Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ဗြဲ 12:15 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 မည်သူမျှ ဘုရားသခင်​၏​ကျေးဇူး​တော်​မှ ကင်းကွာ​မ​သွား​စေရန်​လည်းကောင်း၊ ခါးသီး​သော​အမြစ်​တစ်စုံတစ်ခု​ပေါက်​လျက် သင်​တို့​ကို​နှောင့်ယှက်​သဖြင့် လူ​များစွာ​တို့​သည် ထို​အရာ​ကြောင့် ညစ်ညူး​စေ​ခြင်း​မ​ခံရ​စေရန်​လည်းကောင်း သတိပြု​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

15 ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​အ​ဘယ် သူ​မျှ​မ​ငြင်း​မ​ပယ်​စေ​နှင့်။ မြစ်​ခါး​ပင်​သည် မိ​မိ​၏​အ​ဆိပ်​ဖြင့်​လူ​အ​များ​အား​ဒုက္ခ ပေး​တတ်​၏။ အ​ဘယ်​သူ​မျှ​ထို​အ​ပင်​ကဲ့ သို့​မ​ဖြစ်​စေ​နှင့်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15 မည် သူ မျှ ဘု ရား သ ခင့် ကျေး ဇူး တော် နှင့် ကင်း၍ မ နေ စေ ခြင်း ငှာ လည်း ကောင်း၊ အ ခါး အ ဆိပ် ဖြစ် ပွား စေ သော အ မြစ် အ ညွန့် ပေါက်၍ နှောင့် ယှက် သ ဖြင့် အ များ ကို ညစ် ညူး ရာ မ ရောက် စေ ခြင်း ငှာ လည်း ကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 သင်​တို့​တွင် တစ်​စုံ​တစ်​ယောက်​မျှ ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို​မ​ရ​ဘဲ မ​နေ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ခါး​စွာ​သော ပင်​မြစ်​ပေါက်၍ သင်​တို့​နှောင့်​ယှက်​သ​ဖြင့်၊ လူ​အ​များ​တို့​သည် အ​ပြစ်​နှင့် မ​ညစ်​ညူး​စေ​ခြင်း​ငှာ​လည်း​ကောင်း၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

15 မည်သူ​မျှ ဘုရားသခင်​၏ ကျေးဇူးတော်​ကို မဆုံးရှုံး​စေရန် သတိပြုလော့။ သင်တို့​ကို ဒုက္ခပေး​၍ လူများစွာ​ကို ညစ်ညူးစေမည့် ခါးသီးသော​အမြစ်​ကို မပေါက်ပွား​စေရန် သတိပြုလော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ဗြဲ 12:15
41 ပူးပေါင်းရင်းမြစ်များ  

ယေရောဗောင်​မင်းကြီး​သည် ကိုယ်တိုင်​အပြစ်ပြု​သည်​သာမက အစ္စရေး​လူမျိုး​တို့​ကို​ပါ အပြစ်ပြု​စေ​သော​အပြစ်​များ​ကြောင့် ကိုယ်တော်​သည် အစ္စရေး​လူမျိုး​ကို စွန့်ပစ်​တော်မူ​မည်​”​ဟု သူ့​အား ဆို​လေ​၏​။


ထို့နောက် မောရှေ​က အာရုန်​အား “​ဤ​လူ​တို့​သည် သင့်​အား မည်သို့​ပြု​မိ​သဖြင့် ဤမျှ​ကြီးလေး​သော​အပြစ်​ကို သူ​တို့​အပေါ်​သို့ ကျရောက်​စေ​သနည်း​”​ဟု မေး​လျှင်


သင်​၏​စိတ်နှလုံး​ကို သတိဝီရိယ​ရှိသမျှ​နှင့် ထိန်းသိမ်းစောင့်ရှောက်​လော့​။ အကြောင်းမူကား ၎င်း​သည် အသက်​၏​အရင်းအမြစ်​ဖြစ်​၏​။


ငါ​၏​စပျစ်ခြံ​အတွက် မည်သည့်​အရာ​ကို ထပ်​လုပ်ပေး​ရ​မည်နည်း​။ ငါ​မ​လုပ်ပေး​ခဲ့​သည့်​အရာ ရှိ​သေး​သလော​။ ကောင်း​သော​စပျစ်သီး သီး​လာ​ရန် ငါ​စောင့်မျှော်​ခဲ့​သော်လည်း အဘယ်ကြောင့် စပျစ်သီး​အရိုင်း​များ သီး​ရ​သနည်း​။


ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၏​စပျစ်ခြံ​ကား အစ္စရေး​အမျိုးအနွယ်​ပေတည်း​။ ကိုယ်တော်​နှစ်သက်​တော်မူ​သော​အပင်​ကား ယုဒ​အမျိုးသား​ပေတည်း​။ ကိုယ်တော်​သည် တရားမျှတမှု​ကို စောင့်မျှော်​တော်မူ​သော်လည်း ကြည့်ရှု​လော့​။ သတ်ဖြတ်မှု​သာ​ဖြစ်​ပါ​သည်​တကား​။ ဖြောင့်မတ်​ခြင်း​အစား အော်ဟစ်ငိုကြွေး​ခြင်း​သာ​ရှိ​ပါ​သည်​တကား​။


ငါ​သည် သင့်​ကို အရည်အသွေး​အကောင်းဆုံး​မျိုးစေ့​မှ အကောင်းဆုံး​စပျစ်ပင်​အဖြစ် စိုက်ပျိုး​ခဲ့​၏​။ သို့သော် သင်​သည် စပျစ်ရိုင်းပင်​အဖြစ် မည်သို့​ပေါက်လာ​ရ​သနည်း​။


သို့သော် သင်​၏​ယုံကြည်​ခြင်း​မ​ဆုံးရှုံး​မည့်အကြောင်း သင့်​အတွက် ငါ​ဆုတောင်း​ပြီ။ သို့ဖြစ်၍ သင်​သည် သတိတရား​ပြန်​ရ​သောအခါ သင်​၏​ညီအစ်ကို​များ​ကို ခိုင်ခံ့​မြဲမြံ​စေ​လော့”​ဟု မိန့်​တော်မူ​၏။


ထို့ကြောင့် ရပ်​နေ​သည်​ဟု​ထင်မှတ်​သော​သူ​သည် မ​လဲ​စေရန် သတိပြု​စေ။


မေတ္တာ​သည် မည်သည့်အခါမျှ ကုန်ခန်း​ခြင်း​မ​ရှိ။ ပရောဖက်ပြု​ဟောပြော​ခြင်း​တို့​မူကား ပယ်ဖျက်​ခြင်း​ခံရ​ကြ​လိမ့်မည်။ အခြား​သော​ဘာသာ​စကား​ပြောဆို​ခြင်း​တို့​သည်​လည်း ရပ်တန့်​သွား​ကြ​လိမ့်မည်။ အသိပညာ​သည်​လည်း ပယ်ဖျက်​ခြင်း​ခံရ​လိမ့်မည်။


အယူ​မ​လွဲ​ကြ​နှင့်။ မကောင်း​သော​အပေါင်းအဖော်​တို့​သည် ကောင်း​သော​အကျင့်​စာရိတ္တ​ကို ပျက်စီး​စေ​ကြ​၏။


သင်​တို့​၏​ဝါကြွား​ခြင်း​သည် ကောင်း​သည်​မ​ဟုတ်။ အနည်းငယ်​သော​တဆေး​သည် မုန့်ညက်​တစ်ပုံလုံး​ကို ဖောင်းပွ​စေ​တတ်​သည်​ကို သင်​တို့​မ​သိ​ကြ​သလော။


သင်​တို့​သည် ယုံကြည်​ခြင်း​၌​တည်​နေ​ခြင်း​ရှိ​၊ မ​ရှိ မိမိကိုယ်ကို​စမ်းသပ်​ကြ​လော့။ မိမိကိုယ်ကို​စစ်ဆေး​ကြ​လော့။ သင်​တို့​အထဲ၌ ယေရှု​ခရစ်တော်​ရှိ​ကြောင်း သင်တို့​ကိုယ်တိုင်​မ​သိ​ကြ​သလော၊ သို့မဟုတ် သင်​တို့​သည် စုံစမ်း​စစ်ဆေး​ခြင်း​၌​ကျရှုံး​သော​သူ​များ​ဖြစ်​လေ​ပြီ​လော။


ငါ​တို့​သည် ဘုရားသခင်​၏​လုပ်ဖော်ဆောင်ဖက်​များ​ဖြစ်​ကြ​သည်​နှင့်အညီ သင်​တို့​သည် ဘုရားသခင်​၏​ကျေးဇူး​တော်​ကို အချည်းနှီး​မ​ခံယူ​ကြ​နှင့်​ဟု သင်​တို့​အား​တိုက်တွန်း​နှိုးဆော်​ပါ​၏။


ထိုအခါ ကျန်​သော​ဂျူး​အမျိုးသား​တို့​သည်​လည်း သူ​နှင့်အတူ သူတော်ကောင်း​ယောင်ဆောင်​ကြ​သဖြင့် ဗာနဗ​ပင်လျှင် သူ​တို့​၏​သူတော်ကောင်း​ယောင်ဆောင်​ခြင်း​သို့ လိုက်​ပါ​သွား​ခဲ့​၏။


ပညတ်​တရား​အားဖြင့် ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံ​လို​သော​သင်​တို့​သည် ခရစ်တော်​ထံမှ ဖယ်ရှား​ခြင်း​ခံရ​၍ ကျေးဇူး​တော်​ထံမှ ရွေ့လျော​သွား​ကြ​ပြီ။


တရားနှင့်မညီ​မေထုန်ပြု​ခြင်း၊ အမျိုးမျိုး​သော​ညစ်ညူး​ခြင်း​နှင့် လောဘ​လွန်ကျူး​ခြင်း​တို့​ကို သန့်ရှင်း​သူ​များ​ရှောင်​သင့်​သည့်​အတိုင်း သင်​တို့​ထဲတွင် စကား​ဖြင့်​ပင် မ​ပြော​ကြ​နှင့်။


ယနေ့ ငါ​တို့​ဘုရားသခင်​ထာဝရဘုရား​ထံ​တော်​မှ စိတ်နှလုံး​လမ်းလွဲ​၍ ထို​လူမျိုး​တို့​၏​ဘုရား​များ​ကို​သွားရောက်​ဝတ်ပြု​သည့် ယောက်ျား​ဖြစ်စေ​၊ မိန်းမ​ဖြစ်စေ​၊ မျိုးနွယ်စု​ဖြစ်စေ​၊ မျိုးနွယ်​ဖြစ်စေ သင်​တို့​တွင် မ​ရှိ​စေ​ရ​။ သင်​တို့​တွင် အဆိပ်​ရှိ​၍​ခါး​သော​အသီး​ကို သီး​စေ​သော​အမြစ်​မ​ရှိ​စေ​ရ​။


သူ​တို့​၏​စပျစ်​မျိုး​သည် သောဒုံ​စပျစ်​မျိုး​၊ ဂေါမောရ​ခြံ​မှ​စပျစ်​မျိုး​ဖြစ်​၏​။ သူ​တို့​၏​စပျစ်သီး​သည် အဆိပ်​ရှိ​သော​စပျစ်သီး​ဖြစ်​၏​။ သူ​တို့​၏​စပျစ်ခိုင်​သည် ခါး​၏​။


သင်​တို့​သတိပြု​ကြ​လော့​။ သင်​တို့​မျက်စိ​ဖြင့်​တွေ့မြင်​ခဲ့​ရ​သော​အမှုအရာ​များ​ကို သင်​တို့​မ​မေ့လျော့​စေရန်​နှင့် သင်​တို့​အသက်ရှင်​သမျှ​ကာလ​ပတ်လုံး သင်​တို့​စိတ်နှလုံး​လမ်း​မ​လွဲ​စေရန် သင်​တို့​၏​စိတ်​ကို​အထူး​စောင့်ထိန်း​လော့​။ သင်​တို့​၏​သား​မြေး​တို့​ကို​လည်း ပြောပြ​ကြ​လော့​။


ထို့ကြောင့် တရားနှင့်မညီ​မေထုန်ပြု​ခြင်း၊ ညစ်ညူး​ခြင်း၊ ကိလေသာ​ပြင်းပြ​ခြင်း၊ ဆိုးယုတ်​သော​တပ်မက်​ခြင်း​နှင့် ရုပ်တု​ကိုးကွယ်​ခြင်း​တည်းဟူသော လောဘ​လွန်ကျူး​ခြင်း စသည့်​မြေကြီး​နှင့်ဆိုင်သော​ကိုယ်အင်္ဂါ​များ​ကို သေ​စေ​ကြ​လော့။


စင်ကြယ်​သော​သူ​တို့​အတွက် ခပ်သိမ်း​သော​အရာ​တို့​သည် စင်ကြယ်​ကြ​၏။ သို့သော် ညစ်ညူး​၍ ယုံကြည်​ခြင်း​မ​ရှိ​သော​သူ​တို့​အတွက်​မူကား မည်သည့်​အရာ​မျှ မ​စင်ကြယ်​သည်​သာမက သူ​တို့​၏​စိတ်နှလုံး​နှင့်​အသိစိတ်​တို့​သည်​လည်း ညစ်ညူး​ကြ​၏။


ညီအစ်ကို​တို့၊ သင်​တို့​တွင် မ​ယုံကြည်​တတ်​သော​ဆိုးညစ်​သည့်​စိတ်နှလုံး​ရှိ​သဖြင့် အသက်ရှင်​သော​ဘုရားသခင်​ထံ​တော်​မှ ထွက်ခွာ​သွား​မည့်​သူ​တစ်စုံတစ်ဦး​မျှ​မ​ရှိ​စေရန် သတိပြု​ကြ​လော့။


ထို့ကြောင့် ဘုရားသခင်​၏​ငြိမ်ဝပ်​ရာ​ချမ်းသာ​ထဲသို့ ဝင်​ရ​မည့်​ကတိ​တော်​ရှိ​နေ​သေး​လျက်​နှင့် သင်​တို့​ထဲမှ မ​ဝင်​လိုက်​ရ​ဘဲ​နေ​မည့်​သူ​တစ်စုံတစ်ဦး​မျှ​မ​ရှိ​စေရန် သတိထား​ကြ​ကုန်စို့။


ထို့ကြောင့် သူ​တို့​၏​မ​နာခံ​မှု​ပုံစံ​ကို​လိုက်​၍ ပြိုလဲ​မည့်သူ​တစ်စုံတစ်ဦး​မျှ​မ​ရှိ​ဘဲ ထို​ငြိမ်ဝပ်​ရာ​ချမ်းသာ​ထဲသို့ ဝင်​နိုင်​မည့်အကြောင်း ငါ​တို့​ကြိုးစား​အားထုတ်​ကြ​ကုန်​စို့။


သင်​တို့​တစ်ဦးစီ​သည် မျှော်လင့်​ခြင်း​နှင့်ဆိုင်သော​စိတ်ချမှု​အပြည့်အဝ​ရှိ​ကြ​ရန် ထိုသို့​သော​စိတ်အား​ထက်သန်​မှု​ကို အဆုံး​တိုင်အောင်​ပြ​မည့်​အကြောင်း ငါ​တို့​အလိုရှိ​ကြ​၏။


ကျိန်​ခြင်း​ခံရ​သော​အရာ​တို့​ကို သတိထား​ရှောင်​ရ​မည်​။ ထို​ကျိန်​ခြင်း​ခံရ​သော​အရာ​တို့​ကို သင်​တို့​ယူ​မိ​လျှင် သင်တို့ကိုယ်သင်တို့ အကျိန်​ခံ​စေ​ရာ​ရောက်​လိမ့်မည်​။ အစ္စရေး​တပ်စခန်း​ကို​လည်း အကျိန်​ခံ​စေ​ရာ​ရောက်​လိမ့်မည်​။ ဒုက္ခပေး​ရာ​ရောက်​လိမ့်မည်​။


ထို့ကြောင့် ညီအစ်ကို​တို့၊ သင်​တို့​ခံရ​သော ခေါ်ယူ​တော်မူ​ခြင်း​နှင့်​ရွေးကောက်​တော်မူ​ခြင်း​ကို တည်မြဲ​စေရန် သာ၍​ကြိုးစား​ကြ​လော့။ အကြောင်းမူကား ထိုသို့​ပြု​နေ​သရွေ့ သင်​တို့​သည် မည်သည့်​အခါ​မျှ မှားယွင်း​ကြ​မည်​မ​ဟုတ်။


အကြောင်းမူကား သူ​တို့​သည် အချည်းနှီး​ချဲ့ထွင်​ဝါကြွား​ပြောဆို​လျက် မှားယွင်း​ခြင်း​၌​အသက်ရှင်​နေထိုင်​သော​သူ​တို့​ထဲမှ လွတ်မြောက်​ခါစ​ရှိ​သော​သူ​တို့​ကို သွေးသား​ဇာတိ​၏​တပ်မက်​ခြင်း​နှင့်​ကာမဂုဏ်​လိုက်စား​ခြင်း​တို့​ဖြင့် လှည့်ဖြား​ဆွဲဆောင်​ကြ​၏။


ဤ​အရာ​အားလုံး​တို့​သည် ထိုသို့​ပျက်သုဉ်း​သွား​မည်​ဖြစ်​သောကြောင့် သင်​တို့​သည် မည်သို့​သော​သူ​များ​ဖြစ်​သင့်​သနည်း။ သင်​တို့​သည် သန့်ရှင်း​စွာ​အသက်ရှင်​နေထိုင်​လျက် ဘုရား​ဝတ်​၌​မွေ့လျော်​ခြင်း​အားဖြင့်


သို့ဖြစ်၍ ချစ်​ရ​သော​သူ​တို့၊ သင်​တို့​သည် ထို​အရာ​များ​ကို​စောင့်မျှော်​နေ​ကြ​သည်​ဖြစ်၍ အစွန်းအထင်း​ကင်း​လျက် အပြစ်တင်​စရာ​မ​ရှိ​သော​သူ​အဖြစ် ကိုယ်တော်​၏​ရှေ့​တော်​သို့ ငြိမ်းချမ်း​စွာ​ရောက်ရှိ​နိုင်​ရန် ကြိုးစား​ကြ​လော့။


သင်​တို့​သည် ငါ​တို့​လုပ်ဆောင်​ခဲ့​သော​အရာ​ကို​မ​ဆုံးရှုံး​စေ​ဘဲ အကျိုးကျေးဇူး​ကို​အပြည့်အဝ​ခံစား​ရ​စေရန် မိမိ​တို့​ကိုယ်ကို​သတိပြု​ကြ​လော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ