ကမ္ဘာဦး 25:21 - မြန်မာ့စံမီသမ္မာကျမ်း21 ဣဇက်သည် မိမိမယားမြုံသောကြောင့် သူ့အတွက် ထာဝရဘုရားထံဆုတောင်း၏။ ထာဝရဘုရားသည် သူ၏ဆုတောင်းသံကိုနားညောင်းတော်မူ၍ သူ၏မယားရေဗက္ကာသည် ကိုယ်ဝန်ဆောင်လေ၏။ အခန်းကိုကြည့်ပါ။Common Language Bible21 ရေဗက္ကတွင်သားသမီးမထွန်းကားသဖြင့် ဣဇာက် သည်ထာဝရဘုရားထံ၌သားသမီးဆုကို တောင်းလေသည်။ ထာဝရဘုရားသည်သူ၏ ဆုတောင်းသံကိုနားညောင်းတော်မူ၍ရေဗက္က ၌ပဋိသန္ဓေစွဲလေ၏။- အခန်းကိုကြည့်ပါ။Garrad Bible21 ဣ ဇာက် သည် မ ယား မြုံ သော ကြောင့် ထာ၀ ရ ဘု ရား ထံ သား ဆု ပန် သည့် အ တိုင်း ထာ၀ ရ ဘု ရား နား ညောင်း တော် မူ၍ မ ယား ရေ ဗ က္က သ န္ဓေ ရ ရှိ လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible21 ဣဇာက်သည်၊ မိမိမယားရေဗက္ကမြုံသောကြောင့်၊ ထာဝရဘုရားကို တောင်းပန်၍၊ ထာဝရဘုရားနားထောင်တော်မူသဖြင့်၊ သူ၏မယားသည် ပဋိသန္ဓေ စွဲယူလေ၏။ အခန်းကိုကြည့်ပါ။ |
ထို့ကြောင့် စာရဲက အာဗြံအား “ကြည့်ရှုလော့။ ထာဝရဘုရားသည် အကျွန်ုပ်အား သားသမီးမွေးဖွားခွင့်ပေးတော်မမူ။ အကျွန်ုပ်၏ကျွန်မထံသို့ ဝင်ပါလော့။ အကျွန်ုပ်သည် သူ့အားဖြင့် မိသားစုတစ်ခုတည်ဆောက်နိုင်ကောင်းတည်ဆောက်နိုင်လိမ့်မည်”ဟု ဆိုလျှင် အာဗြံသည်လည်း စာရဲ၏စကားကိုနားထောင်လေ၏။
“ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၊ ကိုယ်တော့်ကျွန်မ ခံရသောဆင်းရဲဒုက္ခကို အကယ်စင်စစ် ကြည့်တော်မူပါ။ ကိုယ်တော့်ကျွန်မကို မမေ့လျော့ဘဲ အောက်မေ့တော်မူပါ။ ကိုယ်တော့်ကျွန်မအား သားယောက်ျားကိုပေးသနားတော်မူပါ။ သို့ပြုလျှင် အကျွန်ုပ်သည် သူ့ဘဝတစ်ခုလုံးကို ထာဝရဘုရားထံ ဆက်ကပ်အပ်နှံပါမည်။ သူ့ဆံပင်ကိုလည်း မရိတ်ပါ”ဟု ကတိသစ္စာပြုဆုတောင်းလေ၏။