ဤမြို့နှင့်မြို့သားတို့ကို ထိတ်လန့်စရာ၊ ကျိန်ဆဲစရာဖြစ်စေမည်ဟု ငါဆိုသည်ကို သင်ကြားရသောအခါ သင်သည် နှလုံးကြေကွဲလျက်၊ ကိုယ်ကိုနှိမ့်ချလျက်၊ ကိုယ့်အဝတ်ကို ဆုတ်လျက် ငါထာဝရဘုရားရှေ့တော်တွင် ငိုကြွေးသည်ကို ငါကြားပြီ။
ယေရုရှလင်မြို့နှင့်တကွမြို့သူမြို့သားတို့ အား ဒဏ်ခတ်ရန်ငါခြိမ်းခြောက်သည်ကိုကြား သိသောအခါ သင်သည်ငိုကြွေးကာမိမိအဝတ် ကိုဆုတ်ပြီးလျှင် နောင်တရ၍ငါ၏ရှေ့တော် တွင်စိတ်နှိမ့်ချလျက်နေ၏။ ငါသည်ဤမြို့ကို ပျက်ပြုန်းစေမည်။ ဤမြို့၏နာမည်သည် လူတို့ ကျိန်ဆဲရာလက်သုံးစကားဖြစ်လိမ့်မည်။ သို့ ရာတွင်ငါသည်သင်၏ဆုတောင်းပတ္ထနာကို နားညောင်းတော်မူပြီ။-
ဤအရပ်သားတို့သည် ဖျက်ဆီးရာနှင့် ကျိန်ဆဲရာဖြစ်ရကြလိမ့်မည်ဟု ဤအရပ်ကိုလည်းကောင်း၊ ဤအရပ်သားတို့ကိုလည်းကောင်း၊ ငါခြိမ်းခြောက်သောစကားကို သင်သည် ကြားသောအခါ၊ နူးညံ့သောစိတ်ရှိ၍ ထာဝရဘုရားရှေ့တော်၌ ကိုယ်ကိုနှိမ့်ချခြင်း၊ ကိုယ်အဝတ်ကိုဆုတ်ခြင်း၊ ငါ့ရှေ့မှာ ငိုကြွေးခြင်းကိုပြုသောကြောင့် သင့်စကားကို ငါနားထောင်၏။
“အာဟပ်မင်းကြီးသည် ငါ့ရှေ့တော်တွင် ကိုယ်ကိုအလွန်နှိမ့်ချသည်ကို သင်မြင်သလော။ ထိုသို့ ငါ့ရှေ့တော်တွင် ကိုယ်ကိုနှိမ့်ချသောကြောင့် သူ့လက်ထက်တွင် ထိုဘေးဆိုးနှင့်မကြုံတွေ့စေရ။ သူ့သားလက်ထက်မှ သူ့အမျိုးအနွယ်ကို ထိုဘေးဆိုးနှင့်ကြုံတွေ့စေမည်”ဟု မိန့်ဆို၏။
အာမုတ်၏သားဟေရှာယသည်လည်း ဟေဇကိမင်းကြီးထံသို့လူလွှတ်၍ “အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက ‘သင်သည် အဆီးရီးယားဘုရင်သနာခရိပ်မင်းကြီးနှင့်ပတ်သက်၍ ငါ့ထံဆုတောင်းသောအရာကို ငါကြားရပြီ’ဟု မိန့်တော်မူ၏။
“ငါ့လူမျိုးတော်ကို အုပ်ချုပ်သောဟေဇကိမင်းကြီးထံသို့ ပြန်သွားပြီးလျှင် သင့်ဘိုးဘေးဒါဝိဒ်မင်းကြီး၏ဘုရားသခင် ထာဝရဘုရားက ‘သင့်ဆုတောင်းသံကို ငါကြားပြီ။ သင့်မျက်ရည်ကို ငါမြင်ပြီ။ သင့်ကို ငါပြန်လည်ကျန်းမာလာစေမည်။ သုံးရက်မြောက်လျှင် သင်သည် ထာဝရဘုရား၏အိမ်တော်သို့ တက်သွားနိုင်လိမ့်မည်။
ရှင်ဘုရင်သည် ထိုပညတ်တရားကျမ်းစာလိပ်၌ပါသောစကားတော်များကို ကြားရသောအခါ မိမိအဝတ်ကိုဆုတ်ဖြဲလေ၏။
သို့သော် ဟေဇကိမင်းကြီးနှင့် ဂျေရုဆလင်မြို့သားတို့သည် ဘဝင်မြင့်ရာမှ မိမိကိုယ်ကိုနှိမ့်ချကြသဖြင့် ဟေဇကိမင်းကြီးလက်ထက်တွင် သူတို့အပေါ် ထာဝရဘုရား၏အမျက်တော် မကျရောက်ခဲ့ပေ။
ထိုသို့ ဒုက္ခရောက်သောအခါ မနာရှေမင်းကြီးသည် သူ၏ဘုရားသခင်ထာဝရဘုရား၏မျက်နှာတော်ကို ရှာလျက် ဘိုးဘေးတို့၏ဘုရားသခင်ရှေ့တော်တွင် မိမိကိုယ်ကိုအလွန်နှိမ့်ချလေ၏။
သူ၏ဆုတောင်းချက်၊ သူ့ကိုဘုရားသခင်နားညောင်းတော်မူခြင်း၊ မိမိကိုယ်ကို မနှိမ့်ချမီ သူသစ္စာမဲ့၍ပြုမိခဲ့သောအပြစ်အားလုံး၊ အထွတ်အမြတ်ထားရာနေရာများတည်ခြင်း၊ အာရှရနတ်ဘုရားမတံခွန်တိုင်နှင့် ရုပ်တုများစိုက်ထူခြင်း စသည်တို့ကို ဟောဇဲ၏မှတ်တမ်းတွင် ရေးမှတ်ထားလျက်ရှိ၏။
ခမည်းတော်မနာရှေမင်းကြီးသည် မိမိကိုယ်ကိုနှိမ့်ချခဲ့သော်လည်း အာမုန်မင်းကြီးမူကား ထာဝရဘုရားရှေ့တော်တွင် မိမိကိုယ်ကိုမနှိမ့်ချခဲ့သည်သာမက ပို၍ပင်အပြစ်ပြုသေး၏။
ဤမြို့နှင့်မြို့သားတို့အား ဆန့်ကျင်သောနှုတ်ကပတ်တော်ကို သင်ကြားရသောအခါ သင်သည် နှလုံးကြေကွဲလျက် ဘုရားသခင်ရှေ့တော်တွင် မိမိကိုယ်ကိုနှိမ့်ချလေပြီ။ သင်သည် ငါ့ရှေ့မှောက်တွင် မိမိကိုယ်ကိုနှိမ့်ချလျက်၊ ကိုယ့်အဝတ်ကိုဆုတ်လျက် ငါ့ရှေ့မှောက်၌ငိုကြွေးသည်ကို ငါကြားပြီ။
ထိုသို့ ဧဇရသည် ဘုရားသခင်၏အိမ်တော်ရှေ့တွင် မျက်ရည်ကျလျက် ပျပ်ဝပ်၍ အပြစ်ဝန်ချတောင်းပန်နေစဉ် ယောက်ျား၊ မိန်းမ၊ ကလေးသူငယ်များပါမကျန် အစ္စရေးလူအုပ်ကြီးသည် သူ့ထံလာ၍ အော်ဟစ်ငိုကြွေးကြလေ၏။
ထိုစကားကို ငါကြားလျှင် ရက်ပေါင်းများစွာထိုင်၍ငိုကြွေးမြည်တမ်းလျက်၊ အစာရှောင်လျက် ကောင်းကင်ဘုံရှင်ဘုရားသခင်ထံ ဆုတောင်းလျက်နေလေ၏။
လူအပေါင်းတို့သည် ပညတ်တရားစကားများကို ကြားရသောအခါ ငိုကြွေးကြ၏။ ထို့ကြောင့် ဘုရင်ခံနေဟမိ၊ ကျမ်းပြုဆရာယဇ်ပုရောဟိတ်ဧဇရနှင့် လူတို့အား အဓိပ္ပာယ်ကိုရှင်းပြသောလေဝိသားတို့က “ယနေ့သည် သင်တို့၏ဘုရားသခင်ထာဝရဘုရားအဖို့ သန့်ရှင်းသောနေ့ ဖြစ်၏။ ထို့ကြောင့် မညည်းတွားကြနှင့်၊ မငိုကြွေးကြနှင့်”ဟု လူအပေါင်းတို့အား ဆို၏။
ကိုယ်တော်ကိုကြောက်ရွံ့၍ အကျွန်ုပ်အသားသည် တဆတ်ဆတ်တုန်နေပါ၏။ ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်တို့ကိုလည်း အကျွန်ုပ်ကြောက်ရွံ့ပါ၏။
လူတို့သည် ကိုယ်တော်၏တရားတော်ကို မစောင့်ထိန်းကြသောကြောင့် အကျွန်ုပ်၏မျက်စိတို့မှ မျက်ရည်ချောင်းများစီးဆင်းပါ၏။
ဘုရားသခင်နှစ်သက်တော်မူသောယဇ်များမှာ ကျိုးပဲ့သောစိတ်သဘောဖြစ်ပါ၏။ အို ဘုရားသခင်၊ ကိုယ်တော်သည် ကျိုးပဲ့ကြေမွသောစိတ်နှလုံးကို မထီမဲ့မြင်ပြုတော်မူမည်မဟုတ်ပါ။
ထိုအခါ ကိုယ်တော်သည် ဖြောင့်မတ်ခြင်းယဇ်များတည်းဟူသော မီးရှို့ရာယဇ်နှင့် တစ်ကောင်လုံးရှို့ရသောယဇ်ကို နှစ်သက်တော်မူလိမ့်မည်။ ထိုအခါ လူတို့သည် နွားထီးတို့ကို ကိုယ်တော်၏ယဇ်ပလ္လင်ပေါ်တွင် ပူဇော်ကြပါလိမ့်မည်။
မောရှေနှင့်အာရုန်တို့သည်လည်း ဖာရောမင်းကြီးထံသို့ဝင်၍ “ဟေဗြဲလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရားက ‘သင်သည် ငါ့ရှေ့၌ ကိုယ့်ကိုယ်ကိုယ် မနှိမ့်ချဘဲ မည်မျှကြာအောင်တင်းခံနေမည်နည်း။ ငါ၏လူမျိုးတော်သည် ငါ့ကိုဝတ်ပြုရန် သူတို့ကိုလွှတ်လော့။
စိတ်နှလုံးမာကျောသောသူတို့၊ ငါ့စကားကို နားထောင်ကြလော့။ ဖြောင့်မတ်ခြင်းနှင့်ဝေးသောသူတို့၊ ငါ့စကားကို နားထောင်ကြလော့။
မြင့်မြတ်၍ချီးမြှောက်ခြင်းခံတော်မူသော၊ ထာဝရအသက်ရှင်တော်မူသော၊ သန့်ရှင်းခြင်းဟု နာမရှိတော်မူသောအရှင်က “ငါသည် စိတ်နှလုံးကျိုးပဲ့ကြေမွသောသူ၊ စိတ်နှိမ့်ချသောသူတို့နှင့်အတူ အထွတ်အမြတ်ထားရာအရပ်၊ သန့်ရှင်းသောအရပ်၌ ကိန်းဝပ်၏။ စိတ်အားငယ်သောသူ၊ စိတ်နှလုံးကျိုးပဲ့ကြေမွသောသူတို့ကို အားဖြည့်ပေးရန် သူတို့တွင် ငါကိန်းဝပ်၏။
ထာဝရဘုရားက “အလုံးစုံကို ငါ့လက်ဖြင့်ဖန်ဆင်း၍ အလုံးစုံသည် ဖြစ်တည်လေပြီ။ စိတ်နှိမ့်ချသောသူ၊ နောင်တရသောသူ၊ ငါ့နှုတ်ထွက်စကားကြောင့် စိုးရိမ်ထိတ်လန့်သောသူကို ငါကြည့်ရှုမည်။
ထာဝရဘုရား၏စကားတော်ကြောင့် စိုးရိမ်ထိတ်လန့်သောသူတို့၊ စကားတော်ကိုနားထောင်ကြလော့။ သင်တို့ကိုမုန်း၍ ငါ့နာမကြောင့် သင်တို့ကိုနှင်ထုတ်သော ညီအစ်ကိုတို့က ‘သင်တို့ဝမ်းမြောက်သည်ကို ငါတို့မြင်ရမည့်အကြောင်း ထာဝရဘုရားသည် ဘုန်းထင်ရှားပါစေသော’ဟု ကဲ့ရဲ့ပြောဆိုကြ၏။ သို့သော်လည်း သူတို့သည် အရှက်ကွဲကြလိမ့်မည်”ဟု မိန့်တော်မူ၏။
သင်တို့နားမထောင်လျှင် သင်တို့၏မာန်မာနကြောင့် ငါ့စိတ်ဝိညာဉ်သည် ကွယ်ရာ၌ ငိုကြွေးမည်။ ထာဝရဘုရား၏သိုးစုသည် ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသောကြောင့် ငါသည် ဝမ်းနည်းပက်လက်ငိုကြွေးမည်၊ မျက်ရည်ဖြိုင်ဖြိုင်စီးကျမည်။
ထို့ကြောင့် သင်သည် သူတို့အား ‘ငါ့လူမျိုးသမီးပျိုသည် ကျိုးပဲ့ကြေမွသောဒဏ်ရာရ၍ ပြင်းထန်စွာဝေဒနာခံစားရသောကြောင့် ငါသည် အငိုမရပ်၊ နေ့နေ့ညညငိုမည်။
ဤအိမ်တော်ကို ရှိလောအရပ်ကဲ့သို့ ငါဖြစ်စေမည်။ ဤမြို့ကိုလည်း မြေကြီးပေါ်ရှိ လူမျိုးတကာတို့ ကျိန်ဆဲရာမြို့ဖြစ်စေမည်’ဟူ၍ မိန့်တော်မူသည်”ဟု ဆင့်ဆိုလော့။
မိက္ခာယသည် လူအားလုံးကြားသိစေရန် ဗာရုတ်ဖတ်ပြခဲ့သော စာလိပ်ပါအကြောင်းအရာများကို မိမိကြားခဲ့သည့်အတိုင်း သူတို့အား ပြောပြလေ၏။
ထိုစကားအလုံးစုံတို့ကိုကြားရသော ရှင်ဘုရင်နှင့် သူ၏အစေအပါးအားလုံးတို့သည် ကြောက်ရွံ့တုန်လှုပ်ခြင်းမရှိကြ၊ အဝတ်ကိုမဆုတ်ကြ။
သင်တို့၏ဆိုးညစ်သောလုပ်ရပ်၊ သင်တို့ပြုသော စက်ဆုပ်ရွံရှာဖွယ်အမှုများကို ထာဝရဘုရားသည် ဆက်၍သည်းမခံနိုင်တော့ပေ။ ထို့ကြောင့် သင်တို့ပြည်သည် ယခုကဲ့သို့ ပြိုပျက်ရာ၊ ထိတ်လန့်စရာ၊ ကျိန်ဆဲစရာ၊ လူသူကင်းမဲ့ရာ ဖြစ်လေပြီ။
မည်သူသည် ငါ့ခေါင်းကို ရေတွင်းဖြစ်စေမည်နည်း။ မည်သူသည် ငါ့မျက်စိကို မျက်ရည်ထွက်သောစမ်းဖြစ်စေမည်နည်း။ သို့ဖြစ်လျှင် အသတ်ခံရသောငါ့လူမျိုးသမီးပျိုအတွက် ငါသည် နေ့ညမပြတ်ငိုကြွေးနိုင်လိမ့်မည်။
ထိုအခါ ထာဝရဘုရားက သူ့အား “ဂျေရုဆလင်မြို့လယ်ခေါင်သို့ သွားလော့။ မြို့လယ်ခေါင်တွင် စက်ဆုပ်ရွံရှာဖွယ်လုပ်ရပ်များအတွက် ညည်းတွားမြည်တမ်းသူများ၏နဖူးကို အမှတ်အသားပြုထားခဲ့လော့”ဟု မိန့်တော်မူ၏။
အို အချင်းလူ၊ မည်သည့်အရာကောင်းမြတ်သည်ကို သင့်အားပြောပြတော်မူပြီ။ စင်စစ် တရားမျှတစွာပြုကျင့်ခြင်း၊ မေတ္တာကရုဏာကို မြတ်နိုးခြင်း၊ ဘုရားသခင်ရှေ့တော်၌ စိတ်နှိမ့်ချစွာအသက်ရှင်လျှောက်လှမ်းခြင်း မှတစ်ပါး သင့်အား မည်သည့်အရာကို ထာဝရဘုရား တောင်းဆိုတော်မူသနည်း။
ထိုအခါ မောရှေရှေ့မှောက်၊ တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၌ ငိုကြွေးနေကြသော အစ္စရေးအမျိုးသားလူထုအပေါင်းတို့ရှေ့မှောက်မှာပင် အစ္စရေးအမျိုးသားတစ်ဦးသည် မိမိအမျိုးသားချင်းတို့ထံ မိဒျန်အမျိုးသမီးတစ်ယောက်ကို ခေါ်ဆောင်လာ၏။
ထို့နောက် ကိုယ်တော်သည် ဂျေရုဆလင်မြို့အနီးသို့ရောက်လာ၍ ထိုမြို့ကိုမြင်တော်မူလျှင် ၎င်းအတွက် ငိုကြွေးလျက်
‘ထိုပြည်တစ်ပြည်လုံးသည် ကန့်နှင့်ဆား မီးလောင်ထားသကဲ့သို့ဖြစ်၍ မျိုးကြဲ၍မရ၊ အစို့အညှောက်မထွက်နိုင်၊ မြက်ပင်လည်းမပေါက်နိုင်ဘဲ ထာဝရဘုရား၏ပြင်းစွာသောဒေါသအမျက်တော်ဖြင့်ဖြိုလှဲခဲ့သည့် သောဒုံမြို့၊ ဂေါမောရမြို့၊ အာဒမာမြို့၊ ဇေဘိုင်မြို့တို့၏ပျက်စီးခြင်းကဲ့သို့ ဖြစ်လေပြီ’ဟု ဆိုကြလိမ့်မည်။
အစ္စရေးအမျိုးသား လူအပေါင်းတို့သည်လည်း ဗေသလမြို့သို့ တက်သွားပြီး ထာဝရဘုရားရှေ့တော်တွင် ထိုင်၍ငိုကြွေးကြ၏။ ထိုနေ့ နေဝင်သည်အထိ အစာရှောင်လျက် ထာဝရဘုရားအား မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်များကို ပူဇော်ကြ၏။
သို့သော် ဒါဝိဒ်သည် ထိုသို့ ရှောလုမင်းကြီး၏ဝတ်လုံစွန်းကိုဖြတ်မိသည့်အတွက် စိတ်မကောင်းဖြစ်လျက် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိလေ၏။