ထွက်မြောက် 8:3 - မြန်မာ့စံမီသမ္မာကျမ်း3 နိုင်းမြစ်သည် ဖားများနှင့်ပြည့်နှက်လိမ့်မည်။ ထိုဖားများသည်တက်လာ၍ သင်၏နန်းတော်၊ သင်အိပ်သောအခန်းနှင့်အိပ်ရာထဲသို့လည်းကောင်း၊ သင့်အမှုထမ်းများနှင့်ပြည်သူပြည်သားတို့၏အိမ်ထဲသို့လည်းကောင်း၊ သင်၏မီးဖိုများနှင့်မုန့်နယ်ခွက်များထဲသို့လည်းကောင်း ဝင်ကြလိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible3 မြစ်ထဲတွင်ဖားများဖြင့်ပြည့်စေမည်။ ထိုဖား တို့သည်မြစ်ထဲမှသင်၏နန်းတော်၊ အိပ်ခန်း၊ အိပ်ရာ၊ သင်၏မှူးမတ်နှင့်ပြည်သားတို့၏အိမ် များ၊ သင်၏မီးဖိုနှင့်မုန့်နယ်ရာခွက်များသို့ တက်လာကြလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible3 မြစ်၌ ဖား ပွား များ၍ နန်း တော် မှ စ သော စက် ခန်း၊ စက် မွေ့ ရာ၊ ကျေး ကျွန် သင်း ပင်း တို့ အိမ် များ ၌ လည်း ကောင်း၊ ပြည် သူ ပြည် သား တို့ အ ပေါ် ၌ လည်း ကောင်း၊ ပွဲ တော် ဖို၊ အိုး ခွက် တော် များ ၌ လည်း ကောင်း တက် ဝင် ကြ အံ့။ အခန်းကိုကြည့်ပါ။Judson Bible3 မြစ်သည်လည်းများစွာသော ဖားတို့ကိုဖွား၍၊ သူတို့သည်သင်၏အိမ်၌လည်းကောင်း၊ အိပ်ခန်း၌လည်းကောင်း၊ အိပ်ရာပေါ်၌လည်းကောင်း၊ သင်၏ကျွန်တို့အိမ်၌လည်းကောင်း၊ သင်၏လူတို့အပေါ်၌လည်းကောင်း၊ သင်၏မီးဖို၌လည်းကောင်း၊ မုန့်နယ်သောခွက်၌လည်းကောင်း တက်ကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
သင်၏နန်းဆောင်များ၊ သင့်အမှုထမ်းအပေါင်းတို့၏အိမ်များနှင့် အီဂျစ်လူမျိုးအပေါင်းတို့၏အိမ်များ၌ ပြည့်နှက်ကြလိမ့်မည်။ မြေပေါ်မှာ သင်၏ဘိုးဘေးဘီဘင်များနေထိုင်ခဲ့သောအချိန်မှစ၍ ယနေ့အချိန်အထိ ဤသို့သောအမှုကို သူတို့မြင်တွေ့ဖူးကြမည်မဟုတ်’ဟူ၍ မိန့်တော်မူ၏”ဟု ဆိုပြီးလျှင် ဖာရောမင်းကြီးထံမှ လှည့်ထွက်သွားလေ၏။
သို့သော် ယဟောရံမင်းကြီး၏သမီးတော်ယောရှေဘသည် အာခဇိမင်းကြီး၏သားတော်ယောရှကို အသတ်ခံရမည့်ဘုရင့်သားတော်များထဲမှ ခိုးယူ၍ အထိန်းတော်နှင့်အတူ အတွင်းခန်းထဲတွင်ထည့်ထား၏။ ဤသို့ ယဟောရံမင်းကြီး၏သမီးတော် ယဇ်ပုရောဟိတ်ယောယဒ၏မယား အာခဇိမင်းကြီး၏နှမတော်ဖြစ်သောယောရှေဘသည် ယောရှကိုဝှက်ထားသဖြင့် အာသလိရန်မှ ကင်း၍ အသတ်မခံရတော့ပေ။