ယေဇကျေလ 40:45 - မြန်မာ့စံမီသမ္မာကျမ်း45 သူက ငါ့အား “တောင်ဘက်သို့မျက်နှာမူထားသောအခန်းသည် အိမ်တော်အမှုကိုထမ်းဆောင်သော ယဇ်ပုရောဟိတ်တို့အတွက်ဖြစ်၏။ အခန်းကိုကြည့်ပါ။Common Language Bible45 ထိုလူကတောင်ဘက်သို့မျက်နှာမူလျက်နေသည့်အခန်းသည် ဗိမာန်တော်၏အမှုကိုဆောင်ရွက်ရသူယဇ်ပုရောဟိတ်များအတွက်ဖြစ်ကြောင်း၊- အခန်းကိုကြည့်ပါ။Garrad Bible45 ဗိ မာန် တော် ကို စောင့် ရှောက် သူ ပ ရော ဟိတ် တို့ အ ဖို့၊ မြောက် ဘက် သို့ မျက် နှာ မူ သော လှိုင် ကား၊ အခန်းကိုကြည့်ပါ။Judson Bible45 တောင်ဘက်သို့မျက်နှာပြုသော ဤအခန်းကား၊ အိမ်တော်အမှုကိုဆောင်သော ယဇ်ပုရောဟိတ် နေစရာဖို့၊ အခန်းကိုကြည့်ပါ။ |
နံနက်တိုင်း၊ ညနေတိုင်း ထာဝရဘုရားထံမီးရှို့ရာယဇ်နှင့် အမွှေးနံ့သာတို့ကို ပူဇော်ကြ၏။ သန့်ရှင်းသောစားပွဲပေါ်တွင် ရှေ့တော်မုန့်ကို တင်ထားပြီး ညနေတိုင်း ရွှေဆီမီးခုံမှ မီးခွက်တို့၌ မီးကိုထွန်းထား၏။ ငါတို့သည် ငါတို့ဘုရားသခင်ထာဝရဘုရား၏အမိန့်တော်အတိုင်း လိုက်နာကြသော်လည်း သင်တို့မူကား ဘုရားသခင်ကို စွန့်ပယ်ကြပြီ။
အာရုန်နှင့်သူ၏သားမြေးတို့မူကား ဘုရားသခင်၏အစေအပါးမောရှေ မိန့်မှာထားခဲ့သည့်အတိုင်း မီးရှို့ရာယဇ်ပလ္လင်နှင့် နံ့သာပေါင်းယဇ်ပလ္လင်တို့တွင် မီးရှို့ပူဇော်ခြင်းဖြင့် အသန့်ရှင်းဆုံးဌာန၏အမှုအလုံးစုံတို့ကို ထမ်းဆောင်ရ၍ အစ္စရေးလူမျိုးတို့အဖို့ အပြစ်ဖြေလွှတ်ခြင်းဝတ်ကိုလည်း ပြုပေးရ၏။
ကိန်းဝပ်တော်မူရာတဲတော်၏အရှေ့ဘက်ဖြစ်သော တွေ့ဆုံစည်းဝေးရာတဲတော်ရှေ့ နေထွက်ရာအရပ်၌ စခန်းချရမည့်သူများမှာ မောရှေမှစ၍ အာရုန်နှင့်သူ၏သားတို့ ဖြစ်ကြ၏။ သူတို့သည် အစ္စရေးအမျိုးသားတို့ကိုယ်စား သန့်ရှင်းရာဌာန၏အမှုကိစ္စကိုဆောင်ရွက်သောသူများ ဖြစ်ကြ၏။ မဆိုင်သောသူချဉ်းကပ်လျှင် အသတ်ခံရမည်။
ဘုရားရှင်ထာဝရဘုရားက ‘အစ္စရေးအမျိုးသားတို့ ငါ့ထံမှ လမ်းလွဲသွားကြသောအခါ လေဝိအမျိုးယဇ်ပုရောဟိတ်ဇာဒုတ်၏သားမြေးတို့သည် သန့်ရှင်းရာဌာန၏အမှုကို စောင့်ထိန်းခဲ့ကြ၏။ ထို့ကြောင့် သူတို့သည် ငါ့ထံသို့ဆည်းကပ်၍ ငါ့အမှုတော်ကို ထမ်းဆောင်ရမည်။ ငါ့ရှေ့မှောက်တွင်ရပ်လျက် အဆီ၊ အသွေးတို့ကို ပူဇော်ရမည်’ဟု မိန့်တော်မူ၏။