ဆာလံ 46:10 - မြန်မာ့စံမီသမ္မာကျမ်း10 “ငြိမ်ဝပ်စွာနေ၍ ငါသည်ဘုရားသခင်ဖြစ်ကြောင်း သိမှတ်ကြလော့။ ငါသည် လူမျိုးတကာတို့အလယ်တွင် ချီးမြှောက်ခြင်းရှိလိမ့်မည်။ ကမ္ဘာမြေကြီးပေါ်တွင် ချီးမြှောက်ခြင်းရှိလိမ့်မည်။” အခန်းကိုကြည့်ပါ။Common Language Bible10 ကိုယ်တော်က``တိုက်ခိုက်မှုကိုရပ်စဲကြလော့၊ ငါသည်လူမျိုးတကာတို့တွင်လည်းကောင်း၊ ကမ္ဘာတစ်ဝန်းလုံးတွင်လည်းကောင်း ဘုရားဖြစ်တော်မူသည်ကိုသိမှတ်ကြလော့'' ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible10 ငြိမ် ဝပ် စွာ နေ ကြ စေ။ ငါ သည် ဘု ရား သ ခင် ဖြစ် ကြောင်း သိ မှတ် ကြ စေ။ လူ မျိုး ခြား တို့ တွင် ဘုန်း ပွင့် မည်။ မြေ ကြီး ပေါ် မှာ ဘုန်း ပွင့် မည်။ အခန်းကိုကြည့်ပါ။Judson Bible10 ငြိမ်ဝပ်လျက်နေကြလော့။ ငါကား ဘုရားသခင်ဖြစ်သည်ဟု သိမှတ်ကြလော့။ လူမျိုးတို့တွင် ငါသည် ဘုန်းပွင့်မည်။ မြေကြီးပေါ်မှာ ဘုန်းပွင့်မည်။ အခန်းကိုကြည့်ပါ။ |
အို ထာဝရဘုရား၊ ကိုယ်တော်သည် ကြီးမြတ်တော်မူပါ၏။ အစွမ်းတန်ခိုး၊ ဘုန်းတော်၊ ဂုဏ်တော်နှင့်ပြည့်စုံပါ၏။ ခန့်ညားထည်ဝါပါ၏။ ကောင်းကင်နှင့် မြေကြီးပေါ်ရှိအရာအားလုံးကို ပိုင်သတော်မူပါ၏။ နိုင်ငံတော်သည် ထာဝရဘုရားပိုင်တော်မူရာဖြစ်ပါ၏။ ကိုယ်တော်သည် အရာခပ်သိမ်း၏ဦးခေါင်းထက်တွင် ချီးမြှောက်ခြင်းခံရသောအရှင် ဖြစ်တော်မူပါ၏။
ညဦးပိုင်းယဇ်ပူဇော်ရမည့်အချိန်ရောက်သောအခါ ပရောဖက်ဧလိယသည် ယဇ်ပလ္လင်နားချဉ်းလာ၍ “အာဗြဟံ၊ ဣဇက်၊ အစ္စရေးတို့၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သည် အစ္စရေးလူမျိုးတွင်ဘုရားသခင်ဖြစ်ကြောင်း၊ အကျွန်ုပ်သည် ကိုယ်တော်၏အစေအပါးဖြစ်ပြီး ကိုယ်တော်၏အမိန့်တော်ဖြင့် ဤအရာအားလုံးကိုပြုခြင်းဖြစ်ကြောင်း ယနေ့ ဤလူတို့ကို သိစေတော်မူပါ။
ယနေ့တွင် ထာဝရဘုရားသည် သင့်ကို ငါ့လက်သို့အပ်နှံတော်မူမည်။ သင့်ကို ငါသတ်ပြီး သင့်ခေါင်းကို ဖြတ်ပစ်မည်။ ယနေ့ပင် ဖိလိတ္တိလူမျိုးစစ်သည်အသေကောင်များကို မိုးကောင်းကင်ငှက်များ၊ တောရိုင်းတိရစ္ဆာန်များအား ကျွေးပစ်မည်။ သို့မှ အစ္စရေးလူမျိုးတို့၌ ဘုရားသခင်ရှိတော်မူကြောင်းကို ကမ္ဘာမြေတစ်ခွင်လုံး သိရကြလိမ့်မည်။
ကိုယ်တော်သည် လူမျိုးတကာတို့ကို တရားစီရင်၍ လူများစွာတို့ကို ဆုံးမတော်မူမည်။ ထိုအခါ သူတို့သည် မိမိတို့၏ဓားများကို ထယ်များအဖြစ်၊ မိမိတို့၏လှံများကို တံစဉ်များအဖြစ် ထုလုပ်ကြလိမ့်မည်။ လူမျိုးတစ်မျိုးနှင့်တစ်မျိုး ဓားကိုမြှောက်၍ တိုက်ခိုက်တော့မည်မဟုတ်။ စစ်ရေးလေ့ကျင့်ခြင်းလည်း ရှိတော့မည်မဟုတ်။
ကိုယ်တော်သည် လူမျိုးများစွာတို့ကို စီရင်တော်မူမည်။ ရပ်ဝေးမှအားကြီးသောလူမျိုးတို့ကို ဆုံးမတော်မူမည်။ သူတို့သည် မိမိတို့၏ဓားများကို ထယ်အဖြစ်၊ လှံများကို တံစဉ်အဖြစ် ထုလုပ်ကြလိမ့်မည်။ လူမျိုးတစ်မျိုးနှင့်တစ်မျိုး ဓားနှင့် တိုက်ခိုက်ကြတော့မည်မဟုတ်။ စစ်ရေးလေ့ကျင့်ခြင်းလည်း ရှိတော့မည်မဟုတ်။