏။ အခန်းကိုကြည့်ပါ။Judson Bible12 လူသည် မိမိကာလအချိန်ကို မသိတတ်။ ဘေးပြုရာ ပိုက်ကွန်အုပ်မိသောငါးကဲ့သို့လည်းကောင်း၊ ကျော့ကွင်း၌ ကျော့မိသောငှက်ကဲ့သို့လည်းကောင်း၊ လူသားတို့သည် ဘေးပြုရာကာလထဲသို့ အမှတ်တမဲ့ရောက်၍ ကျော့မိတတ်ကြ၏။ အခန်းကိုကြည့်ပါ။ |
အကြောင်းမူကား လူသားတို့ကြုံတွေ့ရသောအဖြစ်နှင့် တိရစ္ဆာန်တို့ကြုံတွေ့ရသောအဖြစ်သည် တစ်ခုတည်းဖြစ်၍ တစ်မျိုးသည် သေရသကဲ့သို့ အခြားတစ်မျိုးလည်း သေရ၏။ ၎င်းတို့အားလုံး၌ တူညီသောထွက်သက်ဝင်သက်ရှိ၏။ သို့ဖြစ်၍ လူသည် တိရစ္ဆာန်ထက် သာလွန်သည်မဟုတ်။ အကြောင်းမူကား ခပ်သိမ်းသောအရာသည် အချည်းနှီးဖြစ်၏။