၂ ရာချုပ် 33:14 - မြန်မာ့စံမီသမ္မာကျမ်း14 ထို့နောက် မနာရှေမင်းကြီးသည် ဒါဝိဒ်မြို့အပြင်ဘက်တွင် မြို့ရိုးကိုမြင့်မားစွာတည်ဆောက်ထား၏။ ထိုမြို့ရိုးသည် ချိုင့်ဝှမ်းရှိဂိဟုန်ချောင်းအနောက်ဘက်မှ ငါးတံခါးဝအထိရောက်၍ ထိုမှ ဩဖေလအရပ်ဘက်သို့ကွေ့သွား၏။ ယုဒပြည်ရှိခိုင်ခံ့သောမြို့ရှိသမျှတို့၌ စစ်သူကြီးများကို ခန့်ထား၏။ အခန်းကိုကြည့်ပါ။Common Language Bible14 ထိုနောက်မနာရှေသည်ဒါဝိဒ်မြို့တော်အရှေ့ ဘက်ဂိဟုန်စမ်းချောင်းအနီးချိုင့်ဝှမ်းတစ်နေ ရာမှ မြောက်ဘက်ငါးတံခါးနှင့်သြဖေလဟု ခေါ်တွင်သည့်အရပ်တိုင်အောင်အပြင်မြို့ရိုး ကိုမြှင့်တင်လိုက်လေသည်။ မင်းကြီးသည်ယုဒ ပြည်တံတိုင်းကာရံထားသည့်မြို့ရှိသမျှတွင် လည်းတပ်မှူးတစ်ယောက်ကိုတပ်စုတစ်စုနှင့် တကွခန့်ထားတော်မူ၏။- အခန်းကိုကြည့်ပါ။Garrad Bible14 ထို နောက် မ နာ ရှေ မင်း သည်၊ ဂိ ဟုန် စမ်း အ နောက် ဘက်၊ ငါး တံ ခါး တိုင် အောင်၊ ချိုင့် တစ် လျှောက်၊ ဒါ ဝိဒ် မြို့ တော် ပြင် မြို့ ရိုး ကို လည်း ကောင်း၊ ဩ ဖေ လ အ ငူ ပတ် လည် ၌၊ အ လွန် မြင့် သော မြို့ ရိုး ကို လည်း ကောင်း၊ တည် ဆောက် ပြီး မှ၊ ယု ဒ ပြည်၌ ရှိ သ မျှ သော ခံ တပ် မြို့ များ တွင်၊ ရဲ ဗိုလ် တို့ ကို ခန့် ထား လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible14 ထိုနောက်၊ ဒါဝိဒ်မြို့ပြင်၊ ဂိဟုန်မြို့အနောက်ဘက်၊ ချိုင့်ထဲမှာ ငါးတံခါးဝတိုင်အောင်လည်းကောင်း၊ ဩဖေလရဲတိုက် ပတ်လည်၌လည်းကောင်း၊ အလွန်မြင့်သောမြို့ရိုးကို တည်၏။ ယုဒပြည်တွင် ခိုင်ခံ့သောမြို့ရှိသမျှတို့၌ တပ်မှူးတို့ကို ခန့်ထား၏။ အခန်းကိုကြည့်ပါ။ |
ထို့နောက် ဟေဇကိမင်းကြီးသည် မိမိကိုယ်ကို အားမာန်သွင်းလျက် ကျိုးပျက်နေသောမြို့ရိုးအားလုံးကို ပြန်လည်ပြုပြင်၏။ ရဲတိုက်များကိုလည်း တည်ဆောက်၏။ မြို့ရိုးအပြင်ဘက်တွင် မြို့ရိုးတစ်ခုကိုထပ်မံတည်ဆောက်၏။ ဒါဝိဒ်မြို့ရှိ မိလ္လောကိုလည်း ခိုင်ခံ့အောင်ပြုလုပ်၏။ လက်နက်နှင့်ဒိုင်းလွှားအမြောက်အမြားကိုလည်း ပြုလုပ်၏။