မြည်တမ်းစကား 3:40 - မြန်မာ့စံမီသမ္မာကျမ်း40 ကိုယ့်အကျင့်အကြံများကို ဆင်ခြင်သုံးသပ်၍ ထာဝရဘုရားထံ ပြန်လှည့်ကြစို့။ အခန်းကိုကြည့်ပါ။Common Language Bible40 ငါတို့သည်မိမိတို့လမ်းစဉ်ကိုစစ်ဆေးကာ ထာဝရဘုရားထံတော်သို့ပြန်လာကြ ကုန်အံ့။ အခန်းကိုကြည့်ပါ။Garrad Bible40 ကိုယ့် အ လေ့ အ လာ များ ကို စူး စမ်း စိ စစ် လျက်၊ ထာ ဝ ရ ဘု ရား ထံ ပြန် လာ ခြင်း၊ အခန်းကိုကြည့်ပါ။Judson Bible40 ငါတို့သည် ကိုယ်လိုက်သောလမ်းတို့ကို စစ်ကြောစုံစမ်း၍၊ ထာဝရဘုရားထံတော်သို့ ပြန်သွားကြကုန်အံ့။ အခန်းကိုကြည့်ပါ။ |
ဆိုးယုတ်သောသူသည် မိမိလမ်းကိုလည်းကောင်း၊ အပြစ်ဒုစရိုက်ပြုသောသူသည် မိမိအကြံအစည်တို့ကိုလည်းကောင်း စွန့်ပစ်၍ ထာဝရဘုရားထံတော်သို့ ပြန်လှည့်လာပါစေ။ သို့ပြုလျှင် ကိုယ်တော်သည် သူ့ကို သနားတော်မူမည်။ ငါတို့၏ဘုရားသခင်ထံတော်သို့ ပြန်လှည့်လာပါစေ။ အကြွင်းမဲ့ခွင့်လွှတ်တော်မူမည်။
ဆက်သားတို့သည် ရှင်ဘုရင်နှင့်မှူးမတ်တို့ထံမှ စာကိုယူ၍ အစ္စရေးပြည်နှင့်ယုဒပြည်တစ်လျှောက်လုံးသို့သွား၏။ ရှင်ဘုရင်၏အမိန့်တော်စာတွင် “အို အစ္စရေးအမျိုးသားတို့၊ အာဗြဟံ၊ ဣဇက်နှင့် အစ္စရေးလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရားထံ ပြန်လာကြလော့။ သို့မှ အဆီးရီးယားဘုရင်တို့လက်မှလွတ်မြောက်၍ ကြွင်းကျန်သောသင်တို့ထံသို့ ကိုယ်တော်ပြန်လာတော်မူမည်။
ထာဝရဘုရားထံ သင်တို့ပြန်လာလျှင် ဖမ်းခေါ်သွားသူတို့သည် သင်တို့ညီအစ်ကိုများ၊ သားမြေးများကို သနား၍ သူတို့သည် ဤပြည်သို့ ပြန်လာရကြလိမ့်မည်။ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ကျေးဇူးပြုတတ်သောသဘော၊ သနားစုံမက်တတ်သောသဘောရှိတော်မူသောကြောင့် သင်တို့သည် အထံတော်သို့ပြန်လာလျှင် ကိုယ်တော်သည် သင်တို့ကိုမျက်နှာလွှဲတော်မူမည်မဟုတ်”ဟု ပါရှိ၏။