Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 9:4 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 ထိုအခါ ထာဝရဘုရား​က သူ့​အား “​ဂျေရုဆလင်​မြို့​လယ်ခေါင်​သို့ သွား​လော့​။ မြို့​လယ်ခေါင်​တွင် စက်ဆုပ်ရွံရှာဖွယ်​လုပ်ရပ်​များ​အတွက် ညည်းတွား​မြည်တမ်း​သူ​များ​၏​နဖူး​ကို အမှတ်အသား​ပြု​ထား​ခဲ့​လော့​”​ဟု မိန့်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

4 ``သင်​သည်​ယေ​ရု​ရှ​လင်​မြို့​တစ်​လျှောက်​လုံး တွင်​လှည့်​လည်​ကာ ယ​ခု​လူ​တို့​ပြု​ကျင့်​လျက် ရှိ​သော​စက်​ဆုပ်​ဖွယ်​ရာ​အ​မှု​များ​ကြောင့် ညည်း​တွား​မြည်​တမ်း​နေ​သူ​မှန်​သ​မျှ​၏ န​ဖူး​တွင် အ​မှတ်​သ​ညာ​ကို​ရေး​မှတ်​လော့'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

4 ထာ ဝ ရ ဘု ရား က ယေ ရု ရှ လင် မြို့ အ တွင်း လျှောက် သွား လျက်၊ ထို မြို့၌ ပြု ကျင့် သ မျှ သော ရွံ ရှာ ဖွယ် အ မှု များ အ တွက် မြည် တမ်း ညည်း တွား သူ တို့ န ဖူး ပေါ် တွင်၊ အ မှတ် တင် လော့ ဟု မိန့် တော် မူ ပြီး လျှင်၊ ငါ ကြား ရ သည့် အ တိုင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 ထာ​ဝ​ရ​ဘု​ရား​က၊ ယေ​ရု​ရှ​လင်​မြို့​အ​လယ်၌ လျှောက်​သွား​လော့။ မြို့​ထဲ၌ ပြု​သ​မျှ​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​အ​မှု​တို့​ကြောင့်၊ ညည်း​တွား​ငို​ကြွေး​သော​သူ​တို့၏ န​ဖူး​ကို​ထိုး​မှတ်​လော့ ဟူ၍​လည်း​ကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 9:4
29 ပူးပေါင်းရင်းမြစ်များ  

ထာဝရဘုရား​က​လည်း “​သို့ဖြစ်လျှင် မည်သူမဆို ကာဣန​ကို​သတ်​လျှင် ခုနစ်ဆ​သော​လက်တုံ့ပြန်​ခြင်း​ကို ခံ​ရ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။ ကာဣန​ကို​တွေ့​သော​သူ​တစ်စုံတစ်ယောက်​မျှ သူ့​ကို​မ​သတ်​မည့်​အကြောင်း ထာဝရဘုရား​သည် သူ​၌ အမှတ်လက္ခဏာ​တစ်​ခု​ကို ထား​တော်မူ​၏​။


“​ငါ​နှင့်​ပြည်သူပြည်သား​တို့​အတွက်​သာမက ယုဒ​အမျိုးသား​အပေါင်း​တို့​အတွက်​ပါ ဤ​တွေ့ရှိ​ထား​သော​ကျမ်း​ပါ​စကား​တော်​များ​နှင့်​ပတ်သက်ပြီး ထာဝရဘုရား​ထံ သွား​၍​မေးမြန်း​ပေး​ကြ​လော့​။ ငါ​တို့​ဘိုးဘေး​တို့​သည် ဤ​ကျမ်း​ပါ​စကား​တော်​အတိုင်း မ​လိုက်နာ​၊ ငါ​တို့​နှင့်ပတ်သက်​ပြီး ရေးထား​သမျှ​တို့​ကို မ​ပြုကျင့်​ကြ​သောကြောင့် ထာဝရဘုရား​သည် ငါ​တို့​ကို ပြင်းစွာ​အမျက်​ထွက်​လေ​ပြီ​”​ဟု မိန့်ဆို​၏​။


လူ​တို့​သည် ကိုယ်တော်​၏​တရားတော်​ကို မ​စောင့်ထိန်း​ကြ​သောကြောင့် အကျွန်ုပ်​၏​မျက်စိ​တို့​မှ မျက်ရည်​ချောင်း​များ​စီးဆင်း​ပါ​၏​။


ကိုယ်တော်​၏​တရားတော်​ကို​စွန့်ပယ်​သည့် ဆိုးယုတ်​သော​သူ​တို့​ကြောင့် ပူလောင်​သော​ဒေါသ​စိတ်​သည် အကျွန်ုပ်​ကို​လွှမ်းမိုး​ပါ​၏​။


သွေး​သည် သင်​တို့​နေ​သော​အိမ်​များ​၌ သင်​တို့​အတွက် အမှတ်လက္ခဏာ​ဖြစ်​လိမ့်မည်​။ ငါ​သည် ထို​သွေး​ကို​မြင်​သောအခါ သင်​တို့​ကို​ကျော်သွား​မည်​။ အီဂျစ်​ပြည်​ကို ငါ​ဒဏ်ခတ်​သောအခါ ဖျက်ဆီး​ခြင်း​ဘေးဒဏ်​သည် သင်​တို့​အပေါ်​သို့ သက်ရောက်​မည်​မ​ဟုတ်​။


အကြောင်းမူကား ထာဝရဘုရား​သည် အီဂျစ်​လူမျိုး​တို့​ကို ဒဏ်ခတ်​ရန် ဖြတ်သွား​သောအခါ တံခါးထုပ်​နှင့် တံခါးတိုင်​နှစ်​ဖက်​၌ သွေး​ကို​မြင်​လျှင် ထာဝရဘုရား​သည် ထို​တံခါး​ကို​ကျော်သွား​မည်​။ ဖျက်ဆီး​သော​သူ​ကို​လည်း သင်​တို့​၏​အိမ်​ထဲသို့​ဝင်​၍ သင်​တို့​ကို​ဒဏ်ခတ်​ခွင့်​ပေး​တော်မူ​မည်​မ​ဟုတ်​။


သွေး​ကို​ယူ​ပြီးလျှင် သိုးသငယ်​ကို​စား​သော​သူ​တို့​နေ​သော​အိမ်​များ​၏​တံခါးတိုင်​နှစ်​ဖက်​နှင့် တံခါးထုပ်​တို့​၌ သုတ်လိမ်း​ရ​မည်​။


မြင့်မြတ်​၍​ချီးမြှောက်​ခြင်း​ခံ​တော်မူ​သော​၊ ထာဝရ​အသက်ရှင်​တော်မူ​သော​၊ သန့်ရှင်း​ခြင်း​ဟု နာမ​ရှိ​တော်မူ​သော​အရှင်​က “​ငါ​သည် စိတ်နှလုံး​ကျိုးပဲ့ကြေမွ​သော​သူ​၊ စိတ်နှိမ့်ချ​သော​သူ​တို့​နှင့်အတူ အထွတ်အမြတ်​ထား​ရာ​အရပ်​၊ သန့်ရှင်း​သော​အရပ်​၌ ကိန်းဝပ်​၏​။ စိတ်အားငယ်​သော​သူ​၊ စိတ်နှလုံး​ကျိုးပဲ့ကြေမွ​သော​သူ​တို့​ကို အားဖြည့်ပေး​ရန် သူ​တို့​တွင် ငါ​ကိန်းဝပ်​၏​။


သင်​တို့​နား​မ​ထောင်​လျှင် သင်​တို့​၏​မာန်မာန​ကြောင့် ငါ့​စိတ်ဝိညာဉ်​သည် ကွယ်​ရာ​၌ ငိုကြွေး​မည်​။ ထာဝရဘုရား​၏​သိုးစု​သည် ဖမ်းဆီးခေါ်ဆောင်​သွား​ခြင်း​ခံရ​သောကြောင့် ငါ​သည် ဝမ်းနည်းပက်လက်​ငိုကြွေး​မည်​၊ မျက်ရည်​ဖြိုင်ဖြိုင်စီးကျ​မည်​။


သို့ဖြစ်၍ အချင်း​လူသား​၊ ညည်းတွား​လော့​။ သူ​တို့​ရှေ့​တွင် နှလုံးကြေကွဲ​စွာ​၊ ခါးသီး​စွာ ညည်းတွား​လော့​။


ဘုရားရှင်​ထာဝရဘုရား​က ‘သင်​သည် လက်ခုပ်တီး​လျက်​၊ ခြေ​ကို​ဆောင့်​လျက် အလို​၊ အစ္စရေး​အမျိုးအနွယ်​တို့​ပြု​ခဲ့​သော စက်ဆုပ်ရွံရှာဖွယ်​မကောင်းမှု​များ​ကြောင့် ဓားဘေး​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​၊ ကပ်ရောဂါ​ဘေး​တို့​ဖြင့် သေ​ကြ​ရ​တော့​မည်​ဟု ဆို​လော့​။


အခြားသူ​တို့​ကို​လည်း “​သူ့​နောက်သို့​လိုက်​၍ မြို့​လယ်ခေါင်​မှ လူ​တို့​ကို​သတ်​လော့​။ သူ​တို့​ကို လုံးဝ​မ​သနား​နှင့်​၊ မ​ညှာတာ​နှင့်​။


လူကြီး​လူငယ်​၊ အပျို​လူပျို​၊ အမေ​နှင့်​ကလေး​ပါမကျန် သတ်​ပစ်​လော့​။ သို့သော် အမှတ်အသား​ပြု​ထား​ခဲ့​သော​သူ​တစ်ဦးတစ်ယောက်​ကို​မျှ မ​ထိ​ကြ​နှင့်​။ ငါ​၏​သန့်ရှင်းရာဌာန​မှ​စတင်​ပြု​လော့​”​ဟု မိန့်​တော်မူ​၏​။ သူ​တို့​သည် အမိန့်​တော်​အတိုင်း အိမ်​တော်​ရှေ့​ရှိ သက်ကြီးဝါကြီး​တို့​ကို စတင်​သတ်ပစ်​ကြ​လေ​၏​။


ယောသပ်​အမျိုး​ပျက်စီး​သွား​သည်​ကို ဝမ်း​မ​နည်း​ဘဲ အကောင်းဆုံး​ဆီမွှေး​ကို​လိမ်းကျံ​ပြီး စပျစ်ဝိုင်​ကို ဖလား​လိုက်​သောက်​လျက်​နေ​ကြ​၏​။


ထို​ကာလ​၌ ငါ​သည် ဂျေရုဆလင်​မြို့​ကို မီးအိမ်​ထွန်း​၍ ရှာဖွေ​မည်​။ ‘ထာဝရဘုရား​သည် အကောင်း​ကို​လည်း မ​ပြု​၊ အဆိုး​ကို​လည်း မ​ပြု’​ဟု စိတ်ထင်​လျက် မိမိဘာသာ​အားရကျေနပ်​နေ​သော​သူ​တို့​ကို ဒဏ်ခတ်​မည်​။


“သတ်မှတ်​ထား​သော​ပွဲတော်​ကြောင့် ဝမ်းနည်း​နေ​ရ​၍ သင်​၏​ကဲ့ရဲ့​ခြင်း​ဝန်​ကို​လည်း ထမ်း​နေ​ရ​သော​သူ​တို့​ကို ငါ​စုဝေး​မည်​။


ထို​အချိန်​တွင် ထာဝရဘုရား​ကို ကြောက်ရွံ့ရိုသေ​သော​သူ​တို့​အချင်းချင်း​ပြောဆို​သော​စကား​ကို ထာဝရဘုရား​နားထောင်​၍ ကြား​တော်မူ​၏​။ ထာဝရဘုရား​ကို ကြောက်ရွံ့ရိုသေ​ပြီး နာမ​တော်​ကို ကြည်ညို​လေးစား​သော​သူ​တို့​နှင့်​ပတ်သက်၍ ရှေ့​တော်​၌ အောက်မေ့စရာ​မှတ်တမ်း​စာလိပ်​တွင် ရေးမှတ်​ထား​၏​။


ထို​ဘုရားသခင်​သည် ငါ​တို့​ကို​တံဆိပ်​ခတ်နှိပ်​တော်မူ​၍ စရန်​အဖြစ် ငါ​တို့​၏​စိတ်နှလုံး​ထဲ၌ ဝိညာဉ်​တော်​ကို သွင်း​ပေး​တော်မူ​၏။


နောက်တစ်ဖန် ငါ​လာ​သောအခါ ဘုရားသခင်​သည် သင်​တို့​ရှေ့၌ ငါ့​ကို​နှိမ့်ချ​တော်မူ​၍ ယခင်​က အပြစ်​ကျူးလွန်​ခဲ့​လျက်​ပင် မိမိ​တို့​ပြုကျင့်​ခဲ့​သည့် ညစ်ညူး​ခြင်း၊ တရားနှင့်မညီ​မေထုန်ပြု​ခြင်း​နှင့် ကာမဂုဏ်​လိုက်စား​ခြင်း​တို့​ကို နောင်တ​မ​ရ​သေး​သော​သူ​များစွာ​ရှိ​သည့်​အတွက် ငါ​ဝမ်းနည်း​ကြေကွဲ​ရ​မည်​ကို​လည်း ငါ​စိုးရိမ်​၏။


ယခု​မှစ၍ မည်သူမျှ ငါ့​အား အနှောင့်အယှက်​မ​ပေး​ပါစေ​နှင့်။ အကြောင်းမူကား ငါ​သည် ယေရှု​နှင့်ဆိုင်သော​အမှတ်တံဆိပ်​များ​ကို ငါ​၏​ကိုယ်ခန္ဓာ​၌ ဆောင်​ထား​၏။


ဘုရားသခင်​၏​သန့်ရှင်း​သော​ဝိညာဉ်​တော်​ကို ဝမ်း​မ​နည်း​စေ​ကြ​နှင့်။ သင်​တို့​သည် ရွေးနုတ်​ခြင်း​နေ့ရက်​အတွက် ထို​ဝိညာဉ်​တော်​ဖြင့် တံဆိပ်​ခတ်နှိပ်​ခြင်း​ကို​ခံရ​ကြ​၏။


သို့ရာတွင် ဘုရားသခင်​၏​ခိုင်ခံ့​သော​အုတ်မြစ်​သည် တည်မြဲ​လျက်​ရှိ​၍ ထို​အုတ်မြစ်​ပေါ်၌ “ထာဝရ​ဘုရား​သည် မိမိ​လူ​တို့​ကို သိ​တော်မူ​၏”​ဟူ၍​လည်းကောင်း၊ “ထာဝရ​ဘုရား​၏​နာမ​တော်​ကို တိုင်တည်​ခေါ်ဆို​သော​သူ​တိုင်း မတရားမှု​မှ​ဖယ်ခွာ​ကြ​လော့”​ဟူ၍​လည်းကောင်း တံဆိပ်​ခတ်နှိပ်​ထား​၏။


ထို့နောက် ငါ​ကြည့်​လိုက်​ရာ သိုးသငယ်​တော်​သည် ဇိအုန်​တောင်​ပေါ်တွင်​ရပ်​နေ​၏။ သိုးသငယ်​တော်​၏​နာမ​နှင့် ခမည်းတော်​၏​နာမ​တို့​ကို မိမိ​တို့​နဖူး​၌​ရေး​ထား​သော​သူ တစ်သိန်း​လေးသောင်း​လေးထောင်​တို့​သည်​လည်း သူ​နှင့်အတူ​ရှိ​ကြ​၏။


ထို့နောက် ပလ္လင်​များ​နှင့် ၎င်း​တို့​အပေါ်​တွင်​ထိုင်​နေ​သော​သူ​တို့​ကို ငါ​မြင်​ရ​၏။ ထို​သူ​တို့​သည် တရား​စီရင်​ခွင့်​ကို​ရ​ကြ​၏။ တစ်ဖန် ယေရှု​နှင့်ဆိုင်သော​သက်သေခံ​ချက်​အတွက်​လည်းကောင်း၊ ဘုရားသခင်​၏​နှုတ်ကပတ်တော်​အတွက်​လည်းကောင်း ခေါင်းဖြတ်​ခံရ​သော​သူ​တို့​၏​ဝိညာဉ်​များ​မှစ၍ သားရဲ​နှင့်​သားရဲ​၏​ရုပ်တု​ကို​မ​ကိုးကွယ်၊ သူ​၏​အမှတ်တံဆိပ်​ကို​လည်း မိမိ​တို့​၏​နဖူး​၊ သို့မဟုတ် လက်​တွင် မ​ခံယူ​သော​သူ​တို့​ကို ငါ​မြင်​ရ​၏။ သူ​တို့​သည် အသက်​ပြန်​ရှင်​၍ အနှစ်​တစ်ထောင်​ပတ်လုံး ခရစ်တော်​နှင့်အတူ​စိုးစံ​ကြ​၏။


မြေကြီး​ပေါ်​ရှိ​မြက်​ပင်​များ​နှင့် မည်သည့်​စိမ်းလန်း​သော​အရာ​၊ သို့မဟုတ် မည်သည့်​သစ်ပင်​ကို​မျှ ဘေး​မ​သင့်​စေ​ဘဲ နဖူး​ပေါ်တွင် ဘုရားသခင်​၏​တံဆိပ်​တော်​မ​ရှိ​သော​သူ​တို့​ကို​သာ ဘေးသင့်​စေရန် သူ​တို့​အား​မှာထား​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ