၁ ရာ 14:47 - မြန်မာ့စံမီသမ္မာကျမ်း47 ရှောလုမင်းကြီးသည် အစ္စရေးလူမျိုးတို့ကို အုပ်စိုး၍ မောဘလူမျိုး၊ အမ္မုန်လူမျိုး၊ ဧဒုံလူမျိုး၊ ဇောဘဘုရင်များနှင့် ဖိလိတ္တိလူမျိုးစသည့် ဝန်းကျင်ရှိရန်သူအပေါင်းတို့ကို တိုက်ခိုက်ချေမှုန်းလေ၏။ စစ်တိုက်လေရာရာ၌လည်း အောင်မြင်မှုရလေ၏။ အခန်းကိုကြည့်ပါ။Common Language Bible47 ရှောလုသည်ဣသရေလပြည်တွင်နန်းတက် ပြီးနောက် နေရာအနှံ့အပြားတွင်ရန်သူ များဖြစ်ကြသောမောဘပြည်သားများ၊ အမ္မုန်ပြည်သားများနှင့်ဧဒုံပြည်သား များကိုလည်းကောင်း၊ ဇောဘမင်းများနှင့် ဖိလိတ္တိအမျိုးသားများကိုလည်းကောင်း စစ်တိုက်ရလေသည်။ သူသည်မည်သည့် အရပ်တွင်တိုက်ပွဲဖြစ်သည်မဆိုအောင် မြင်သည် သာဖြစ်၏။- အခန်းကိုကြည့်ပါ။Garrad Bible47 ရှော လု မင်း သည် ဣ သ ရေ လ လူ မျိုး ကို အုပ် စိုး ရန် အ ခွင့် တော် ရ သည် နှင့် ပတ် ဝန်း ကျင် ရန် သူ တည်း ဟူ သော မော ဘ နှင့် ဧ ဒုံ မှ စ၍ အ မ္မုန် အ မျိုး သား တို့ ကိုလည်း ကောင်း၊ ဇော ဘ ဘု ရင် များ နှင့် ဖိ လိ တ္တိ လူ မျိုး ကိုလည်း ကောင်း စစ် တို က် လေ ရာ ရာ၌ ရဲ ရင့် စွာ ပြု၍ အောင် မြင် သည့် ပြင် အာ မ လက် လူ မျိုး ကို လည်း လုပ် ကြံ သ ဖြင့် အခန်းကိုကြည့်ပါ။Judson Bible47 ထိုသို့ ရှောလုသည် ဣသရေလအမျိုးကို စိုးစံ၍ ပတ်ဝန်းကျင် ရန်သူ၊ မောဘပြည်သား၊ အမ္မုန်ပြည်သား၊ ဧဒုံပြည်သား၊ ဇောဘမင်းများ၊ ဖိလိတ္တိလူများတို့ကိုစစ်တိုက်၍ စစ်ချီလေရာရာ၌ သူတို့ကိုအောင်လေ၏။ အခန်းကိုကြည့်ပါ။ |
သူတို့အား ဒါဝိဒ်မင်းကြီးစက်ဆုပ်ရွံရှာသွားကြောင်းကို အမ္မုန်အမျိုးသားတို့သိသောအခါ အမ္မုန်အမျိုးသားတို့သည် လူလွှတ်၍ ဗက်ရဟောဘမြို့နှင့် ဇောဘမြို့မှဆီးရီးယားလူမျိုး ခြေလျင်တပ်သား အယောက်နှစ်သောင်း၊ မာခါဘုရင်ထံမှ လူတစ်ထောင်၊ တောဘမြို့မှ လူတစ်သောင်းနှစ်ထောင်တို့ကိုငှားရမ်းလေ၏။