Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 15:8 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 ‘ဤ​လူ​တို့​သည် သူ​တို့​၏​နှုတ်​ဖြင့် ငါ့​ကို​ရိုသေ​ကြ​၏။ သို့သော် သူ​တို့​၏​စိတ်နှလုံး​သည် ငါ​နှင့်​ဝေး​လှ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

8 `ဤ​လူ​မျိုး​သည်​ငါ့​အား​နှုတ်​ဖြင့်​ဂုဏ်​ပြု​ချီး​ကူး ကြ​၏။ သူ​တို့​၏​စိတ်​နှ​လုံး​မူ​ကား​ငါ​နှင့်​ဝေး​လှ​၏။ သူ​တို့​သည်​လူ့​ပ​ညတ်​များ​ကို​ဘု​ရား​ပေး​ပ​ညတ် သ​ဖွယ် သင်​ကြား​ပို့​ချ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 လူ​တို့​စီ​ရင်​သော ပ​ညတ်​တို့​ကို သွန်​သင်၍ နည်း​ဥ​ပ​ဒေ​သ​ပေး​လျက်​ပင် ငါ့​ကို အ​ချည်း​နှီး​ကိုး​ကွယ်​ကြ၏​ဟု-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

8 ‘ဤ​သူတို့​သည် ငါ့​ကို နှုတ်​ဖြင့် ရိုသေကြ၏။ သို့သော် သူတို့​၏ စိတ်နှလုံး​မှာမူ ငါ​နှင့် ဝေးကွာလှ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

8 လူ​တို့​စီ​ရင်​သော ပ​ညတ်​တို့​ကို သွန်​သင်၍ နည်း​ဥ​ပ​ဒေ​သ​ပေး​လျက်​ပင် ငါ့​ကို အ​ချည်း​နှီး​ကိုး​ကွယ်​ကြ၏​ဟု-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 15:8
11 ပူးပေါင်းရင်းမြစ်များ  

ငါ့​သား​၊ သင်​၏​စိတ်နှလုံး​ကို ငါ့​အား​ပေး​လော့​။ သင်​၏​မျက်စိ​သည်​လည်း ငါ​၏​လမ်း​တို့​ကို ထိန်းသိမ်းစောင့်ရှောက်​ပါစေ​။


ဘုရားရှင်​က​လည်း “​ဤ​လူမျိုး​သည် နှုတ်​ဖြင့် ချဉ်းကပ်​၍ နှုတ်ခမ်း​ဖြင့် ငါ့​ကို​ဂုဏ်ပြုချီးမွမ်း​ကြ​၏​။ သူ​တို့​၏​စိတ်နှလုံး​မူကား ငါ​နှင့်​ဝေး​လှ​၏​။ သူ​တို့​သည် လူ​တို့​သွန်သင်​သော​ပညတ်ချက်​အရ ငါ့​ကို ကြောက်ရွံ့​ကြ​၏​။


ကိုယ်တော်​သည် သူ​တို့​ကို စိုက်ပျိုး​တော်မူ​သဖြင့် သူ​တို့​သည် အမြစ်စွဲ​၍​ကြီးထွား​လျက် အသီး​သီး​ကြ​ပါ​၏​။ သို့သော် သူ​တို့​သည် ကိုယ်တော့်​ကို နှုတ်​ဖြင့်​သာ ချဉ်းကပ်​၏​။ သူ​တို့​၏​အတွင်းသဘော​မူကား ကိုယ်တော်​နှင့် ဝေးကွာ​လျက်​နေ​၏​။


သူ​တို့​သည် ငါ့​လူမျိုး​တော်​ကဲ့သို့ သင့်​ထံ​လာ​၍ သင့်​ရှေ့​တွင်​ထိုင်​လျက် သင့်​စကား​ကို နားထောင်​ကြ​သော်လည်း မ​လိုက်နာ​ဘဲ​နေ​၏​။ သူ​တို့​၏​နှုတ်​သည် ချစ်​ဖွယ်​စကား​ကို ပြောဆို​ကြ​၏​။ သူ​တို့​၏​စိတ်​မူကား မတရား​သော​အကျိုး​စီးပွား​ကို စွဲလမ်း​ကြ​၏​။


သူတော်ကောင်း​ယောင်ဆောင်​သော​သူ​တို့၊ သင်​တို့​နှင့်​ပတ်သက်၍ ဟေရှာယ​က


ကိုယ်တော်​က​လည်း“ဟေရှာယ​သည် သူတော်ကောင်း​ယောင်ဆောင်​သော​သူ​များ​ဖြစ်​ကြ​သော သင်​တို့​နှင့်​ပတ်သက်၍ ပရောဖက်ပြု​ဟောပြော​ခဲ့​သည်​မှာ မှန်​လှ​ပေ​၏။ ‘ဤ​လူ​တို့​သည် သူ​တို့​၏​နှုတ်​ဖြင့် ငါ့​ကို​ရိုသေ​ကြ​၏။ သို့သော် သူ​တို့​၏​စိတ်နှလုံး​သည် ငါ​နှင့်​ဝေး​လှ​၏။


ယေရှု​သည် မိမိ​ထံသို့ နာသနေလ​လာ​နေ​သည်​ကို​မြင်​လျှင်“ကြည့်​လော့။ စစ်မှန်​သော​အစ္စရေး​အမျိုးသား​ပေတည်း။ သူ​၌​စဉ်းလဲ​ခြင်း​မ​ရှိ”​ဟု သူ့​ကို​ရည်ညွှန်း​၍ မိန့်​တော်မူ​၏။


သင်​၏​စိတ်နှလုံး​သည် ဘုရားသခင်​၏​ရှေ့​တော်​၌ မ​မှန်ကန်​သောကြောင့် သင်​သည် ဤ​အမှုအရာ​၌ ပါဝင်​ခွင့်​မ​ရှိ။ သင့်​ဝေစု​လည်း​မ​ရှိ။


ညီအစ်ကို​တို့၊ သင်​တို့​တွင် မ​ယုံကြည်​တတ်​သော​ဆိုးညစ်​သည့်​စိတ်နှလုံး​ရှိ​သဖြင့် အသက်ရှင်​သော​ဘုရားသခင်​ထံ​တော်​မှ ထွက်ခွာ​သွား​မည့်​သူ​တစ်စုံတစ်ဦး​မျှ​မ​ရှိ​စေရန် သတိပြု​ကြ​လော့။


အကြောင်းမူကား အသက်ရှင်​ခြင်း​ကို​နှစ်သက်​၍ ကောင်း​သော​နေ့ရက်​တို့​ကို တွေ့မြင်​လို​သော​သူ​သည် မိမိ​လျှာ​ကို​ချုပ်တည်း​၍ မကောင်း​သော​စကား​နှင့်​ကင်းလွတ်​စေ။ မိမိ​နှုတ်​ကို​လည်း​ချုပ်တည်း​၍ မုသား​မ​ပြော​မိ​စေ​နှင့်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ