ဣဇက်သည် မိမိမယားမြုံသောကြောင့် သူ့အတွက် ထာဝရဘုရားထံဆုတောင်း၏။ ထာဝရဘုရားသည် သူ၏ဆုတောင်းသံကိုနားညောင်းတော်မူ၍ သူ၏မယားရေဗက္ကာသည် ကိုယ်ဝန်ဆောင်လေ၏။
၂ ရာချုပ် 33:13 - မြန်မာ့စံမီသမ္မာကျမ်း သူဆုတောင်းသောအခါ ကိုယ်တော်သည် သူ့ကိုထူးတော်မူ၏။ သူအသနားခံသည်ကို နားညောင်းပြီး သူ့ကို သူ၏တိုင်းနိုင်ငံ၊ ဂျေရုဆလင်မြို့သို့ ပြန်လာစေတော်မူ၏။ ထိုအခါ ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူကြောင်းကို မနာရှေမင်းကြီးသိမြင်လေ၏။ Common Language Bible ဘုရားသခင်သည်မနာရှေ၏ဆုတောင်း ပတ္ထနာကိုနားညောင်းတော်မူ၍ သူ့အားယေရု ရှလင်မြို့သို့ပြန်လည်သွားရောက်အုပ်စိုးခွင့် ကိုပေးတော်မူ၏။ ထိုအခါမှထာဝရဘုရား သည်ဘုရားမှန်ကြောင်းမနာရှေသေချာ စွာသိလေ၏။ Garrad Bible ဘု ရား သ ခင် သည်၊ အ သ နား တော် ခံ ချက် ကို နား ညောင်း ၍၊ နိုင် ငံ တော် ယေ ရု ရှ လင် မြို့ သို့ ပြန် သွား ခွင့် ပြု တော် မူ ၏။ ထို ကြောင့်၊ ယေ ဟော ဝါ သည် ဘုရား သ ခင် မှန် ကြောင်း ကို၊ မ နာ ရှေ မင်း သိ လေ ၏။ Judson Bible ဆုတောင်းပတ္ထနာ ပြုသောစကားကို ဘုရားသခင် နားထောင်နာယူ၍၊ မနာရှေအုပ်စိုးရင်းပြည်၊ ယေရုရှလင်မြို့သို့ တစ်ဖန် ပို့ဆောင်တော်မူ၏။ ထိုအခါ ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူကြောင်းကို မနာရှေသိရ၏။ |
ဣဇက်သည် မိမိမယားမြုံသောကြောင့် သူ့အတွက် ထာဝရဘုရားထံဆုတောင်း၏။ ထာဝရဘုရားသည် သူ၏ဆုတောင်းသံကိုနားညောင်းတော်မူ၍ သူ၏မယားရေဗက္ကာသည် ကိုယ်ဝန်ဆောင်လေ၏။
လူအပေါင်းတို့သည် ထိုအဖြစ်ကိုမြင်သောအခါ ပျပ်ဝပ်လျက် “ထာဝရဘုရားသည် ဘုရားသခင်အမှန်ဖြစ်တော်မူ၏။ ထာဝရဘုရားသည် ဘုရားသခင်အမှန်ဖြစ်တော်မူ၏”ဟု ကြွေးကြော်လေ၏။
ကိုယ်တော်ကိုပြစ်မှားမိသော ကိုယ်တော့်လူမျိုးတော်တို့၏အပြစ်ကို ခွင့်လွှတ်တော်မူပါ။ ကိုယ်တော်ကို သူတို့ဆန့်ကျင်ကျူးလွန်မိသောအပြစ်အလုံးစုံတို့ကို ခွင့်လွှတ်တော်မူပါ။ သူတို့ကို ဖမ်းခေါ်သွားသောသူတို့အား သနားတတ်သောစိတ်ကိုပေးတော်မူပါ။ သို့မှ သူတို့ကို သနားပါလိမ့်မည်။
ထိုအခါ ယောခတ်မင်းကြီးသည် ထာဝရဘုရားထံ တိုးလျှိုးတောင်းပန်လေ၏။ အစ္စရေးလူမျိုးတို့အား ဆီးရီးယားဘုရင်ဖိနှိပ်ညှဉ်းဆဲသည်ကို ထာဝရဘုရား မြင်တော်မူသဖြင့် သူ၏တောင်းပန်သံကို နားညောင်းတော်မူ၏။
သူတို့သည် ဘုရားသခင်ကို ယုံကြည်ကိုးစားသဖြင့် စစ်တိုက်သောအခါ ဘုရားသခင်ထံအော်ဟစ်ဆုတောင်းလေ့ရှိ၏။ ဘုရားသခင်သည်လည်း သူတို့အသံကို နားညောင်းတော်မူ၍ ဟာဂရိလူမျိုးနှင့်အပေါင်းပါအားလုံးကို သူတို့လက်သို့အပ်တော်မူ၏။
ဤသို့ မိမိကိုယ်ကိုနှိမ့်ချကြသည်ကို ထာဝရဘုရားမြင်တော်မူလျှင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ရှေမာယထံရောက်လာပြန်၍ “သူတို့သည် မိမိကိုယ်ကိုနှိမ့်ချကြသောကြောင့် သူတို့ကို ငါမဖျက်ဆီး။ အသက်ချမ်းသာခွင့်ကိုကား ငါပေးမည်။ ရှိရှက်မင်းကြီးအားဖြင့် ငါ့အမျက်တော်ကို ဂျေရုဆလင်မြို့ပေါ်သို့ ငါသွန်ချမည်မဟုတ်။
ကျန်ရှိနေသော မနာရှေမင်းကြီးလက်ထက် အဖြစ်အပျက်များ၊ သူ၏ဘုရားသခင်ထံ သူဆုတောင်းခဲ့ပုံများ၊ အစ္စရေးလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရား၏နာမတော်အားဖြင့် သူ့အားမြွက်ဆိုခဲ့သောဗျာဒိတ်ရသူတို့၏စကားများ စသည်တို့ကို အစ္စရေးဘုရင်တို့၏ရာဇဝင်ကျမ်းတွင် ရေးမှတ်ထား၏။
သူ၏ဆုတောင်းချက်၊ သူ့ကိုဘုရားသခင်နားညောင်းတော်မူခြင်း၊ မိမိကိုယ်ကို မနှိမ့်ချမီ သူသစ္စာမဲ့၍ပြုမိခဲ့သောအပြစ်အားလုံး၊ အထွတ်အမြတ်ထားရာနေရာများတည်ခြင်း၊ အာရှရနတ်ဘုရားမတံခွန်တိုင်နှင့် ရုပ်တုများစိုက်ထူခြင်း စသည်တို့ကို ဟောဇဲ၏မှတ်တမ်းတွင် ရေးမှတ်ထားလျက်ရှိ၏။
ဤမြို့နှင့်မြို့သားတို့အား ဆန့်ကျင်သောနှုတ်ကပတ်တော်ကို သင်ကြားရသောအခါ သင်သည် နှလုံးကြေကွဲလျက် ဘုရားသခင်ရှေ့တော်တွင် မိမိကိုယ်ကိုနှိမ့်ချလေပြီ။ သင်သည် ငါ့ရှေ့မှောက်တွင် မိမိကိုယ်ကိုနှိမ့်ချလျက်၊ ကိုယ့်အဝတ်ကိုဆုတ်လျက် ငါ့ရှေ့မှောက်၌ငိုကြွေးသည်ကို ငါကြားပြီ။
ဧဇရက “ဂျေရုဆလင်မြို့ရှိ ထာဝရဘုရား၏အိမ်တော်အား ခန့်ညားထည်ဝါအောင် ပြုပေးလိုသောစိတ်ကို ရှင်ဘုရင်၌ ရှိစေတော်မူသော အကျွန်ုပ်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိစေသတည်း။
ထို့ကြောင့် လမ်းခရီးအတွက် ငါတို့သည် ဘုရားသခင်ထံ အစာရှောင်ဆုတောင်းကြ၏။ ကိုယ်တော်သည် ငါတို့ဆုတောင်းသံကို နားညောင်းတော်မူ၏။
အနန္တတန်ခိုးရှင်ထံပြန်လာလျှင် သင့်ကို ပြန်တည်ဆောက်တော်မူမည်။ မတရားမှုများကို သင့်တဲများနှင့် ဝေးကွာစေ၍
သင်ဆုတောင်းသောအခါ ကိုယ်တော်သည် နားညောင်းတော်မူမည်။ သင်ပြုထားသောကတိသစ္စာများကိုလည်း သင်ပြည့်စုံစေနိုင်လိမ့်မည်။
သူတို့သည် နာခံ၍ အမှုတော်ကိုဆောင်ရွက်လျှင် ကောင်းစားသောနေ့ရက်များ၊ နှစ်လိုဖွယ်သောနှစ်ကာလများကို ဖြတ်သန်းသွားရလိမ့်မည်။
မာန်မာနထောင်လွှား၍ သူတို့ပြုမိသောအမှုနှင့် ကျူးလွန်မိသောအပြစ်များကို သူတို့အား ဖော်ပြပေးတော်မူ၏။
ထိုအခါ သူတို့သည် မိမိတို့ခံရသည့်ဆင်းရဲဒုက္ခထဲမှ ထာဝရဘုရားထံသို့အော်ဟစ်ကြရာ ကိုယ်တော်သည် သူတို့၏ပူပင်သောကထဲမှ သူတို့ကိုကယ်တင်တော်မူ၏။
“ငြိမ်ဝပ်စွာနေ၍ ငါသည်ဘုရားသခင်ဖြစ်ကြောင်း သိမှတ်ကြလော့။ ငါသည် လူမျိုးတကာတို့အလယ်တွင် ချီးမြှောက်ခြင်းရှိလိမ့်မည်။ ကမ္ဘာမြေကြီးပေါ်တွင် ချီးမြှောက်ခြင်းရှိလိမ့်မည်။”
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ငါတို့နှင့်အတူရှိတော်မူ၏။ ယာကုပ်၏ဘုရားသခင်သည် ငါတို့၏ခိုကိုးရာဖြစ်တော်မူ၏။(စေလာ)
အကြောင်းမူကား အို ဘုရားရှင်၊ ကိုယ်တော်သည် ကောင်းမြတ်၍ ခွင့်လွှတ်တော်မူတတ်၏။ ကိုယ်တော်ကိုခေါ်သောသူအပေါင်းတို့အပေါ်၌လည်း မေတ္တာကရုဏာတော်ကြွယ်ဝတော်မူ၏။
ထာဝရဘုရားသည် တရားစီရင်တော်မူခြင်းအားဖြင့် မိမိအကြောင်းကိုထင်ရှားစေတော်မူပြီ။ ဆိုးယုတ်သောသူသည် မိမိလက်ဖြင့်ပြုလုပ်ထားသောအရာ၌ ကျော့မိလေပြီ။(ဟိဂ္ဂယွန်။စေလာ)
လူတစ်ဦးပြုမူကျင့်ကြံသောအမှုအရာကို ထာဝရဘုရားနှစ်သက်တော်မူသောအခါ ထိုသူ၏ရန်သူများကိုပင် သူနှင့်သင့်မြတ်စေတော်မူ၏။
ရှင်ဘုရင်၏စိတ်နှလုံးသည် ထာဝရဘုရား၏လက်တော်၌ရှိ၍ ရေစီးသောချောင်းများကဲ့သို့ဖြစ်၏။ ကိုယ်တော်သည် ၎င်းကို အလိုတော်ရှိသည့် နေရာတိုင်းသို့ လှည့်စေတော်မူ၏။
ငါသည် ထာဝရဘုရားဖြစ်ကြောင်း သိကျွမ်းသောစိတ်နှလုံးကို သူတို့အား ငါပေးမည်။ သူတို့သည် ငါ၏လူမျိုးတော်ဖြစ်မည်။ ငါသည်လည်း သူတို့၏ဘုရားဖြစ်မည်။ အကြောင်းမူကား သူတို့သည် ငါ့ထံသို့ စိတ်နှလုံးအကြွင်းမဲ့ပြန်လာကြမည်’ဟု မိန့်တော်မူ၏။
သူတို့အသီးသီး ဆိုးညစ်သောလမ်းမှပြန်လှည့်လာ၍ ထာဝရဘုရားရှေ့တော်၌ ပျပ်ဝပ်လျက် အသနားခံကောင်းခံကြလိမ့်မည်။ အကြောင်းမူကား ဤလူမျိုးတို့ကို ထာဝရဘုရား ပြင်းစွာအမျက်ဒေါသထွက်တော်မူလေပြီ”ဟု ဆို၏။
အကျွန်ုပ်အသံကို ကိုယ်တော်ကြားတော်မူပါပြီ။ “အကျွန်ုပ်အကူအညီအော်ဟစ်တောင်းဆိုသောအခါ နားတော်ကို ပိတ်ထားတော်မမူပါနှင့်။”
အရှင်မင်းကြီးသည် လူ့အသိုင်းအဝိုင်းမှ နှင်ထုတ်ခံရပြီး တောတိရစ္ဆာန်တို့နှင့်အတူ နေထိုင်ရလိမ့်မည်။ နွားကဲ့သို့ မြက်ကိုစားရလိမ့်မည်။ မိုးကောင်းကင်နှင်းများနှင့် စိုလျက်နေလိမ့်မည်။ အမြင့်ဆုံးသောအရှင်သည် လူ့ပြည်ကိုအုပ်စိုး၍ အလိုတော်ရှိသောသူကို ပေးတော်မူကြောင်း အရှင်မင်းကြီး သိမှတ်သည့်တိုင်အောင် ခုနစ်နှစ်ပတ်လုံး နေထိုင်ကျော်လွှားရလိမ့်မည်။
သင်သည် လူ့အသိုင်းအဝိုင်းမှ နှင်ထုတ်ခြင်းခံရပြီး တောတိရစ္ဆာန်တို့နှင့်အတူ နေထိုင်ရမည်။ နွားကဲ့သို့ မြက်ကိုစားရမည်။ အမြင့်ဆုံးသောအရှင်သည် လူ့ပြည်ကိုအုပ်စိုး၍ အလိုတော်ရှိသောသူကို ပေးတော်မူကြောင်း သင်သိမှတ်သည့်တိုင်အောင် ခုနစ်နှစ်ပတ်လုံး နေထိုင်ကျော်လွှားရမည်”ဟု ကောင်းကင်မှ အသံတော်ရောက်လာ၏။
ငါ လူစိတ်ပြန်ဝင်သောအချိန်တွင် ငါ့နိုင်ငံတော်ကြီး ကျက်သရေရှိစေရန် ခန့်ညားထည်ဝါသောငါ့အရိုက်အရာကိုလည်း ငါပြန်လည်ရရှိ၏။ မင်းအတိုင်ပင်ခံများ၊ မှူးမတ်များလည်း ငါ့အားရှာဖွေ၍ ထီးနန်းကိုပြန်လည်အပ်နှင်းပေးကြ၏။ ငါ့ဘုန်းတန်ခိုးသည်လည်း တိုးသည်ထက်တိုးလေ၏။
ဘုရားသခင်၏နိုင်ငံတော်နှင့် ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို ဦးစွာရှာကြလော့။ ထိုအခါ ဤအရာအားလုံးတို့ကို သင်တို့အား ထပ်လောင်း၍ပေးတော်မူလိမ့်မည်။
ထာဝရအသက်ဟူသည်မှာ တစ်ဆူတည်းသော စစ်မှန်သည့်ဘုရားဖြစ်တော်မူသော ကိုယ်တော်ကိုလည်းကောင်း၊ ကိုယ်တော်စေလွှတ်တော်မူသော ယေရှုခရစ်တော်ကိုလည်းကောင်း သိကျွမ်းခြင်းပင်ဖြစ်ပါ၏။
ယေရှုကလည်း“ဘုရားသခင်၏ကောင်းချီးလက်ဆောင်ကိုလည်းကောင်း၊ ငါသောက်ဖို့ရေပေးပါဟု ပြောဆိုနေသူမှာ မည်သူဖြစ်သည်ကိုလည်းကောင်း သင်သိခဲ့လျှင် သင်ကသာ သူ့ကိုတောင်း၍ သူသည် သင့်အား အသက်ရေကိုပေးခဲ့လိမ့်မည်”ဟု ပြန်၍မိန့်တော်မူ၏။
သင်တို့သည် မုန့်မစားခဲ့ရ၊ စပျစ်ဝိုင်နှင့်သေရည်သေရက်လည်း မသောက်ခဲ့ရကြ။
သူတို့အသီးသီးသည် မိမိအမျိုးသားချင်းနှင့် မိမိညီအစ်ကိုချင်းအား ‘ထာဝရဘုရားကိုသိလော့’ဟု သင်ပေးရလိမ့်မည်မဟုတ်။ အကြောင်းမူကား အငယ်ဆုံးသောသူမှစ၍ အကြီးဆုံးသောသူတိုင်အောင် လူအပေါင်းတို့သည် ငါ့ကိုသိကျွမ်းကြလိမ့်မည်။