ထိုနေ့၌ ရှောလု၏အစေအပါးတစ်ဦးသည် ထိုနေရာတွင်ရှိနေ၍ ထာဝရဘုရားရှေ့တော်၌ ထိန်းချုပ်ထားခြင်းခံနေရ၏။ ထိုသူမှာ ရှောလု၏သိုးထိန်းအုပ် ဧဒုံပြည်သား ဒေါဂဖြစ်၏။
(ရှောလု၏သိုးထိန်းမှူးဖြစ်သူဧဒုံပြည် သားဒေါဂသည် ထိုနေ့၌ဘာသာရေးကျင့် ဝတ်အရသန့်စင်မှုမင်္ဂလာပြုရန်အတွက် ထိုအရပ်သို့ရောက်ရှိနေခိုက်ဖြစ်သတည်း။)
ထို နေ့၌ ရှော လု မင်း၏ ကျေး ကျွန် တို့ အ ဝင်၊ ဧ ဒုံ အ မျိုး သား ဒေါ ဂ အ မည် ရှိ သူ သိုး တော် အုပ် သည် ထာ ဝ ရ ဘု ရား ရှေ့ တော် တွင် ဝတ် ပြု နေ ရ သ တည်း။
ထိုနေ့၌ အမှုတော်ထမ်းအဝင် သိုးတော်ထိန်းအုပ် ဧဒုံအမျိုးသား၊ ဒေါဂအမည်ရှိသောသူသည် ထာဝရဘုရားရှေ့တော်၌ စောင့်နေရ၏။
သို့သော် ဂေရာမြို့မှတိရစ္ဆာန်ထိန်းကျောင်းသူတို့သည် “ဤရေကို ငါတို့ပိုင်၏”ဟု ဆိုလျက် ဣဇက်၏တိရစ္ဆာန်ထိန်းကျောင်းသူတို့ကို ရန်တွေ့ကြ၏။ ထိုသို့ သူတို့သည် ဣဇက်နှင့်ဖက်ပြိုင်ရန်တွေ့ကြသဖြင့် ဣဇက်သည် ထိုရေတွင်း၏အမည်ကို ဧသက် ဟုခေါ်၏။
ရှာရုန်မြို့သား ရှိတရဲသည် ရှာရုန်အရပ်၌ကျက်စားသောတိရစ္ဆာန်အုပ်ကို တာဝန်ယူရ၏။ အာဒလဲ၏သားရှာဖတ်သည် ချိုင့်ဝှမ်းလွင်ပြင်တိရစ္ဆာန်အုပ်ကို တာဝန်ယူရ၏။
ဟာဂရိလူမျိုးယာဇဇ်သည် သိုးများကို တာဝန်ယူရ၏။ ဤသူအားလုံးတို့သည် ဒါဝိဒ်မင်းကြီးပိုင်ဆိုင်သောဥစ္စာတို့ကို ကြီးကြပ်ပေးရသောအကြီးအကဲများ ဖြစ်ကြ၏။
မြေနိမ့်ဒေသနှင့် လွင်ပြင်တို့တွင် သူပိုင်ဆိုင်သောတိရစ္ဆာန်များစွာရှိသောကြောင့် တောထဲ၌ မျှော်စင်များကိုဆောက်လုပ်၏။ ရေတွင်းများစွာကိုလည်း တူး၏။ လယ်ယာစိုက်ပျိုးရေးကို ဝါသနာပါသောကြောင့် တောင်ကုန်းများ၊ သီးနှံဖြစ်ထွန်းသောမြေယာများတွင် လယ်သမားများ၊ စပျစ်ခြံလုပ်သားများကို ထားရှိ၏။
သူတို့သည် ငါ့လူမျိုးတော်ကဲ့သို့ သင့်ထံလာ၍ သင့်ရှေ့တွင်ထိုင်လျက် သင့်စကားကို နားထောင်ကြသော်လည်း မလိုက်နာဘဲနေ၏။ သူတို့၏နှုတ်သည် ချစ်ဖွယ်စကားကို ပြောဆိုကြ၏။ သူတို့၏စိတ်မူကား မတရားသောအကျိုးစီးပွားကို စွဲလမ်းကြ၏။
သာမန်လူတစ်ယောက်မျှ သန့်ရှင်းသောပူဇော်သက္ကာကို မစားရ။ ယဇ်ပုရောဟိတ်၏ဧည့်သည်ဖြစ်စေ၊ သူရင်းငှားဖြစ်စေ သန့်ရှင်းသောပူဇော်သက္ကာကို မစားရ။
သို့သော် ယဇ်ပုရောဟိတ်၏သမီးသည် မုဆိုးမဖြစ်သွားလျှင်ဖြစ်စေ၊ ကွာရှင်းထားလျှင်ဖြစ်စေ သူ၌သားသမီးမရှိဘဲ သူ့ဖခင်၏အိမ်သို့ပြန်လာ၍ အပျိုကဲ့သို့ ပြန်နေလျှင် ဖခင်၏အစားအစာကို စားခွင့်ရှိ၏။ သာမန်လူတစ်ယောက်မျှ စားခွင့်မရှိ။
သင်သည် အကောင်းဆုံးဂျုံမှုန့်ကိုယူ၍ မုန့်ဝိုင်းတစ်ဆယ့်နှစ်ခု ဖုတ်ရမည်။ မုန့်ဝိုင်းတစ်ခုလျှင် တစ်ဧဖာ၏ဆယ်ပုံနှစ်ပုံ ရှိရမည်။
ထိုမုန့်ကို ထာဝရဘုရားရှေ့တော်၌ ဥပုသ်နေ့တိုင်း အစဉ်မပြတ်ပြင်ဆင်ထားရမည်။ ဤသည်ကား အစ္စရေးအမျိုးသားတို့အတွက် ထာဝရပဋိညာဉ်ဖြစ်၏။
သင်တို့က “လဆန်းပွဲနေ့ မည်သည့်အချိန်ပြီးမည်နည်း၊ ငါတို့ စားနပ်ရိက္ခာရောင်းလိုလှပြီ။ ဥပုသ်နေ့ မည်သည့်အချိန်ပြီးမည်နည်း၊ ဂျုံစပါးဈေး ဖွင့်လိုလှပြီ။ ဧဖာတောင်းငယ်၊ ရှယ်ကယ်အလေးကြီးနှင့် ချိန်ခွင်လျှာကို ကိုယ့်ဘက်သာအောင် လုပ်ကြမည်။
‘ဤလူတို့သည် သူတို့၏နှုတ်ဖြင့် ငါ့ကိုရိုသေကြ၏။ သို့သော် သူတို့၏စိတ်နှလုံးသည် ငါနှင့်ဝေးလှ၏။
ကြည့်ရှုလော့။ ရှောလုသည် နွားကျောင်းရာလယ်ကွင်းမှ ပြန်လာ၏။ ရှောလုက “အဘယ်ကြောင့် လူတို့ ငိုကြွေးကြသနည်း”ဟု မေးလျှင် သူတို့သည် ယာဗက်မြို့သားတို့ပြောသောသတင်းစကားကို သူ့အား ပြောပြကြ၏။
ရှောလုမင်းကြီးသည် အစ္စရေးလူမျိုးတို့ကို အုပ်စိုး၍ မောဘလူမျိုး၊ အမ္မုန်လူမျိုး၊ ဧဒုံလူမျိုး၊ ဇောဘဘုရင်များနှင့် ဖိလိတ္တိလူမျိုးစသည့် ဝန်းကျင်ရှိရန်သူအပေါင်းတို့ကို တိုက်ခိုက်ချေမှုန်းလေ၏။ စစ်တိုက်လေရာရာ၌လည်း အောင်မြင်မှုရလေ၏။
ဒါဝိဒ်က အဟိမလက်အား “သင်၌ လှံ၊ သို့မဟုတ် ဓား တစ်စုံတစ်ရာရှိသလော။ ရှင်ဘုရင်က အလောတကြီးစေခိုင်းလိုက်သောအမှုကြောင့် အကျွန်ုပ်၌ ဓား၊ သို့မဟုတ် လက်နက် တစ်စုံတစ်ရာမျှမပါလာပါ”ဟု ဆိုလျှင်
အဟိမလက်သည် သူ့အတွက် ထာဝရဘုရားထံ မေးမြန်းပေးပြီး သူ့ကို စားစရာများလည်း ပေးပါ၏။ ဖိလိတ္တိပြည်သား ဂေါလျတ်၏ဓားကိုလည်း သူ့အား ပေးလိုက်ပါ၏”ဟု လျှောက်လေ၏။
ဒါဝိဒ်က အဗျာသာအား “ထိုနေ့၌ ဧဒုံအမျိုးသားဒေါဂသည် ထိုနေရာတွင်ရှိနေ၏။ သူသည် ရှောလုမင်းကြီးအား ကျိန်းသေပြောပြလိမ့်မည်ကို ငါသိ၏။ သင့်ဖခင်၏အိမ်ထောင်မိသားစုအားလုံး သေရသည့်အကြောင်းရင်းမှာ ငါ့ကြောင့်ပင်ဖြစ်၏။
ထိုအခါ ရှောလု၏အမှုထမ်းတစ်ဦးဖြစ်သော ဧဒုံအမျိုးသားဒေါဂက “ယေရှဲ၏သားသည် နောဗမြို့ရှိ အဟိတုပ်၏သား အဟိမလက်ထံသို့လာသည်ကို အကျွန်ုပ်တွေ့ပါ၏။