ယေရမိ 11:19 - မြန်မာ့စံမီသမ္မာကျမ်း
19 ငါသည် သတ်ရန်ခေါ်ဆောင်သွားသည့် နူးညံ့သောသိုးသငယ်ကဲ့သို့ဖြစ်၏။ “သူ၏အပင်ကို အသီးနှင့်တကွ ဖျက်ဆီးကြကုန်စို့။ သူ၏အမည်ကို နောက်ထပ်အမှတ်မရစေရန် လူ့လောကမှ သူ့ကိုဖယ်ရှားကြကုန်စို့”ဟု ဆိုလျက် ငါ့ကို လျှို့ဝှက်ကြံစည်နေကြသည်ကို ငါမသိခဲ့ပေ။
အခန်းကိုကြည့်ပါ။ ကော်ပီ
19 ငါသည်သတ်ရန်ထုတ်ဆောင်သွားသည့် သိုး ငယ်ကဲ့သို့ယုံကြည်စိတ်ချတတ်သူဖြစ်ပေ သည်။ ငါ့ကိုသူတို့မကောင်းကြံလျက်နေ ကြကြောင်းကိုငါမသိ။ သူတို့က``စိမ်းလန်း စိုပြေလျက်နေချိန်၌ သစ်ပင်ကိုခုတ်လှဲ ကြကုန်အံ့။ သူ့အားနောင်အခါအဘယ်သူ မျှသတိမရကြစေရန် သူ့ကိုငါတို့သတ် ဖြတ်ကြကုန်အံ့'' ဟုဆိုကြ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
19 ထို သူ တို့ က၊ အ မည် ကို မျှ နောင် သ တိ မ ရ ကြ စေ ခြင်း ငှာ၊ အ ပင် နှင့် အ သီး ပါ ဖျက် ဆီး လျက်၊ ရုပ် သက် ရှင် သော လူ့ ဘောင် မှ ပယ် ရှား ကြ ကုန် အံ့ ဟု ကြံ စည် သော အ ချက် များ ကို မ သိ ဘဲ၊ သတ် ရန် ဆွဲ ငင် သော သိုး ယဉ် ကဲ့ သို့ ငါ နေ နှင့် ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
19 အသေသတ်ခြင်းငှာဆောင်သွားသော သိုးသငယ်ယဉ်ကဲ့သို့ ငါဖြစ်၏။ သူတို့က၊ သူ၏နာမကို ရှင်းရှင်းပျောက်စေခြင်းငှာ၊ အသီးအကင်းနှင့်တကွ အပင်ကိုရှင်းရှင်းဖျက်၍၊ အသက်ရှင်သောသူတို့၏နေရာမှ သူ့ကို ပယ်ဖြတ်ကြကုန်အံ့ဟု၊ ငါ့တစ်ဖက်၌ မကောင်းသောအကြံနှင့် ကြံစည်ကြောင်းကို ငါမသိ။
အခန်းကိုကြည့်ပါ။ ကော်ပီ