Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ရာ​ချုပ် 33:19 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 သူ​၏​ဆုတောင်းချက်​၊ သူ့​ကို​ဘုရားသခင်​နားညောင်း​တော်မူ​ခြင်း​၊ မိမိကိုယ်ကို မ​နှိမ့်ချ​မီ သူ​သစ္စာမဲ့​၍​ပြု​မိ​ခဲ့​သော​အပြစ်​အားလုံး​၊ အထွတ်အမြတ်​ထား​ရာ​နေရာ​များ​တည်​ခြင်း​၊ အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​နှင့် ရုပ်တု​များ​စိုက်ထူ​ခြင်း စသည်​တို့​ကို ဟောဇဲ​၏​မှတ်တမ်း​တွင် ရေးမှတ်​ထား​လျက်​ရှိ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

19 မင်း​ကြီး​၏​ဆု​တောင်း​ပတ္ထနာ​နှင့်​ထာ​ဝရ​ဘု​ရား နား​ညောင်း​တော်​မူ​ပုံ၊ သူ​ကူး​လွန်​သည့်​အ​ပြစ် ဒု​စ​ရိုက်​များ​နှင့်​မ​ကောင်း​မှု​များ၊ သူ​တည် ဆောက်​ခဲ့​သည့်​ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န​များ နှင့်​တည်​လုပ်​ခဲ့​သည့် အာ​ရှ​ရ​ဘု​ရား​မ​၏ တံ​ခွန်​တိုင်​များ​နှင့်​သူ​ဝတ်​ပြု​ကိုး​ကွယ်​သည့် ရုပ်​တု​များ​အ​ကြောင်း​ကို ပ​ရော​ဖက်​များ ၏​အတ္ထု​ပ္ပတ္တိ​တွင်​အ​ကုန်​အ​စင်​မှတ်​တမ်း တင်​ထား​သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

19 ဆို ခဲ့ သော ပ ဌ နာ ပြု ချက်၊ နား ညောင်း တော် မူ ချက် များ ပြင်၊ စိတ် မ နှိမ့် ချ မီ သ စ္စာ တော် ကို ဖောက် ကျော်၍ ပြစ် မှား ချက် များ၊ မြင့် ရာ ဌာ န မှ စ သော တံ ခွန် တိုင် နှင့် ရုပ် တု များ ကို တည် လုပ် ခဲ့ သော အ ရပ် များ သည်၊ ဆ ရာ တော် တို့ အ တ္ထု ပ္ပ တ္တိ တွင် တင် သွင်း လျက် ရှိ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

19 သူ​ဆု​တောင်း​ခြင်း၊ ဘု​ရား​သ​ခင်​နား​ထောင်​တော်​မူ​ခြင်း၊ အ​မှု​မ​ရောက်​မီ ပြစ်​မှား​လွန်​ကျူး​ခြင်း၊ မြင့်​သော​အ​ရပ်​တို့​ကို တည်​ခြင်း၊ အာ​ရှ​ရ​ပင်​နှင့် ရုပ်​တု​ဆင်း​တု​တို့​ကို တည်​ထောင်​ခြင်း​အ​ရာ​တို့​သည်၊ ဟော​ဇဲ၏​ကျမ်း​စ​ကား​တွင် ရေး​ထား​လျက်​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ရာ​ချုပ် 33:19
17 ပူးပေါင်းရင်းမြစ်များ  

သို့သော် အာရှာ​နယ်​၊ မနာရှေ​နယ်​နှင့်​ဇာဗုလုန်​နယ်​မှ လူ​အချို့​တို့​သည် မိမိကိုယ်ကို​နှိမ့်ချ​၍ ဂျေရုဆလင်​မြို့​သို့​ရောက်လာ​ကြ​၏​။


မနာရှေ​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ​အိပ်ပျော်​၍ သူ့​ကို သူ့​နန်းတော်​တွင် သင်္ဂြိုဟ်​ကြ​၏​။ သူ​၏​သား​တော်​အာမုန်​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။


ခမည်းတော်​မနာရှေ​မင်းကြီး​သည် မိမိကိုယ်ကို​နှိမ့်ချ​ခဲ့​သော်လည်း အာမုန်​မင်းကြီး​မူကား ထာဝရဘုရား​ရှေ့​တော်​တွင် မိမိကိုယ်ကို​မ​နှိမ့်ချ​ခဲ့​သည်​သာမက ပို၍ပင်​အပြစ်ပြု​သေး​၏​။


သူ​သည် သူ​၏​ဘုရားသခင်​ထာဝရဘုရား​ရှေ့​တော်​တွင် မကောင်းမှု​ကို​ပြု​၏​။ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​ကို ဆင့်ဆို​သော​ပရောဖက်​ယေရမိ​ရှေ့​တွင် မိမိကိုယ်ကို​နှိမ့်ချ​ခြင်း​မ​ရှိ​။


အကျွန်ုပ်​သည် ဒုက္ခဝေဒနာ​မ​ခံစား​ရ​မီ လမ်းလွဲ​ခဲ့​ပါ​၏​။ ယခု​မူကား ကိုယ်တော်​၏​မိန့်​တော်မူ​ချက်​ကို စောင့်ထိန်း​ပါ​၏​။


ဒုက္ခဝေဒနာ​ခံစား​ရ​ခြင်း​သည် အကျွန်ုပ်​အတွက် ကောင်း​ပါ​၏​။ သို့မှ ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​ကို အကျွန်ုပ်​သင်ယူ​နိုင်​မည်​။


အို ထာဝရဘုရား​၊ ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​တို့​သည် ဖြောင့်မတ်​ကြောင်း​ကို​လည်းကောင်း​၊ ကိုယ်တော်​သည် အကျွန်ုပ်​ကို သစ္စာ​တော်​နှင့်အညီ ဒုက္ခဝေဒနာ​ခံစား​စေ​တော်မူ​ကြောင်း​ကို​လည်းကောင်း အကျွန်ုပ်​သိ​ပါ​၏​။


သင်​သည် သူ​တို့​၏​ယဇ်ပလ္လင်​များ​ကို ဖြိုဖျက်​ပစ်​၍ သူ​တို့​၏​ကျောက်တိုင်​များ​ကို ဖြိုလှဲ​ရ​မည်​။ အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​များ​ကို​လည်း ခုတ်လှဲ​ရ​မည်​။


ဆိုးယုတ်​သော​သူ​တို့​၏​ယဇ်ကောင်​ကို ထာဝရဘုရား​စက်ဆုပ်ရွံရှာ​တော်မူ​၏​။ ဖြောင့်မှန်​သော​သူ​တို့​၏​ဆုတောင်းချက်​ကို​ကား ကိုယ်တော်​နှစ်သက်​တော်မူ​၏​။


ရှင်ဘုရင်​နှင့်​မယ်တော်​အား “​သင်​တို့​၏​ဘုန်း​သရဖူ​သည် သင်​တို့​၏​ခေါင်း​မှ ပြုတ်ကျ​ပြီ​ဖြစ်၍ နိမ့်ကျ​သော​နေရာ​၌ ထိုင်​လော့​”​ဟု ပြော​လော့​။


ယနေ့​တိုင်အောင် သူ​တို့​သည် နှိမ့်ချ​သော​စိတ်​၊ ကြောက်ရွံ့​သော​စိတ် မ​ရှိ​ကြ​။ သင်​တို့​နှင့်​သင်​တို့​၏​ဘိုးဘေး​တို့​အား ငါ​ချမှတ်​ပေး​ထား​သော​ပညတ်တရား​နှင့် ပြဋ္ဌာန်းချက်​များ​ကို သူ​တို့​မ​လိုက်လျှောက်​ကြ’​ဟု မိန့်​တော်မူ​၏​။


အကျွန်ုပ်​အသံ​ကို ကိုယ်တော်​ကြား​တော်မူ​ပါ​ပြီ​။ “​အကျွန်ုပ်​အကူအညီ​အော်ဟစ်တောင်းဆို​သောအခါ နား​တော်​ကို ပိတ်​ထား​တော်​မ​မူ​ပါ​နှင့်​။​”


သို့သော် သူ​၏​သား​တော်​ဖြစ်​သူ အရှင်​ဗေလရှာဇာ​၊ သင်​သည် ထို​အမှု​အလုံးစုံ​ကို သိ​လျက်ပင် စိတ်နှလုံး​မ​နှိမ့်ချ​ဘဲ


သခင်​ဘုရား​က​လည်း“သင်​သည်​ထ​၍ လမ်းဖြောင့်​ဟု​ခေါ်​သော လမ်းကြား​တစ်​ခု​သို့​သွား​ပြီးလျှင် ရှောလု​အမည်​ရှိ​သော တာရှု​မြို့သား​ကို ယုဒ​၏​အိမ်​၌ မေးမြန်း​ရှာဖွေ​လော့။ အကြောင်းမူကား သူ​သည် ဆုတောင်း​လျက်​နေ​၍


ထို့ပြင် ဆု​ကျေးဇူး​သည် တစ်​ယောက်​သော​သူ​က အပြစ်​ပြု​သောကြောင့် ဖြစ်​လာ​သည့်​အရာ​ကဲ့သို့​မ​ဟုတ်​ပေ။ အကြောင်းမူကား ကျူးလွန်​သော​အပြစ်​တစ်​ခု​ကြောင့်​ဖြစ်လာ​သည့် တရား​စီရင်​ခြင်း​သည် ပြစ်ဒဏ်​စီရင်​ခြင်း​သို့​ရောက်​စေ​၏။ သို့သော် ကျူးလွန်​သော​အပြစ်​များစွာ​ကြောင့်​ဖြစ်လာ​သည့် ဆု​ကျေးဇူး​မူကား ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​သို့​ရောက်​စေ​၏။


ငါ​တို့​သည် ကိုယ့်​အပြစ်​များ​ကို​ဖော်ပြ​ဝန်ခံ​လျှင် ဘုရားသခင်​သည် သစ္စာ​နှင့်​ပြည့်စုံ​၍ ဖြောင့်မတ်​သော​အရှင်​ဖြစ်​တော်မူ​သောကြောင့် ငါ​တို့​၏​အပြစ်​များ​ကို​ခွင့်လွှတ်​ပြီး ငါ​တို့​ကို မတရားမှု​ရှိသမျှ​တို့​မှ စင်ကြယ်​စေ​တော်မူ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ