၃ ရာ 8:50 - မြန်မာ့စံမီသမ္မာကျမ်း50 ကိုယ်တော်ကိုပြစ်မှားမိသော ကိုယ်တော့်လူမျိုးတော်တို့၏အပြစ်ကို ခွင့်လွှတ်တော်မူပါ။ ကိုယ်တော်ကို သူတို့ဆန့်ကျင်ကျူးလွန်မိသောအပြစ်အလုံးစုံတို့ကို ခွင့်လွှတ်တော်မူပါ။ သူတို့ကို ဖမ်းခေါ်သွားသောသူတို့အား သနားတတ်သောစိတ်ကိုပေးတော်မူပါ။ သို့မှ သူတို့ကို သနားပါလိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible50 ကိုယ်တော်အားသူတို့ပြစ်မှားပုန်ကန်သည့် အပြစ်မှန်သမျှကိုဖြေလွှတ်တော်မူပါ။ ရန်သူများသည်သူတို့အားသနားကြင် နာကြပါစေသော။- အခန်းကိုကြည့်ပါ။Garrad Bible50-51 အိ ဂျစ် ပြည် သံ မိုက် လုံ ထဲ မှ ထုတ် ဆောင် တော် မူ ခဲ့ သော ပိုင် တော် မူ ရာ လူ မျိုး တော် ဖြစ် လျက် ကိုယ် တော် အား ပြစ် မှား မိ သော ထို လူ မျိုး တော်၏ လွန် ကျူး မှု ရှိ သ မျှ ကို ဖြေ လွှတ်၍ သုံ ဘမ်း သိမ်း သွား သူ တို့ ရှေ့၊ သ နား ဖွယ် ဖြစ် စေ တော် မူ သည့် အ တိုင်း စာ နာ ကြ ပါ စေ သော။ အခန်းကိုကြည့်ပါ။Judson Bible50 ကိုယ်တော်၏လူတို့သည် ကိုယ်တော်ကိုပြစ်မှားသော်လည်း၊ ကိုယ်တော်ကို ပြစ်မှားလွန်ကျူးခြင်းအပြစ် အလုံးစုံတို့ကို ဖြေရှင်းတော်မူပါ။ သိမ်းသွားသောသူတို့သည် ကိုယ်တော်၏လူတို့ကို သနားစေခြင်းငှာ၊ ကရုဏာစိတ်သဘောကို ပေးတော်မူပါ။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားထံ သင်တို့ပြန်လာလျှင် ဖမ်းခေါ်သွားသူတို့သည် သင်တို့ညီအစ်ကိုများ၊ သားမြေးများကို သနား၍ သူတို့သည် ဤပြည်သို့ ပြန်လာရကြလိမ့်မည်။ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ကျေးဇူးပြုတတ်သောသဘော၊ သနားစုံမက်တတ်သောသဘောရှိတော်မူသောကြောင့် သင်တို့သည် အထံတော်သို့ပြန်လာလျှင် ကိုယ်တော်သည် သင်တို့ကိုမျက်နှာလွှဲတော်မူမည်မဟုတ်”ဟု ပါရှိ၏။
အို ဘုရားရှင်၊ ကိုယ်တော့်အစေအပါး၏ဆုတောင်းသံကို နားညောင်းတော်မူပါ။ ကိုယ်တော်၏နာမတော်အား ကြောက်ရွံ့ရိုသေရသည်ကိုနှစ်သက်သော ကိုယ်တော့်အစေအပါးတို့၏ဆုတောင်းသံကို နားညောင်းတော်မူပါ။ ယနေ့ ကိုယ်တော့်အစေအပါးအား အောင်မြင်ခွင့်ပေးတော်မူပါ။ မင်းကြီးရှေ့မှာ ဤလူမျက်နှာသာရပါစေသော”ဟု ဆုတောင်း၏။ ထိုစဉ်က ငါသည် ရှင်ဘုရင်၏ဖလားတော်ဝန် ဖြစ်၏။