Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယောဘဝတ္တု။ 22:27 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

27 သင်​ဆုတောင်း​သောအခါ ကိုယ်တော်​သည် နားညောင်း​တော်မူ​မည်​။ သင်​ပြု​ထား​သော​ကတိသစ္စာ​များ​ကို​လည်း သင်​ပြည့်စုံ​စေ​နိုင်​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

27 သင်ဆုတောင်းသောအခါ နားထောင်တော်မူ မည်။ သစ္စာဂတိထားသည်အတိုင်း၊ သစ္စာဝတ်ဖြေရသော အခွင့်ရှိလိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

27 တောင်း ပန်၍ နား ညောင်း တော် မူ သ ဖြင့်၊ သင်၏ သ စ္စာ ဝတ် ကို ဖြေ ရ လ တံ့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

27 သင်​ဆု​တောင်း​သော​အ​ခါ နား​ထောင်​တော်​မူ​မည်။ သ​စ္စာ​က​တိ​ထား​သည်​အ​တိုင်း၊ သ​စ္စာ​ဝတ်​ဖြေ​ရ​သော​အ​ခွင့် ရှိ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယောဘဝတ္တု။ 22:27
22 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ ယောခတ်​မင်းကြီး​သည် ထာဝရဘုရား​ထံ တိုးလျှိုးတောင်းပန်​လေ​၏​။ အစ္စရေး​လူမျိုး​တို့​အား ဆီးရီးယား​ဘုရင်​ဖိနှိပ်​ညှဉ်းဆဲ​သည်​ကို ထာဝရဘုရား မြင်​တော်မူ​သဖြင့် သူ​၏​တောင်းပန်သံ​ကို နားညောင်း​တော်မူ​၏​။


ယာဗက်​က အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထံ “​အကျွန်ုပ်​ကို ကောင်းချီးပေး​တော်မူ​ပါ​။ အကျွန်ုပ်​နယ်မြေ​ကို ကျယ်ဝန်း​စေ​တော်မူ​ပါ​။ အကျွန်ုပ်​နှင့်အတူ ပါရှိ​တော်မူ​ပြီး ထိခိုက်ဒဏ်ရာ​ရ​မည့်​ဘေးအန္တရာယ်​မှ ကွယ်ကာ​တော်မူ​ပါ​”​ဟု အော်ဟစ်​ဆုတောင်း​သောအခါ သူ​ဆုတောင်း​သည့်​အတိုင်း ဘုရားသခင်​ပေးသနား​တော်မူ​၏​။


သူ​ဆုတောင်း​သောအခါ ကိုယ်တော်​သည် သူ့​ကို​ထူး​တော်မူ​၏​။ သူ​အသနားခံ​သည်​ကို နားညောင်း​ပြီး သူ့​ကို သူ​၏​တိုင်းနိုင်ငံ​၊ ဂျေရုဆလင်​မြို့​သို့ ပြန်လာ​စေ​တော်မူ​၏​။ ထိုအခါ ထာဝရဘုရား​သည် ဘုရားသခင်​ဖြစ်​တော်မူ​ကြောင်း​ကို မနာရှေ​မင်းကြီး​သိမြင်​လေ​၏​။


သင်​သည် ကိုယ့်​စိတ်နှလုံး​ကို ပြင်ဆင်​၍ ကိုယ်တော့်​ထံ လက်ဖြန့်​လျှင်​၊


သူ​သည် အနန္တတန်ခိုးရှင်​ကို နှစ်သက်​လိမ့်မည်​လော​။ ဘုရားသခင်​ထံ အစဉ်​အော်ဟစ်​ဆုတောင်း​လိမ့်မည်​လော​။


သူ​သည် ဘုရားသခင်​ထံ​ဆုတောင်း​မည်​။ ဘုရားသခင်​သည်​လည်း သူ့​ကို​လက်ခံ​တော်မူ​မည်​။ ဝမ်းမြောက်​စွာ​ကြွေးကြော်​လျက် မျက်နှာ​တော်​ကို ဖူးမြင်​ရ​လိမ့်မည်​။ သူ့​ကို နဂိုမူလအတိုင်း​ပြန်လည်​ဖြောင့်မတ်​စေ​တော်မူ​မည်​။


ဆင်းရဲ​သော​သူ​တို့​၏​ငိုကြွေးသံ​ကို အထံ​တော်​သို့ ရောက်​စေ​၍ အဖိနှိပ်​ခံရ​သော​သူ​တို့​၏​ငိုကြွေးသံ​ကို ကိုယ်တော်​ကြား​တော်မူ​၏​။


သင်​သာ သန့်ရှင်း​ဖြောင့်မတ်​မည်​ဆို​လျှင် ယခုပင် ကိုယ်တော်​သည် ထ​၍ သင်​၏​ဖြောင့်မတ်​ခြင်း​တည်​ရာ​ကို ပြန်ပေး​တော်မူ​မည်​။


ထာဝရဘုရား​သည် ငါ​၏​အသံ​၊ ငါ​၏​အသနားခံ​ခြင်း​ကို နားညောင်း​တော်မူ​သောကြောင့် ငါ​သည် ကိုယ်တော်​ကို ချစ်​၏​။


ထာဝရဘုရား​ထံ​ပြု​ထား​သော ငါ​၏​ကတိသစ္စာ​များ​ကို ကိုယ်တော်​၏​လူမျိုး​တော်​အားလုံး​ရှေ့​၌ ငါ​ပြည့်စုံ​စေ​မည်​။


အို ဘုရားသခင်​၊ ကိုယ်တော့်​ထံ​ပြု​ထား​သော​ကတိသစ္စာ​များ​သည် အကျွန်ုပ်​၌​ရှိ​ပါ​၏​။ အကျွန်ုပ်​သည် ကိုယ်တော်​အား ကျေးဇူးတော်​ချီးမွမ်း​ခြင်း​ဖြင့် ၎င်း​ကို​ပြည့်စုံ​စေ​ပါ​မည်​။


အကြောင်းမူကား အို ဘုရားသခင်​၊ ကိုယ်တော်​သည် အကျွန်ုပ်​၏​ကတိသစ္စာ​စကား​များ​ကို ကြား​တော်မူ​၍ ကိုယ်တော်​၏​နာမ​တော်​ကို ကြောက်ရွံ့​သော​သူ​တို့​ဆက်ခံ​ရ​သည့်​အမွေ​ကို အကျွန်ုပ်​အား ပေး​တော်မူ​ပြီ​။


သူ​သည် ငါ့​ကို​ခေါ်​သောအခါ သူ့​ကို​ငါ​ထူး​မည်​။ ဆင်းရဲဒုက္ခ​ရောက်​သောအခါ သူ​နှင့်အတူ​ငါ​ရှိ​မည်​။ ငါ​သည် သူ့​ကို​ကယ်မ​၍ သူ့​ကို​ဂုဏ်ပြု​မည်​။


ဘုရားသခင်​အား ကတိသစ္စာ​ပြု​သောအခါ ၎င်း​ကို​ပြည့်စုံ​စေရန် မ​နှောင့်နှေး​စေ​နှင့်​။ အကြောင်းမူကား ကိုယ်တော်​သည် မိုက်မဲ​သော​သူ​ကို နှစ်သက်​တော်​မ​မူ​။ သင်​ကတိသစ္စာ​ပြု​ထား​သည့်​အတိုင်း ပြည့်စုံ​စေ​လော့​။


သင်​ခေါ်​သောအခါ ထာဝရဘုရား ထူး​တော်မူ​မည်​။ အကူအညီ​အော်ဟစ်​တောင်းခံ​သောအခါ “​ငါ​ရှိ​၏​”​ဟု မိန့်​တော်မူ​မည်​။ သင်​သည် သူတစ်ပါး​ကို​လက်ညှိုးထိုး​ခြင်း​၊ ယုတ်ညံ့​သော​စကား​ပြောဆို​ခြင်း​ဟူသော သင့်​တွင်​ရှိ​သော​ထမ်းပိုး​ကို ဖယ်ရှား​၍


သင်​တို့​သည် ငါ့​ကို​ခေါ်​လိမ့်မည်​။ ငါ့​ထံသို့ လာ​၍​ဆုတောင်း​လိမ့်မည်​။ ငါ​သည်​လည်း သင်​တို့​ကို နားထောင်​မည်​။


အကျွန်ုပ်​မူကား ကိုယ်တော့်​ထံ ကျေးဇူးတော်​ချီးမွမ်း​ခြင်း​ယဇ်​ကို ပူဇော်​ပါ​မည်​။ ကတိသစ္စာ​ထား​သည့်​အတိုင်း ပြု​ပါ​မည်​။ ကယ်တင်​ခြင်း​သည် ထာဝရဘုရား​ထံ​တော်​မှ လာ​ပါ​၏​”​ဟု ဆုတောင်း​လေ​၏​။


သင်​၏​ဘုရားသခင်​ထာဝရဘုရား​အား ကတိသစ္စာ​ပြု​လျှင် သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် ထို​ကတိသစ္စာ​ကို သင့်​ထံ​မှ မုချ​တောင်း​တော်မူ​မည်​ဖြစ်၍ ထို​ကတိသစ္စာ​ကို​ပြည့်စုံ​စေရန် မ​နှောင့်နှေး​နှင့်​။ နှောင့်နှေး​လျှင် သင့်​အပေါ် အပြစ်​သက်ရောက်​မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ