ယေရမိ 14:17 - မြန်မာ့စံမီသမ္မာကျမ်း17 ထို့ကြောင့် သင်သည် သူတို့အား ‘ငါ့လူမျိုးသမီးပျိုသည် ကျိုးပဲ့ကြေမွသောဒဏ်ရာရ၍ ပြင်းထန်စွာဝေဒနာခံစားရသောကြောင့် ငါသည် အငိုမရပ်၊ နေ့နေ့ညညငိုမည်။ အခန်းကိုကြည့်ပါ။Common Language Bible17 ငါ၏ကြေကွဲမှုကိုပြည်သူတို့အားဤသို့ ပြောပြရန်ငါ့အားထာဝရဘုရားအမိန့် ပေးတော်မူ၏။ ``ငါ၏မျက်စိများသည်နေ့ညဥ့်မပြတ် မျက်ရည်ထွက်လျက်နေပါစေသော။ ငါ့အမျိုးသားတို့သည်ပြင်းစွာ ဒဏ်ရာရလျက် များစွာနာကျင်လျက်ရှိသဖြင့်၊ငါသည်အဘယ် အခါ၌မျှအငိုမတိတ်နိုင်ဘဲရှိပါစေသော။ အခန်းကိုကြည့်ပါ။Garrad Bible17 သင် က လည်း၊ ငါ့ အ မျိုး သ တို့ သ မီး က ညာ သည်၊ ကျိုး ပဲ့ ပေါက် ကွဲ ခြင်း၊ နာ ကျင် စွာ ဒဏ် ခတ် ခြင်း များ ကို၊ ခံ ရ သည့် အ တွက်၊ နေ့ ညဉ့် မ ဟူ၊ မ ပြတ် မ စဲ မျက် ရည် ကျ လျက် နေ ရ ပါ စေ။ အခန်းကိုကြည့်ပါ။Judson Bible17 သင်သည်လည်း သူတို့အား ပြောရမည့်စကားဟူမူကား၊ ငါသည် နေ့ညမပြတ် မျက်ရည်ကျရမည်။ ငါ၏လူမျိုးသတို့သမီးသည် အလွန်ပြင်းစွာသော ဒဏ်ချက်ကိုခံရ၍ အရိုးများကျိုးလေပြီ။ အခန်းကိုကြည့်ပါ။ |