ထိုစဉ်က ဟာဒဒ်သည် အသက်ငယ်သေး၏။ ဟာဒဒ်သည် ခမည်းတော်၏အမှုထမ်း ဧဒုံအမျိုးသားအချို့နှင့်အတူ အီဂျစ်ပြည်သို့ထွက်ပြေးသွားခဲ့၏။
၄ ရာ 11:2 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် အာခဇိမင်းကြီး၏နှမဖြစ်သူ ယောရံမင်းကြီး၏သမီးတော်ယောရှေဘက အာခဇိမင်းကြီး၏သားတော်ယောရှကို အသတ်ခံရမည့်ဘုရင့်သားတော်များထဲမှ ခိုးယူ၍ အထိန်းတော်နှင့်အတူ အတွင်းခန်းထဲတွင်ဝှက်ထားသဖြင့် အာသလိရန်မှကင်း၍ အသတ်မခံရတော့ပေ။ Common Language Bible အာခဇိ၏သားယောရှတစ်ဦးတည်း သာလျှင် လွတ်မြောက်သွား၏။ အခြားသူ များနှင့်အတူသူ့အားသတ်မည့်ဆဲဆဲ ၌ဒွေးတော်ယောရှေဘကကယ်ဆယ်လိုက် လေသည်။ ယောရှေဘသည်ယဟောရံမင်း ၏သမီးဖြစ်၍ အာခဇိနှင့်အဖေတူ အမေကွဲမောင်နှမတော်သတည်း။ သူ သည်ယောရှအသတ်မခံရစေရန်ယောရှ နှင့်အထိန်းတော်အားခေါ်၍ ဗိမာန်တော် အိပ်ခန်းတွင်ဝှက်ထားလေသည်။- Garrad Bible သို့ ရာ တွင် အာ ခ ဇိ မင်း၏ နှ မ တော်၊ ယ ဟော ရံ မင်း၏ သ မီး တော် ယော ရှေ ဘ သည် ကွပ် မျက် ခံ ရ သူ မင်း ညီ မင်း သား တို့ အ နက် အာ ခ ဇိ မင်း သား တော် ယော ရှ ကို လျှို့ တ ဝှက် ယူ၍၊ အ သက် ဘေး မှ ချမ်း သာ စေ ခြင်း ငှါ အာ သ လိ မျက် ကွယ်၊ စက် ခန်း ဆောင် တွင် အ ထိန်း တော် ပါ ဝှက် ထား လေ ၏။ Judson Bible သို့ရာတွင် အာခဇိ၏နှမ ယဟောရံမင်းကြီးသမီး ယောရှေဘသည် အာခဇိ၏သားယောရှကို အသေခံရသော ဆွေတော်မျိုးတော်ထဲက ခိုးယူ၍ အာသလိလက်မှ သူ၏အသက်လွတ်စေခြင်းငှာ၊ သူနှင့်သူ၏ နို့ထိန်းကို အိပ်ခန်းထဲ၌ဝှက်ထား၏။ |
ထိုစဉ်က ဟာဒဒ်သည် အသက်ငယ်သေး၏။ ဟာဒဒ်သည် ခမည်းတော်၏အမှုထမ်း ဧဒုံအမျိုးသားအချို့နှင့်အတူ အီဂျစ်ပြည်သို့ထွက်ပြေးသွားခဲ့၏။
အိမ်တော်ပတ်ပတ်လည်တွင် အမြင့်ငါးတောင်ရှိသောအခန်းငယ်များ ဆောက်လုပ်ထားပြီး ထိုအခန်းများကို သစ်ကတိုးသားရက်မများဖြင့် အိမ်တော်နှင့်တွဲဆက်ထား၏။
မြေညီထပ်ရှိဝင်ပေါက်မှာ အိမ်တော်၏ယာဘက်ခြမ်းတွင်ရှိ၏။ ကြောင်လိမ်လှေကားဖြင့် အလယ်ထပ်၊ တတိယထပ်တို့သို့ တက်ရောက်နိုင်၏။
တိုင်းပြည်ကို အာသလိဘုရင်မ အုပ်စိုးစဉ် ယောရှသည် အထိန်းတော်နှင့်အတူ ထာဝရဘုရား၏အိမ်တော်တွင် ခြောက်နှစ်ပတ်လုံး ပုန်းရှောင်နေခဲ့ရ၏။
ယေဟုမင်းကြီးနန်းတက်ပြီး ခုနစ်နှစ်အကြာတွင် ယဟောရှနန်းတက်၍ ဂျေရုဆလင်မြို့တွင် အနှစ်လေးဆယ် စိုးစံ၏။ မယ်တော်ကား ဗေရရှေဘမြို့သူ ဇိဗိအမည်ရှိ၏။
အာဟပ်မင်းကြီး၏သားတော် အစ္စရေးဘုရင်ယောရံမင်းကြီးနန်းစံ ငါးနှစ်မြောက်တွင် ယုဒဘုရင်ယောရှဖတ်မင်းကြီး၏သားတော်ယဟောရံသည် သူ့ဖခင် ယုဒဘုရင်ယောရှဖတ်မင်းကြီး၏အရိုက်အရာကို ဆက်ခံ၏။
သို့သော် ထာဝရဘုရားသည် မိမိ၏အစေအပါးဒါဝိဒ်မင်းကြီးကိုထောက်၍ သူနှင့် သူ့သားမြေးတို့၏မီးခွက်ကို အစဉ်ထွန်းလင်းစေမည်ဟု ကတိထားသည်နှင့်အညီ ယုဒပြည်ကို ဖျက်ဆီးရန် အလိုတော်မရှိပေ။
သို့သော် ယဟောရံမင်းကြီး၏သမီးတော်ယောရှေဘသည် အာခဇိမင်းကြီး၏သားတော်ယောရှကို အသတ်ခံရမည့်ဘုရင့်သားတော်များထဲမှ ခိုးယူ၍ အထိန်းတော်နှင့်အတူ အတွင်းခန်းထဲတွင်ထည့်ထား၏။ ဤသို့ ယဟောရံမင်းကြီး၏သမီးတော် ယဇ်ပုရောဟိတ်ယောယဒ၏မယား အာခဇိမင်းကြီး၏နှမတော်ဖြစ်သောယောရှေဘသည် ယောရှကိုဝှက်ထားသဖြင့် အာသလိရန်မှ ကင်း၍ အသတ်မခံရတော့ပေ။
နိုင်းမြစ်သည် ဖားများနှင့်ပြည့်နှက်လိမ့်မည်။ ထိုဖားများသည်တက်လာ၍ သင်၏နန်းတော်၊ သင်အိပ်သောအခန်းနှင့်အိပ်ရာထဲသို့လည်းကောင်း၊ သင့်အမှုထမ်းများနှင့်ပြည်သူပြည်သားတို့၏အိမ်ထဲသို့လည်းကောင်း၊ သင်၏မီးဖိုများနှင့်မုန့်နယ်ခွက်များထဲသို့လည်းကောင်း ဝင်ကြလိမ့်မည်။
မည်သည့်ဉာဏ်ပညာ၊ ထိုးထွင်းဉာဏ်၊ အကြံဉာဏ်မျှ ထာဝရဘုရားကိုဆန့်ကျင်၍ မတည်နိုင်။
အကြောင်းမူကား ငါသည် ငါ့အတွက်၊ ငါ့အစေအပါးဒါဝိဒ်အတွက် ဤမြို့ကို ကာကွယ်မည်။ ဤမြို့ကိုကယ်တင်မည်’ဟူ၍ မိန့်တော်မူသည်”ဟု ဆင့်ဆိုစေ၏။
ထာဝရဘုရားက ‘အစ္စရေးအမျိုးအနွယ်၏ရာဇပလ္လင်ပေါ်တွင်စိုးစံသော ဒါဝိဒ်မင်းမျိုးမပြတ်ရ။
ငါ၏အစေအပါးဒါဝိဒ်နှင့်ဖွဲ့သောပဋိညာဉ်ပျက်ပြီး သူ၏ရာဇပလ္လင်ပေါ် စိုးစံသောမင်းမျိုးပြတ်မည်။ ငါ့အမှုကိုထမ်းဆောင်သောလေဝိအမျိုး ယဇ်ပုရောဟိတ်တို့နှင့်ဖွဲ့သောပဋိညာဉ်လည်း ပျက်မည်။
ယာကုပ်အမျိုးအနွယ် ငါ့အစေအပါးဒါဝိဒ်ကို ငါစွန့်ပယ်မည်။ အာဗြဟံ၊ ဣဇက်၊ ယာကုပ်အမျိုးအနွယ်တို့ကို အုပ်စိုးမည့်သူကိုလည်း သူတို့ထဲမှ ငါပေါ်ထွန်းစေမည်မဟုတ်။ အကယ်စင်စစ် ဖမ်းခေါ်သွားခြင်းခံရသူတို့ကို ငါပြန်လာစေမည်၊ သနားစုံမက်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
“သင်သည် ရေခပ်အမျိုးသားတို့ထံ သွား၍စကားပြောလော့။ သူတို့ကို ထာဝရဘုရား၏အိမ်တော်အခန်းတစ်ခုသို့ ခေါ်လာ၍ စပျစ်ဝိုင်ကိုတိုက်လော့”ဟု မိန့်ဆို၏။
ရှင်ဘုရင်သည် သားတော်ယေရမေလ၊ အာဇရေလ၏သားစရာယနှင့် အာဗဒေလ၏သားရှေလမိတို့အား စာရေးတော်ကြီးဗာရုတ်နှင့်ပရောဖက်ယေရမိတို့ကို ဖမ်းဆီးရန် အမိန့်ပေး၏။ သို့သော် ထာဝရဘုရားသည် သူတို့ကို ဝှက်ထားတော်မူ၏။
သူက ငါ့အား “တောင်ဘက်သို့မျက်နှာမူထားသောအခန်းသည် အိမ်တော်အမှုကိုထမ်းဆောင်သော ယဇ်ပုရောဟိတ်တို့အတွက်ဖြစ်၏။
အဘိမလက်သည် ဖခင်၏အိမ်ရှိရာ ဩဖရမြို့သို့သွားပြီး ယေရုဗ္ဗာလ၏သား မိမိညီအစ်ကို အယောက်ခုနစ်ဆယ်တို့ကို ကျောက်ဖျာတစ်ခုတည်းပေါ်တွင် သတ်လေ၏။ ယေရုဗ္ဗာလ၏သားထွေး ယောသံသည် ပုန်းနေသောကြောင့် အသက်ရှင်ကျန်ရစ်ခဲ့၏။