အကျွန်ုပ်သည် မိမိ၏ဘဝလမ်းကို ဆင်ခြင်၍ အကျွန်ုပ်၏ခြေလှမ်းကို ကိုယ်တော်၏သက်သေခံချက်များထံသို့ ပြန်လှည့်စေပါ၏။
၂ ကော 13:5 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် ယုံကြည်ခြင်း၌တည်နေခြင်းရှိ၊ မရှိ မိမိကိုယ်ကိုစမ်းသပ်ကြလော့။ မိမိကိုယ်ကိုစစ်ဆေးကြလော့။ သင်တို့အထဲ၌ ယေရှုခရစ်တော်ရှိကြောင်း သင်တို့ကိုယ်တိုင်မသိကြသလော၊ သို့မဟုတ် သင်တို့သည် စုံစမ်းစစ်ဆေးခြင်း၌ကျရှုံးသောသူများဖြစ်လေပြီလော။ Common Language Bible သင်တို့သည်ယုံကြည်ခြင်း၌တည်ကြည်သူများ ဟုတ်မဟုတ် မိမိတို့ကိုယ်ကိုဆန်းစစ်ကြလော့။ ဤ သို့အစစ်အဆေးခံရာတွင်အောင်မြင်ပါမူ သင် တို့သည်မိမိတို့စိတ်နှလုံးအတွင်း၌ ခရစ်တော် ကိန်းအောင်းတော်မူကြောင်းအသေအချာသိရှိ ကြမည်။- Garrad Bible သင် တို့ သည် ယုံ ကြည် ခြင်း တ ရား၌ တည်၊ မ တည် ကိုယ် ကို စုံ စမ်း လျက် စံ ချ ကြ လော့။ စံ တော် မ မှီ သူ များ မ ဟုတ် ခဲ့ လျှင် သင် တို့၌ ယေ ရှု ခ ရစ် တည် တော် မူ ကြောင်း ကိုယ် တိုင် မ သိ ကြ လော။ Judson Bible သင်တို့သည် ယုံကြည်ခြင်း၌ တည်သလော၊ မတည်လောဟု ကိုယ်ကိုကိုယ် စစ်ကြောကြလော့။ ကိုယ်ကိုကိုယ် စုံစမ်းကြလော့။ အစစ်မခံနိုင်သော သူမမှန်လျှင်၊ ယေရှုခရစ်သည် သင်တို့၌ တည်တော်မူသည်ဟု ကိုယ်အကြောင်းကို ကိုယ်မသိကြသလော။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့သည် ယုံကြည်ခြင်း၌ တည်သောသူများ ဖြစ်သည်၊ မဖြစ်သည်ကို မိမိကိုယ်ကိုယ် ဆန်းစစ်ကြလော့။ မိမိကိုယ်ကိုယ် စစ်ဆေးကြလော့။ ယေရှုခရစ်တော်သည် သင်တို့အထဲ၌ ကိန်းဝပ်တော်မူကြောင်း သင်တို့မသိကြသလော။ စစ်ဆေးရာတွင် ကျရှုံးလျှင်မူ ယေရှုခရစ်တော်သည် သင်တို့အထဲ၌ ကိန်းဝပ်တော်မူသည်မဟုတ်။ |
အကျွန်ုပ်သည် မိမိ၏ဘဝလမ်းကို ဆင်ခြင်၍ အကျွန်ုပ်၏ခြေလှမ်းကို ကိုယ်တော်၏သက်သေခံချက်များထံသို့ ပြန်လှည့်စေပါ၏။
ကိုယ်တော်သည် အကျွန်ုပ်၏စိတ်နှလုံးကိုစစ်ဆေးတော်မူ၏။ ညအချိန်၌ အကျွန်ုပ်ကို စစ်ကြောတော်မူ၏။ အကျွန်ုပ်ကိုစစ်ကြောလျှင်လည်း အကျွန်ုပ်၌မည်သည့်အရာမျှတွေ့ရမည်မဟုတ်ပါ။ အကျွန်ုပ်၏နှုတ်သည် အပြစ်မကျူးလွန်မိစေရန် အကျွန်ုပ်စိတ်ပိုင်းဖြတ်ထားပါ၏။
အို ထာဝရဘုရား၊ အကျွန်ုပ်ကိုစစ်ဆေး၍ အကျွန်ုပ်ကိုစမ်းသပ်တော်မူပါ။ အကျွန်ုပ်၏စိတ်နှလုံးအတွင်းသဘောကို စစ်ကြောတော်မူပါ။
ထိုသူတို့ကို ထာဝရဘုရားပယ်တော်မူပြီဖြစ်၍ သူတို့သည် ပယ်ထားသောငွေဟူ၍ အခေါ်ခံရမည်။
သူကျူးလွန်မိသောအပြစ်များကိုသိမြင်လာပြီး နောင်တရသောကြောင့် သူသည် အမှန်ပင် အသက်ချမ်းသာရာရလိမ့်မည်၊ သေရမည်မဟုတ်။
ထို့ကြောင့် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘သင်တို့၏အပြုအမူအကျင့်အကြံများကို ဆင်ခြင်ကြလော့။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘သင်တို့၏အပြုအမူအကျင့်အကြံများကို ဆင်ခြင်ကြလော့’ဟု မိန့်ဆိုပြီ။
ယေရှုကလည်း“မည်သူမဆို ငါ့ကိုချစ်လျှင် ငါ့စကားကို လိုက်နာစောင့်ထိန်းလိမ့်မည်။ ငါ့ခမည်းတော်သည်လည်း ထိုသူကိုချစ်တော်မူသဖြင့် ငါတို့သည် သူ့ထံသို့လာ၍ သူနှင့်အတူနေထိုင်မည်။
ငါ၌တည်နေကြလော့။ ငါသည်လည်း သင်တို့၌တည်နေမည်။ စပျစ်ကိုင်းသည် စပျစ်ပင်၌မတည်မနေလျှင် အလိုအလျောက်အသီးမသီးနိုင်သကဲ့သို့ သင်တို့သည်လည်း ငါ၌မတည်မနေလျှင် အသီးမသီးနိုင်။
အကျွန်ုပ်သည် သူတို့၌ရှိ၍ ကိုယ်တော်သည် အကျွန်ုပ်၌ရှိပါ၏။ ဤသည်ကား သူတို့ကို တစ်လုံးတစ်ဝတည်း၌ပြီးပြည့်စုံစေရန်ဖြစ်ပြီး ကိုယ်တော်သည် အကျွန်ုပ်ကိုစေလွှတ်တော်မူကြောင်းနှင့် အကျွန်ုပ်ကို ကိုယ်တော်ချစ်သကဲ့သို့ သူတို့ကိုလည်း ချစ်တော်မူကြောင်းကို လောကီသားတို့သိကြစေရန်ဖြစ်ပါ၏။
အကျွန်ုပ်ကို ကိုယ်တော်ချစ်တော်မူသောချစ်ခြင်းမေတ္တာသည် သူတို့၌တည်ရှိ၍ အကျွန်ုပ်သည်လည်း သူတို့၌တည်ရှိရန် ကိုယ်တော်၏နာမတော်ကို သူတို့အား အကျွန်ုပ်သိစေပါပြီ။ ဆက်လက်၍လည်း သိစေပါဦးမည်”ဟု မြွက်ဆိုတော်မူ၏။
ငါ၏အသားကိုစား၍ ငါ၏သွေးကိုသောက်သောသူသည် ငါ၌တည်၏။ ငါသည်လည်း ထိုသူ၌တည်၏။
ဤသည်ကား ဖိလိပ္ပုကိုစမ်းသပ်လို၍ မေးတော်မူခြင်းသာဖြစ်ပြီး မိမိမည်သို့ပြုမည်ကို သိနှင့်ပြီဖြစ်၏။
ထိုမှတစ်ပါး သူတို့သည် ဘုရားသခင်ကိုမသိမမှတ်လိုသောကြောင့် ဘုရားသခင်သည် သူတို့ကို ယုတ်ညံ့သောစိတ်ထံသို့ အပ်လိုက်တော်မူသဖြင့် သူတို့သည် မပြုအပ်သောအရာများကို ပြုကြကုန်၏။
သို့ရာတွင် ခရစ်တော်သည် သင်တို့အထဲ၌ရှိတော်မူလျှင် ကိုယ်ခန္ဓာသည် အပြစ်ကြောင့် သေနေသော်လည်း ဝိညာဉ်သည် ဖြောင့်မတ်ခြင်းကြောင့် အသက်ရှင်လျက်ရှိ၏။
ထို့ကြောင့် လူတိုင်း ကိုယ့်ကိုယ်ကိုယ်စစ်ဆေးပြီးမှ မုန့်ကိုစားစေ။ ထိုနည်းတူ ခွက်ကိုလည်းသောက်စေ။
သို့သော် ငါတို့သည် မိမိတို့ကိုယ်ကိုပိုင်းခြား၍သိလျှင် စီရင်ခြင်းခံရမည်မဟုတ်။
သင်တို့သည် ဘုရားသခင်၏ဗိမာန်တော်ဖြစ်ကြပြီး ဘုရားသခင်၏ဝိညာဉ်တော်သည် သင်တို့အထဲ၌ကိန်းဝပ်တော်မူကြောင်းကို သင်တို့မသိကြသလော။
သင်တို့၏ကိုယ်ခန္ဓာသည် ခရစ်တော်၏ကိုယ်အင်္ဂါဖြစ်ကြောင်း မသိကြသလော။ သို့ဖြစ်လျှင် ခရစ်တော်၏ကိုယ်အင်္ဂါကိုယူ၍ ပြည့်တန်ဆာ၏ကိုယ်အင်္ဂါဖြစ်စေရမည်လော။ လုံးဝမဖြစ်စေရ။
သင်တို့၏ကိုယ်ခန္ဓာသည် ဘုရားသခင်ထံမှ သင်တို့ရရှိထားသော သင်တို့အထဲ၌တည်နေသည့် သန့်ရှင်းသောဝိညာဉ်တော်၏ဗိမာန်တော်ဖြစ်ကြောင်းကိုလည်းကောင်း၊ သင်တို့ကိုယ်သင်တို့မပိုင်ကြောင်းကိုလည်းကောင်း သင်တို့မသိကြသလော။
သန့်ရှင်းသူတို့သည် ဤလောကကိုစီရင်ရမည်ဖြစ်ကြောင်း သင်တို့မသိကြသလော။ သင်တို့သည် ဤလောကကိုစီရင်ရသည်ဆိုလျှင် အငယ်ဆုံးသောအမှုများကိုပင် စီရင်နိုင်စွမ်းမရှိကြသလော။
အားကစားကွင်းထဲ၌ အပြေးပြိုင်သောသူတို့သည် အားလုံးပြေးကြသည်မှန်သော်လည်း တစ်ဦးတည်းသာ ဆုရရှိကြောင်းကို သင်တို့မသိကြသလော။ ထို့ကြောင့် သင်တို့သည် ဆုရရှိမည့်အကြောင်း ပြေးကြလော့။
သူတစ်ပါးကို သွန်သင်ပြီးမှ ငါကိုယ်တိုင်ကျရှုံးသောသူ မဖြစ်စေရန် ငါသည် မိမိကိုယ်ခန္ဓာကို ထိုးနှက်၍ နာခံစေ၏။
ဘုရားသခင်၏ဗိမာန်တော်နှင့်ရုပ်တုတို့အကြား၌ မည်သို့သောသဘောတူညီမှုရှိသနည်း။ ဘုရားသခင်က “ငါသည် သူတို့အထဲတွင်ကိန်းဝပ်လျက် သူတို့အလယ်၌သွားလာကာ သူတို့၏ဘုရားသခင်ဖြစ်မည်။ သူတို့သည်လည်း ငါ၏လူမျိုးဖြစ်ကြလိမ့်မည်”ဟု မိန့်တော်မူခဲ့သည့်အတိုင်း ငါတို့သည် အသက်ရှင်တော်မူသော ဘုရားသခင်၏ဗိမာန်တော်ဖြစ်ကြ၏။
သို့ဖြစ်၍ ငါအသက်ရှင်သည်မှာ ငါကိုယ်တိုင်မဟုတ်တော့ဘဲ ခရစ်တော်သည် ငါ၌အသက်ရှင်တော်မူ၏။ ယခု ကိုယ်ကာယ၌ ငါအသက်ရှင်သည်မှာ ငါ့ကိုချစ်၍ ငါ့အတွက် မိမိကိုယ်ကိုစွန့်တော်မူသော ဘုရားသခင်၏သားတော်ကို ယုံကြည်ခြင်းအားဖြင့် အသက်ရှင်ခြင်းဖြစ်၏။
ခရစ်တော်၏အသွင်သဏ္ဌာန်သည် သင်တို့ထဲ၌ ပေါ်ပေါက်လာသည့်တိုင်အောင် သင်တို့အတွက် သားဖွားခြင်းဝေဒနာကို ငါတစ်ဖန်ခံစားရသော ငါ့သားသမီးတို့၊
လူတိုင်း မိမိပြုသောအမှုကို စစ်ဆေးပါစေ။ သို့ပြုလျှင် သူတစ်ပါး၌မဟုတ်ဘဲ မိမိတစ်ကိုယ်တည်း၌ ဂုဏ်ယူဝါကြွားစရာအကြောင်းရှိလိမ့်မည်။
ယုံကြည်ခြင်းအားဖြင့် သင်တို့စိတ်နှလုံးထဲ၌ ခရစ်တော်သည် ကိန်းဝပ်တော်မူမည့်အကြောင်းနှင့် သင်တို့သည် မေတ္တာတော်၌ အမြစ်တွယ်၍အုတ်မြစ်ချထားကာ
သို့သော် သင်တို့သည် သင်တို့ကြားခဲ့ရသည့် ကောင်းမြတ်သောသတင်း၏မျှော်လင့်ခြင်းမှ သွေဖည်မသွားဘဲ ခိုင်မြဲစွာအုတ်မြစ်ချထားသည့် ယုံကြည်ခြင်း၌ ဆက်၍တည်နေရမည်။ ထိုကောင်းမြတ်သောသတင်းကို ကောင်းကင်အောက်ရှိ ဖန်ဆင်းခံလောကတစ်ခုလုံးအား ဟောပြောနေသည်ဖြစ်၍ ငါပေါလုသည် ၎င်း၏အမှုတော်ဆောင်ဖြစ်လာ၏။
ဤလျှို့ဝှက်နက်နဲသောအရာသည် လူမျိုးခြားတို့တွင် ဘုန်းအသရေနှင့်မည်မျှကြွယ်ဝသည်ကို သန့်ရှင်းသူတို့အားသိစေရန် ဘုရားသခင်အလိုရှိတော်မူ၏။ ဤလျှို့ဝှက်နက်နဲသောအရာမှာ ဘုန်းအသရေတော်နှင့်ဆိုင်သောမျှော်လင့်ခြင်းဖြစ်သည့် သင်တို့ထဲ၌ရှိတော်မူသောခရစ်တော်ဖြစ်၏။
ဦးခေါင်းတော်၌ စွဲမြဲခြင်းမရှိကြ။ ထိုဦးခေါင်းတော်မှတစ်ဆင့် ကိုယ်ခန္ဓာတစ်ခုလုံးသည် အကြောအဆစ်များအားဖြင့် ထောက်မခြင်းနှင့်ပေါင်းစည်းခြင်းကိုခံရလျက် ဘုရားသခင်ကြီးထွားစေတော်မူသည့်အတိုင်း ကြီးထွား၏။
ကိုယ်တော်၌အမြစ်တွယ်၍ တည်ဆောက်ခြင်းခံရကာ သင်တို့သင်ယူခဲ့သည့်အတိုင်း ယုံကြည်ခြင်း၌တည်မြဲလျက် ကျေးဇူးတော်ချီးမွမ်းခြင်းနှင့်ပြည့်စုံကြလော့။
သို့သော် အမျိုးသမီးတို့သည် ဣန္ဒြေစောင့်ခြင်းနှင့်တကွ ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့် သန့်ရှင်းခြင်းတို့၌တည်လျှင် သားဖွားခြင်းအမှုအားဖြင့် ကယ်တင်ခြင်းခံရလိမ့်မည်။
ယန္နေနှင့်ယံဗြေတို့သည် မောရှေကိုဆန့်ကျင်ခဲ့သည့်နည်းတူ ထိုသူတို့သည်လည်း သမ္မာတရားကိုဆန့်ကျင်ကြ၏။ သူတို့သည် စိတ်နှလုံးပျက်စီးယိုယွင်းလျက် ယုံကြည်ခြင်းအရာ၌ ကျရှုံးသောသူများဖြစ်ကြ၏။
ဤသက်သေခံချက်သည်မှန်ပေ၏။ ထို့ကြောင့် ဂျူးလူမျိုးတို့၏ဒဏ္ဍာရီများနှင့် သမ္မာတရားကိုစွန့်ပယ်သောသူတို့၏ပညတ်ချက်များအပေါ် အာရုံမစိုက်ဘဲ ယုံကြည်ခြင်းအရာ၌ မှန်ကန်ပြည့်စုံမှုရှိကြရန် သူတို့ကို ပြင်းထန်စွာဆိုဆုံးမလော့။
သူတို့သည် ဘုရားသခင်ကိုသိသည်ဟု ဝန်ခံကြသော်လည်း သူတို့ပြုသောအမှုများအားဖြင့် ဘုရားသခင်ကိုငြင်းပယ်၍ ရွံရှာဖွယ်ကောင်းသောသူ၊ နာခံခြင်းမရှိသောသူ၊ ကောင်းသောအမှုရှိသမျှနှင့်မထိုက်တန်သောသူများဖြစ်ကြ၏။
အသက်ကြီးသောယောက်ျားတို့အား သမ္မာသတိရှိသောသူ၊ တည်ကြည်လေးနက်သောသူ၊ ဣန္ဒြေစောင့်သောသူဖြစ်ကြရန်နှင့် ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့် သည်းခံခြင်းတို့၌ မှန်ကန်ပြည့်စုံမှုရှိကြရန် ဟောပြောလော့။
မည်သူမျှ ဘုရားသခင်၏ကျေးဇူးတော်မှ ကင်းကွာမသွားစေရန်လည်းကောင်း၊ ခါးသီးသောအမြစ်တစ်စုံတစ်ခုပေါက်လျက် သင်တို့ကိုနှောင့်ယှက်သဖြင့် လူများစွာတို့သည် ထိုအရာကြောင့် ညစ်ညူးစေခြင်းမခံရစေရန်လည်းကောင်း သတိပြုကြလော့။
ထို့ကြောင့် ဘုရားသခင်၏ငြိမ်ဝပ်ရာချမ်းသာထဲသို့ ဝင်ရမည့်ကတိတော်ရှိနေသေးလျက်နှင့် သင်တို့ထဲမှ မဝင်လိုက်ရဘဲနေမည့်သူတစ်စုံတစ်ဦးမျှမရှိစေရန် သတိထားကြကုန်စို့။
သို့ရာတွင် ဆူးပင်နှင့်ဆူးလေပင်များကိုပေါက်စေလျှင် အသုံးမဝင်သဖြင့် မကြာမီ ကျိန်ခြင်းခံရလျက် နောက်ဆုံး၌ မီးရှို့ခြင်းခံရ၏။
ဖောက်ပြန်သောသူတို့၊ လောကနှင့်မိတ်ဖွဲ့ခြင်းသည် ဘုရားသခင်ကိုရန်ဘက်ပြုခြင်းဖြစ်ကြောင်း သင်တို့မသိကြသလော။ ထို့ကြောင့် လောက၏မိတ်ဆွေဖြစ်လိုသောသူသည် ဘုရားသခင်၏ရန်သူဖြစ်၏။
ယုံကြည်ခြင်း၌ ခိုင်ခံ့စွာရပ်တည်လျက် ထိုမာရ်နတ်ကို တားဆီးကြလော့။ ကမ္ဘာပေါ်၌ရှိသော သင်တို့၏ညီအစ်ကိုများသည်လည်း ထိုကဲ့သို့သောဒုက္ခဝေဒနာများကို ရင်ဆိုင်ဖြတ်သန်းနေရကြောင်း သိမှတ်ကြလော့။
ထို့ကြောင့် သင်သည် မည်သည့်နေရာမှကျဆင်းခဲ့သည်ကို သတိရလျက် နောင်တရကာ ပထမပြုသောအမှုများကိုပြုလော့။ ထိုသို့မပြုဘဲ နောင်တလည်းမရပါက သင့်ထံသို့ငါလာ၍ သင်၏ဆီမီးခုံကို သူ့နေရာမှရွှေ့လိုက်မည်။