၄ ရာ 8:19 - မြန်မာ့စံမီသမ္မာကျမ်း19 သို့သော် ထာဝရဘုရားသည် မိမိ၏အစေအပါးဒါဝိဒ်မင်းကြီးကိုထောက်၍ သူနှင့် သူ့သားမြေးတို့၏မီးခွက်ကို အစဉ်ထွန်းလင်းစေမည်ဟု ကတိထားသည်နှင့်အညီ ယုဒပြည်ကို ဖျက်ဆီးရန် အလိုတော်မရှိပေ။ အခန်းကိုကြည့်ပါ။Common Language Bible19 သို့သော်လည်းထာဝရဘုရားသည် ဒါဝိဒ်အား``သင် ၏သားမြေးတို့ကိုထာဝစဉ်အုပ်စိုးစေမည်'' ဟု ပြုခဲ့သည့်ကတိတော်ကိုထောက်၍ ယုဒပြည် ကိုဖျက်ဆီးရန်အလိုတော်မရှိချေ။ အခန်းကိုကြည့်ပါ။Garrad Bible19 သို့ ရာ တွင် ထာ ဝ ရ ဘု ရား သည် ကျွန် တော် ရင်း ဒါ ဝိဒ် ကို ထောက် ထား ၍ သား စဉ် မြေး ဆက် အ လင်း မ ကွယ် ရ ဟူ သော ဂ တိ တော် အ တိုင်း၊ ယု ဒ အ မျိုး ကို ဖျက် ဆီး ရန် အ လို တော် မ ရှိ ချေ။ အခန်းကိုကြည့်ပါ။Judson Bible19 သို့ရာတွင် ထာဝရဘုရားသည် ဒါဝိဒ်အစရှိသောသားမြေးတို့၏မီးခွက်ကို အစဉ်ထွန်းလင်းစေမည်ဟု ကတိတော်ရှိသောကြောင့်၊ ဒါဝိဒ်၏ မျက်နှာကိုထောက်၍၊ ယုဒပြည်ကိုမဖျက်ဆီးဘဲ ထားတော်မူ၏။ အခန်းကိုကြည့်ပါ။ |
ထိုအခါ ဇေရုယာ၏သား အဘိရှဲသည် ဒါဝိဒ်မင်းကြီးကိုလာကူပြီး ထိုဖိလိတ္တိသူရဲကို တိုက်ခိုက်သတ်ဖြတ်လိုက်လေ၏။ ထို့နောက် ဒါဝိဒ်မင်းကြီး၏စစ်သည်တို့က သူ့အား “အစ္စရေးလူမျိုး၏ဆီမီး ငြိမ်းမသွားစေရန် နောက်နောင် အကျွန်ုပ်တို့နှင့်အတူ စစ်ပွဲရှိရာသို့ မလိုက်ပါနှင့်တော့”ဟု ဆိုလျက် ဒါဝိဒ်မင်းကြီးအား ကျိန်ဆိုစေ၏။