၄ ရာ 11:1 - မြန်မာ့စံမီသမ္မာကျမ်း1 အာခဇိမင်းကြီး၏မယ်တော်အာသလိသည် မိမိ၏သားတော်အနိစ္စရောက်သည်ကို သိမြင်သည်နှင့်ထ၍ တော်ဝင်မင်းမျိုးမင်းနွယ်အားလုံးကို သုတ်သင်ပစ်လေ၏။ အခန်းကိုကြည့်ပါ။Common Language Bible1 အာခဇိမင်း၏မယ်တော်အာသလိသည် မိမိ၏သားတော်အသတ်ခံရကြောင်း သတင်းရသည်နှင့်တစ်ပြိုင်နက် မင်းဆွေ မင်းမျိုးရှိသမျှတို့ကိုသုတ်သင်ပစ်ရန် အမိန့်ပေးလေသည်။- အခန်းကိုကြည့်ပါ။Garrad Bible1 အာ ခ ဇိ မင်း ၏ မယ် တော် အာ သ လိ သည် သား တော် ကွယ် လွန် ကြောင်း သိ လျှင် မင်း မျိုး မင်း နွယ် အ ပေါင်း တို့ ကို သုတ် သင် လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible1 အာခဇိ၏မယ်တော် အာသလိသည် မိမိသားသေကြောင်းကို သိမြင်သော်၊ ထ၍ ဆွေတော်မျိုးတော် အပေါင်းတို့ကို သုတ်သင်ပယ်ရှင်းလေ၏။ အခန်းကိုကြည့်ပါ။ |
ယုဒဘုရင်အာခဇိမင်းကြီးသည် ထိုအဖြစ်အပျက်ကိုမြင်လျှင် ဗက်ဟဂ္ဂန်လမ်းအတိုင်း ထွက်ပြေး၏။ ယေဟုကလည်း သူ့နောက်သို့လိုက်ကာ “သူ့ကိုလည်း ရထားပေါ်မှာပဲ ပစ်သတ်ပါ”ဟု အော်ပြော၏။ အာခဇိမင်းကြီးအား ဣဗလံမြို့အနီး ဂုရတောင်ကုန်းပေါ်တွင် လုပ်ကြံသော်လည်း သူသည် ထွက်ပြေး၍ မေဂိဒ္ဒေါမြို့သို့ရောက်မှ သေဆုံးလေ၏။
ထိုသူတို့ထွက်သွားကြပြီးနောက် ထာဝရဘုရား၏ကောင်းကင်တမန်သည် ယောသပ်အား အိပ်မက်ထဲတွင်ထင်ရှား၍ “ထလော့။ သူငယ်တော်နှင့်မယ်တော်တို့ကိုခေါ်လျက် အီဂျစ်ပြည်သို့ထွက်ပြေး၍ နောက်တစ်ဖန် သင့်အားငါပြောသည့်တိုင်အောင် ထိုပြည်၌နေလော့။ အကြောင်းမူကား ဟေရုဒ်မင်းကြီးသည် သူငယ်တော်ကို ရှာ၍သတ်ရန် ကြံရွယ်နေ၏”ဟု မြွက်ဆိုလေ၏။
ထို့နောက် ဟေရုဒ်မင်းကြီးသည် နက္ခတ်ပညာရှင်တို့၏မထီလေးစားပြုခြင်းကိုခံရကြောင်းသိလျှင် အမျက်ပြင်းထန်စွာထွက်၍ နက္ခတ်ပညာရှင်တို့ထံမှ သေချာစွာလေ့လာစိစစ်ထားသည့်အချိန်ကာလအရ ဗက်လင်မြို့နှင့် ၎င်းအရပ်ဒေသတစ်ဝိုက်တွင်ရှိသော အသက်နှစ်နှစ်နှင့် နှစ်နှစ်အောက်ယောက်ျားလေးအားလုံးတို့ကို သတ်စေ၏။