၄ ရာ 22:20 - မြန်မာ့စံမီသမ္မာကျမ်း20 ထို့ကြောင့် သင့်ဘိုးဘေးများရှိရာသို့ သင့်ကို ငါစုစည်းမည်။ သင်သည် သင့်သင်္ချိုင်းတွင် ငြိမ်ဝပ်စွာစုစည်းခြင်းခံရလိမ့်မည်။ ဤမြို့သို့ ငါကျရောက်စေမည့်ဘေးအန္တရာယ်တို့ကို သင်မြင်ရမည်မဟုတ်’ဟူ၍ ထာဝရဘုရားမိန့်တော်မူကြောင်းပြောကြားလော့”ဟု ဆို၏။ သူတို့သည်လည်း ပြန်သွား၍ ဤစကားတို့ကို ရှင်ဘုရင်ထံ လျှောက်တင်ကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible20 သို့ဖြစ်၍ယေရုရှလင်မြို့အားငါသင့်စေမည့် ဘေးကို သင်ကိုယ်တိုင်မြင်ရမည်မဟုတ်။ ငါသည် သင့်အားငြိမ်းချမ်းစွာစုတေခွင့်ကိုပေးတော် မူမည်၊ ထိုသူတို့သည်မင်းကြီးအားပြန် လျှောက်ကြ၏'' ဟုဆင့်ဆိုလေသည်။ အခန်းကိုကြည့်ပါ။Garrad Bible20 ဤ မြို့၌ ငါ သင့် စေ လ တ္တံ့ သော ဘေး ကို သင့် ကိုယ် တိုင် မ တွေ့ မ ကြုံ ရ ဘဲ ဘိုး ဘေး တို့ ထံ ရောက် ခွင့်၊ ဘေး ကင်း စွာ သင်္ချိုင်း သို့ ဝင် ခွင့် ရ လိမ့် မည် ဟု ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း ဆင့် ဆို သည့် အ တိုင်း ဘု ရင် မင်း ထံ ပြန် ကြား တင် လျှောက် ကြ ၏။ အခန်းကိုကြည့်ပါ။Judson Bible20 ငါသည်သင့်ကို ဘိုးဘေးစုဝေးရာသို့ပို့ဆောင်၍၊ သင်သည် ငြိမ်ဝပ်စွာသင်္ချိုင်းသို့ရောက်ရလိမ့်မည်။ ဤအရပ်၌ ငါရောက်စေအံ့သောဘေးကို သင့်ကိုယ်တိုင်မတွေ့မမြင်ရဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုသည်အတိုင်း သူတို့သည် ရှင်ဘုရင်အား ပြန်လျှောက်ကြ၏။ အခန်းကိုကြည့်ပါ။ |
ထို့ကြောင့် သင့်ဘိုးဘေးများရှိရာသို့ သင့်ကို ငါစုစည်းမည်။ သင်သည် သင့်သင်္ချိုင်းတွင် ငြိမ်ဝပ်စွာစုစည်းခံရလိမ့်မည်။ ဤမြို့နှင့် မြို့သားတို့အပေါ် ငါကျရောက်စေမည့်ဘေးအန္တရာယ်အပေါင်းတို့ကို သင်မြင်ရမည်မဟုတ်’ဟူ၍ ထာဝရဘုရားမိန့်တော်မူကြောင်းပြောကြားလော့”ဟု ဆို၏။ သူတို့သည်လည်း ပြန်သွား၍ ဤစကားတို့ကို ရှင်ဘုရင်ထံ လျှောက်တင်ကြ၏။
ထာဝရဘုရားက မောရှေအား “ကြည့်ရှုလော့။ သင်၏ဘိုးဘေးတို့နှင့်အတူ သင်အိပ်ပျော်ပြီးနောက်တွင် ဤလူမျိုးတို့သည် သူတို့ဝင်ရောက်မည့်ပြည်ရှိတိုင်းတစ်ပါးသားတို့၏ဘုရားများနှင့် ထ၍ဖောက်ပြန်မှားယွင်းကြမည်။ ငါကိုစွန့်ပယ်ကြမည်။ သူတို့နှင့်ငါဖွဲ့ခဲ့သော ပဋိညာဉ်ကို ချိုးဖောက်ကြလိမ့်မည်။