Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ကော​လော​သဲ 2:19 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 ဦးခေါင်း​တော်​၌ စွဲမြဲ​ခြင်း​မ​ရှိ​ကြ။ ထို​ဦးခေါင်း​တော်​မှတစ်ဆင့် ကိုယ်ခန္ဓာ​တစ်ခုလုံး​သည် အကြော​အဆစ်​များ​အားဖြင့် ထောက်မ​ခြင်း​နှင့်​ပေါင်းစည်း​ခြင်း​ကို​ခံရ​လျက် ဘုရားသခင်​ကြီးထွား​စေ​တော်မူ​သည့်​အတိုင်း ကြီးထွား​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

19 သူ​တို့​သည်​ခန္ဓာ​ကိုယ်​၏​ဦး​ခေါင်း​တည်း​ဟူ သော​ခ​ရစ်​တော်​ကို​မှီ​ခို​အား​ကိုး​မှု​မ​ရှိ​ကြ တော့​ချေ။ ခ​ရစ်​တော်​၏​ထိန်း​သိမ်း​မှု​အောက် တွင်​အ​ဆစ်​များ​နှင့်​အ​ရိုး​ချင်း​ဆက်​ပေး​သည့် အ​ရွတ်​များ​အား​ဖြင့် ကိုယ်​ခန္ဓာ​တစ်​ခု​လုံး​သည် အာ​ဟာ​ရ​ကို​ခံ​ယူ​ကာ​ဘု​ရား​သ​ခင်​၏ အ​လို​တော်​ရှိ​သည်​အ​တိုင်း​ကြီး​ပွား​တတ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

19 ဦး​ခေါင်း​တော်​မှ တစ်​ကိုယ်​လုံး​သည် အ​ဆစ်​အ​ပိုင်း အ​ထုံး​အ​ဖွဲ့​များ​အား​ဖြင့်၊ အား​ဖြည့်၍ ထုံး​ဖွဲ့​လျက်၊ ဘု​ရား​သ​ခင်၏ အ​လို​တော်​နှင့်​အ​ညီ ကြီး​ပွား​တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

19 သူတို့​သည် ဦးခေါင်း​ဖြစ်သည့် ခရစ်တော်​၌ မှီခိုအားထားခြင်း မရှိ။ ထို​ဦးခေါင်း​ဖြစ်သည့် ခရစ်တော်​မှတစ်ဆင့် ကိုယ်ခန္ဓာ​တစ်ခုလုံး​သည် အကြော အရွတ်များ​ဖြင့် ဆက်စပ်​၍ အားဖြည့်​လျက် ဘုရားသခင် ကြီးထွား​စေလိုတော်မူသည့်​အတိုင်း ကြီးထွားကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကော​လော​သဲ 2:19
33 ပူးပေါင်းရင်းမြစ်များ  

စပျစ်​ဝိုင်​အသစ်​ကို သားရေဘူး​အသစ်​၌​သာ ထည့်​ရ​၏။


အို အဖ၊ ကိုယ်တော်​သည် အကျွန်ုပ်​၌​ရှိ​တော်မူ​၍ အကျွန်ုပ်​သည် ကိုယ်တော်​၌​ရှိ​သကဲ့သို့ ထို​သူ​အပေါင်း​တို့​သည် တစ်လုံးတစ်ဝတည်း​ဖြစ်​ကြ​လျက် သူ​တို့​သည်​လည်း အကျွန်ုပ်​တို့​၌​ရှိ​ကြ​မည့်​အကြောင်း တောင်းလျှောက်​ပါ​၏။ ဤသည်ကား ကိုယ်တော်​သည် အကျွန်ုပ်​ကို​စေလွှတ်​တော်မူ​ကြောင်း လောကီသား​တို့​ယုံကြည်​ကြ​ရန်​အတွက်​ဖြစ်​၏။


ယုံကြည်​သူ​တို့​၏​အစုအဝေး​သည် တစ်စိတ်​တစ်သဘောတည်း​ရှိ​ကြ​၍ မည်သူ​တစ်ဦးတစ်ယောက်​က​မျှ မိမိ​ဥစ္စာ​ပစ္စည်း​များ​ကို မိမိ​ပိုင်ဆိုင်​သည်​ဟု​မ​ဆို​ဘဲ ရှိသမျှ​သော​အရာ​တို့​ကို စုပေါင်း​ပိုင်ဆိုင်​သော​အရာ​အဖြစ်​ထား​ကြ​၏။


သို့သော် အကိုင်းအခက်​အချို့​တို့​သည် ခုတ်ဖြတ်​ခြင်း​ခံရ​၍ သံလွင်​ပင်​အရိုင်း​ဖြစ်​သော​သင်​သည် ထို​အကိုင်းအခက်​များ​ကြား​၌ ကိုင်းဆက်ကူး​ခံရ​ပြီး သံလွင်​ပင်​အမြစ်​မှ​အဆီအနှစ်​ကို မျှဝေ​ခံစား​သူ​ဖြစ်လာ​လျှင်


ညီအစ်ကို​တို့၊ သင်​တို့​အားလုံး​သည် ပြောဆို​ရာ​၌​ညီညွတ်​မှု​ရှိ​၍ အချင်းချင်း​ကွဲပြား​ခြင်း​မ​ရှိ​ဘဲ တစ်စိတ်​တစ်သဘောတည်း​ဖြင့် စည်းစည်းလုံးလုံး​ရှိ​ကြ​မည့်​အကြောင်း ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​နာမ​တော်​ကို​အမှီပြု၍ သင်​တို့​အား ငါ​တိုက်တွန်း​နှိုးဆော်​ပါ​၏။


သို့သော် သင်​တို့​အား ငါ​သိ​စေ​လို​သည်မှာ ယောက်ျား​တိုင်း​၏​ဦးခေါင်း​သည် ခရစ်တော်​ဖြစ်​၏။ မိန်းမ​၏​ဦးခေါင်း​သည် ယောက်ျား​ဖြစ်​၏။ ခရစ်တော်​၏​ဦးခေါင်း​သည် ဘုရားသခင်​ဖြစ်​၏။


ငါ​သည် စိုက်ပျိုး​၏။ အာပေါလု​သည် ရေ​လောင်း​၏။ သို့သော် ကြီးထွား​စေ​တော်မူ​သော​အရှင်​ကား ဘုရားသခင်​ပေတည်း။


အရာ​ခပ်သိမ်း​တို့​ကို​လည်း ခရစ်တော်​၏​ခြေ​တော်​အောက်၌ ချ​ထား​၍ ကိုယ်တော်​ကို အရာ​ခပ်သိမ်း​တို့​အပေါ် ဦးခေါင်း​ဖြစ်​စေ​ပြီး အသင်းတော်​အား​ပေး​တော်မူ​၏။


ထို​အသင်းတော်​သည် အလုံးစုံ​တို့​ကို အလုံးစုံ​တို့​၌ ပြည့်စုံ​စေ​တော်မူ​သော​အရှင်​၏​ပြည့်စုံ​ခြင်း​တည်းဟူသော ခရစ်တော်​၏​ကိုယ်ခန္ဓာ​တော်​ဖြစ်​၏။


ထို​ထောင့်ချုပ်​ကျောက်​အားဖြင့် အဆောက်အအုံ​တစ်ခုလုံး​သည် အံဝင်ခွင်ကျ​ဆက်စပ်​လျက် သခင်​ဘုရား​၌ သန့်ရှင်း​သော​ဗိမာန်​တော်​အဖြစ်​သို့ တိုးပွား​လေ​၏။


ငြိမ်သက်​ခြင်း​၏​စုစည်း​နှောင်ဖွဲ့​မှု​အားဖြင့် ဝိညာဉ်​တော်​၌ တစ်လုံးတစ်ဝတည်း​ဖြစ်​ခြင်း​ကို ကြိုးစား​ထိန်းသိမ်း​ကြ​လော့။


အကြောင်းမူကား မိမိ​ကိုယ်ခန္ဓာ​ကို​မုန်း​သော​သူ​ဟူ၍ တစ်ယောက်​မျှ​မ​ရှိ​ဖူး​ချေ။ ခရစ်တော်​သည် အသင်းတော်​အား​ပြု​တော်မူ​သကဲ့သို့ လူတိုင်း မိမိ​ကိုယ်ခန္ဓာ​ကို​ပြုစု​ပျိုးထောင်​၍ ယုယ​မြတ်နိုး​တတ်​၏။


မည်သို့ပင်ဖြစ်စေ သင်​တို့​သည် ခရစ်တော်​၏​ကောင်းမြတ်​သော​သတင်း​နှင့်​ထိုက်တန်​စွာ ပြုမူ​နေထိုင်​ကြ​လော့။ ဤသည်ကား သင်​တို့​သည် ဝိညာဉ်​တစ်ပါးတည်း​၌ ခိုင်မြဲ​စွာ​ရပ်တည်​လျက် တစ်စိတ်​တစ်သဘောတည်း​ဖြင့် ကောင်းမြတ်​သော​သတင်း​နှင့်ဆိုင်သည့် ယုံကြည်​ခြင်း​အတွက် အတူတကွ​ကြိုးစား​လုပ်ဆောင်​ကာ ဆန့်ကျင်​သူ​များ​ကြောင့် မည်သည့်​အရာ​၌​မျှ ကြောက်ရွံ့​ခြင်း​မ​ရှိ​ကြောင်း​ကို ငါ​သည် သင်​တို့​နှင့်​လာ​၍​တွေ့ဆုံ​သည်​ဖြစ်စေ၊ ကွဲကွာ​နေ​သည်​ဖြစ်စေ၊ သင်​တို့​နှင့်​ပတ်သက်၍ ကြားသိ​နိုင်​ရန်​ဖြစ်​၏။


ကောင်း​သော​အမှု​အမျိုးမျိုး​တည်းဟူသော အသီး​ကို​သီး​ကာ ဘုရားသခင်​ကို​သိ​သော​ဉာဏ်​၌​ကြီးထွား​သဖြင့် အရာရာ​၌ သခင်​ဘုရား​ကို​နှစ်သက်​စေ​၍ ကိုယ်တော်​နှင့်​ထိုက်တန်​စွာ အသက်ရှင်​လျှောက်လှမ်း​နိုင်​မည့်​အကြောင်း တောင်းလျှောက်​ကြ​၏။


ကိုယ်တော်​သည် အသင်းတော်​တည်းဟူသော ကိုယ်ခန္ဓာ​တော်​၏​ဦးခေါင်း​ဖြစ်​တော်မူ​၍ ခပ်သိမ်း​သော​အရာ​တို့​၌ အထွတ်အထိပ်​ဖြစ်​မည့်​အကြောင်း အစအဦး​ဖြစ်​တော်မူ​ပြီး သေ​သော​သူ​တို့​ထဲမှ အဦးဆုံး​ဖွားမြင်​လာ​သူ​ဖြစ်​တော်မူ​၏။


ဤသည်ကား သူ​တို့​သည် စိတ်နှလုံး​နှစ်သိမ့်​မှု​ကို​ခံစား​ရ​၍ ချစ်​ခြင်း​မေတ္တာ​၌ ပေါင်းစည်း​ခြင်း​ခံရ​ကာ ဉာဏ်စွမ်း​နှင့်ဆိုင်သော​စိတ်ချမှု​နှင့်​ကြွယ်ဝ​ပြည့်စုံ​သဖြင့် ဘုရားသခင်​၏​လျှို့ဝှက်​နက်နဲ​သော​အရာ​တည်းဟူသော ခရစ်တော်​ကို​သိ​ကြ​မည့်​အကြောင်း​တည်း။


ငါ​တို့​သည် သင်​တို့​ကို​ချစ်​သကဲ့သို့ သင်​တို့​သည်​လည်း အချင်းချင်း​ချစ်​သော​မေတ္တာ​၌​လည်းကောင်း၊ လူ​အပေါင်း​တို့​ကို​ချစ်​သော​မေတ္တာ​၌​လည်းကောင်း တိုးပွား​၍ ကြွယ်ဝ​ပြည့်စုံ​မည့်အကြောင်း သခင်​ဘုရား​ပြု​တော်မူ​ပါစေသော။


အမှန်စင်စစ် သင်​တို့​သည် မာကေဒေါနိ​ပြည်​တစ်ဝန်းလုံး​ရှိ ညီအစ်ကို​အားလုံး​တို့​အပေါ် ထို​မေတ္တာ​ကို​ပြ​ကြ​ပြီ။ သို့ရာတွင် ညီအစ်ကို​တို့၊ ထို​မေတ္တာ​ကို ပို၍​ပြည့်စုံ​စွာ​ပြ​ကြ​ရန်​လည်းကောင်း၊


ညီအစ်ကို​တို့၊ ငါ​တို့​သည် သင်​တို့​အတွက် ဘုရားသခင်​ကို အစဉ်အမြဲ​ကျေးဇူးတင်​သင့်​၏။ ထိုသို့​ပြု​ခြင်း​သည်​လည်း သင့်လျော်​ပေ​၏။ အဘယ်ကြောင့်​ဆိုသော် သင်​တို့​၏​ယုံကြည်​ခြင်း​သည် အလွန်​တိုးပွား​၍ အချင်းချင်း​အပေါ်၌​ထား​သော သင်​တို့​တစ်ဦးစီ​၏​ချစ်​ခြင်း​မေတ္တာ​သည်​လည်း ပွားများ​လျက်​ရှိ​၏။


နောက်ဆုံး​အနေဖြင့်​ဆိုရလျှင် သင်​တို့​အားလုံး တစ်စိတ်​တစ်သဘောတည်း​ရှိ​လျက် ကြင်နာ​တတ်​သော​သဘော၊ ညီအစ်ကို​ချင်း​ချစ်​တတ်​သော​သဘော၊ သနားစုံမက်​တတ်​သော​သဘော​နှင့် စိတ်​နှိမ့်ချ​သော​သဘော​ရှိ​ကြ​လော့။


ငါ​တို့​၏​သခင်​နှင့်​ကယ်တင်ရှင်​ဖြစ်​တော်မူ​သော ယေရှု​ခရစ်တော်​၏​ကျေးဇူး​တော်​၌​လည်းကောင်း၊ ကိုယ်တော်​ကို​သိ​သော​ဉာဏ်​၌​လည်းကောင်း ကြီးထွား​ကြ​လော့။ ယခု​မှစ၍ ထာဝရ​နေ့ရက်​ကာလ​တိုင်အောင် ကိုယ်တော်​၌ ဘုန်း​အသရေ​တော်​ရှိ​ပါစေသော။ အာမင်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ