၄ ရာ 7:2 - မြန်မာ့စံမီသမ္မာကျမ်း
2 ထိုအခါ ဘုရင့်လက်ရုံးဖြစ်သူ တပ်မှူးက ဘုရားသခင်၏လူအား “ထာဝရဘုရားက မိုးကောင်းကင်ပြတင်းပေါက်များကို ဖွင့်ပေးမည်ဆိုလျှင်ပင် ဤသို့ဖြစ်နိုင်မည်လော”ဟု ဆိုလျှင် ဧလိရှဲက သူ့အား “သင်သည် ထိုအရာတို့ကို ကိုယ့်မျက်စိနှင့်မြင်ရုံမျှသာမြင်ရမည်။ စားရမည်မဟုတ်”ဟု ပြန်ပြောလေ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
2 မင်းကြီး၏သက်တော်စောင့်အဖြစ်ဖြင့် လိုက်ပါ လာသည့်တပ်မှူးက``အကယ်၍ထာဝရဘုရား ကိုယ်တော်တိုင်ပင်လျှင်မိုးကိုချက်ချင်းရွာစေ ကာမူ ဤသို့ဖြစ်နိုင်လိမ့်မည်မဟုတ်'' ဟုပြော၏။ ဧလိရှဲက``သင်သည်ဤသို့ဖြစ်ပျက်သည်ကို တွေ့မြင်ရမည်ဖြစ်သော်လည်း စားရလိမ့်မည် မဟုတ်'' ဟုပြန်ပြောလေ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
2 လက် ကို ဘု ရင် မင်း တံ ကဲ ပြု လေ့ ရှိ သော စစ် ကဲ က၊ ထာ ဝ ရ ဘု ရား သည် မိုး ကောင်း ကင် ပြွန် ဝ ကို ဖွင့် တော် မူ မှ သာ ဤ အ မှု ဖြစ် လိမ့် တ ကား ဟု ဘု ရား သ ခင့် လူ ယုံ တော် အား ပြက် ရယ် ဆို သော် သင် သည် မျက် စိ နှင့် မြင် ရ သော် လည်း စား ရ မည် မ ဟုတ် ဟု ပြန် ဆို၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
2 ရှင်ဘုရင်မှီခြင်းကိုခံရသောအမတ်က၊ ထာဝရဘုရားသည် မိုးကောင်းကင်၌ ပြတင်းပေါက်တို့ကို ဖွင့်လှစ်တော်မူလျှင်၊ ထိုသို့ဖြစ်နိုင်ကောင်းသည်ဟု ဘုရားသခင်၏လူအားဆိုသော်၊ ဘုရားသခင်၏လူက၊ သင်သည် ကိုယ်မျက်စိနှင့် မြင်ရသော်လည်း မစားရဟု ပြန်ပြော၏။
အခန်းကိုကြည့်ပါ။ ကော်ပီ