Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဝတ်​ပြု 24:5 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 သင်​သည် အကောင်းဆုံး​ဂျုံမှုန့်​ကို​ယူ​၍ မုန့်ဝိုင်း​တစ်ဆယ့်​နှစ်​ခု ဖုတ်​ရ​မည်​။ မုန့်ဝိုင်း​တစ်​ခု​လျှင် တစ်​ဧဖာ​၏​ဆယ်ပုံနှစ်ပုံ ရှိ​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

5 မုန့်​ညက်​နှစ်​ဆယ့်​လေး​ပေါင်​ဖြင့်​မုန့်​တစ်​ဆယ့် နှစ်​လုံး​ဖုတ်​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

5 သင် သည် မုန့် ညက် ကို ယူ၍ တစ် လုံး လျှင် နှစ် စ ရွတ် ကျ မုန့် ပေါက် ဆယ့် နှစ် လုံး ကို ပေါင်း လုပ် ပြီး လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 သင်​သည်​မုန့်​ညက်​ကို​ယူ၍၊ မုန့်​တစ်​လုံး​လျှင် နှစ်​ဩ​မဲ​စီ၊ မုန့်​ဆယ်​နှစ်​လုံး​ကို လုပ်​ပြီး​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 24:5
18 ပူးပေါင်းရင်းမြစ်များ  

“​သင့်​အမည်​ကား အစ္စရေး​ဖြစ်​ရ​မည်​”​ဟု ထာဝရဘုရား​၏​မိန့်ဆို​ခြင်း​ကို​ခံရ​သော​ယာကုပ်​မှ ဆင်းသက်​လာ​သော​အမျိုးအနွယ်​အရေအတွက်​အတိုင်း ဧလိယ​သည် ကျောက်တုံး​တစ်ဆယ့်​နှစ်​တုံး​ကို​ယူ​၍


ဆင့်​ထား​သော​ရှေ့တော်မုန့်​၊ ဘောဇဉ်ပူဇော်သက္ကာ​ဖို့ အကောင်းဆုံး​ဂျုံမှုန့်​၊ တဆေးမဲ့​မုန့်ကြွပ်​၊ ဒယ်ပြား​နှင့်​လုပ်​သော​မုန့်​၊ ဆီ​နှင့်​ကြော်​သော​မုန့် စသည်​တို့​နှင့် ချိန်ခွက်​အရွယ်အစား အမျိုးမျိုး​တို့​ကို တာဝန်ယူ​လုပ်ဆောင်​ရ​၏​။


သူ​တို့​၏​ဆွေမျိုးသားချင်း ကောဟတ်​၏​သားမြေး​အချို့​မှာ​မူ ဥပုသ်နေ့​တိုင်း တင်လှူ​ရ​သော​ရှေ့တော်မုန့်​ကို ပြင်ဆင်​ပေး​ရ​၏​။


နံနက်တိုင်း​၊ ညနေတိုင်း ထာဝရဘုရား​ထံ​မီးရှို့ရာယဇ်​နှင့် အမွှေးနံ့သာ​တို့​ကို ပူဇော်​ကြ​၏​။ သန့်ရှင်း​သော​စားပွဲ​ပေါ်တွင် ရှေ့​တော်​မုန့်​ကို တင်​ထား​ပြီး ညနေ​တိုင်း ရွှေ​ဆီမီးခုံ​မှ မီးခွက်​တို့​၌ မီး​ကို​ထွန်း​ထား​၏​။ ငါ​တို့​သည် ငါ​တို့​ဘုရားသခင်​ထာဝရဘုရား​၏​အမိန့်​တော်​အတိုင်း လိုက်နာ​ကြ​သော်လည်း သင်​တို့​မူကား ဘုရားသခင်​ကို စွန့်ပယ်​ကြ​ပြီ​။


ရှေ့တော်မုန့်​၊ ပုံမှန်​ဘောဇဉ်ပူဇော်သက္ကာ​၊ ပုံမှန်​မီးရှို့ရာယဇ်​၊ ဥပုသ်နေ့​၊ လဆန်းနေ့​၊ သတ်မှတ်​ထား​သော​ဓမ္မ​ပွဲတော်​၊ သန့်ရှင်း​သော​အသုံးအဆောင်​များ​၊ အစ္စရေး​လူမျိုး​တို့​အပြစ်ဖြေ​ရန်​အတွက် အပြစ်ဖြေရာယဇ်​များ​နှင့် ဘုရားသခင့်​အိမ်​တော်​၏​အမှု​အလုံးစုံ​တို့​အတွက် ပေးလှူ​ပါ​မည်​ဟူသော ပညတ်ချက်​ကို ချမှတ်​၏​။


ပညတ်တရား​တွင် ရေး​ထား​သည့်​အတိုင်း နှစ်စဉ်​သတ်မှတ်​ထား​သော​အချိန်​များ​၌ ငါ​တို့​ဘုရားသခင်​ထာဝရဘုရား​၏​ယဇ်ပလ္လင်​ပေါ်တွင် ပူဇော်သက္ကာ​ကို​မီးရှို့​ဖို့ ယဇ်ပုရောဟိတ်​များ​၊ လေဝိ​အမျိုး​နှင့် ပြည်သူပြည်သား​တို့​က ငါ​တို့​ဘိုးဘေး​တို့​၏​မိသားစု​အလိုက် ဘုရားသခင်​၏​အိမ်​တော်​သို့​ယူဆောင်​လာ​ရ​မည့်​ထင်း​ကို ငါ​တို့​မဲချ​ဆုံးဖြတ်​ကြ​၏​။


ငါ့​ရှေ့မှောက်​၊ စားပွဲ​ပေါ်တွင် ရှေ့​တော်​မုန့်​ကို အစဉ်မပြတ်​တင်​ထား​ရ​မည်​။


စားပွဲ​နှင့် စားပွဲ​၏​တန်ဆာပလာ​ရှိသမျှ​ကို​လည်းကောင်း​၊ ရှေ့​တော်​မုန့်​ကို​လည်းကောင်း​၊


ထာဝရဘုရား​ရှေ့​တော်​၊ စားပွဲ​ပေါ်၌ မုန့်​ကို နေရာတကျ​ခင်းကျင်း​၏​။


စားပွဲ​ကို​လည်း​သွင်း​၍ နေရာတကျ ခင်းကျင်း​ရ​မည်​။ ဆီမီးခုံ​ကို​လည်း​သွင်း​၍ မီးခွက်​များ​ကို ပြင်ဆင်​ရ​မည်​။


ရှေ့​တော်​မုန့်​စားပွဲ​ပေါ်၌ အပြာရောင်​အဝတ်​ကို​ဖြန့်ခင်း​၍ ထို​အပေါ်​၌ လင်ပန်း​များ​၊ ခွက်​များ​၊ ပန်းကန်လုံး​များ​၊ သွန်းလောင်းရာပူဇော်သက္ကာ​အတွက် ကရား​များ​ကို တင်​ရ​မည်​။ နေ့စဉ်​တင်​ရ​သော​ရှေ့တော်မုန့်​ကို​လည်း စားပွဲ​ပေါ်၌ ထားရှိ​ရ​မည်​။


သူ​သည် ဘုရားသခင်​၏​အိမ်​တော်​သို့​ဝင်​၍ ယဇ်ပုရောဟိတ်​များ​မှတစ်ပါး သူ​ကိုယ်တိုင်​ရော သူ​နှင့်အတူ​ရှိ​သော​သူ​တို့​ပါ စား​ခွင့်​မ​ရှိ​သော​ရှေ့​တော်​မုန့်​ကို စား​ခဲ့​ကြ​၏။


အကျွန်ုပ်​တို့​၏​မျိုးနွယ်စု တစ်ဆယ့်နှစ်​မျိုး​သည် နေ့​ရော​ည​ပါ စိတ်အားထက်သန်​စွာ​ဖြင့် ဘုရားသခင်​ကို​ဝတ်ပြု​ကိုးကွယ်​လျက် ထို​ကတိ​တော်​အတိုင်း ခံစား​ရ​ရန် မျှော်လင့်​နေ​ကြ​ပါ​သည်။ အရှင်​မင်းကြီး၊ အကျွန်ုပ်​သည် ဤ​မျှော်လင့်​ခြင်း​အတွက် ဂျူး​လူမျိုး​တို့​၏​စွဲဆို​ခြင်း​ကို​ခံ​နေ​ရ​ပါ​သည်။


အကြောင်းမူကား တဲ​တော်​ကို​ပြင်ဆင်​ရာ​တွင် သန့်ရှင်း​ရာ​ဌာန​ဟု​ခေါ်​သော ပထမ​အခန်း​ထဲ၌ ဆီမီးခုံ၊ စားပွဲ​နှင့် ရှေ့​တော်​မုန့်​တို့​ကို​ထား​ရှိ​ကြ​၏။


ဘုရားသခင်​နှင့်​သခင်​ယေရှု​ခရစ်တော်​၏​ကျွန် ငါ​ယာကုပ်​သည် အရပ်ရပ်​တို့​၌​ကွဲလွင့်​ပျံ့နှံ့​နေ​သော မျိုးနွယ်စု​တစ်ဆယ့်နှစ်​စု​တို့​အား နှုတ်ခွန်း​ဆက်သ​လိုက်​ပါ​၏။


ရှေ့​တော်​မုန့်​မှလွဲ၍ အခြား​မုန့်​မ​ရှိ​သောကြောင့် ယဇ်ပုရောဟိတ်​သည် သူ့​အား သန့်ရှင်း​သော​မုန့်​ကို ပေး​လိုက်​၏​။ ထို​မုန့်​သည် မုန့်​အသစ်​ပြန်တင်​သော​နေ့​၌ ထာဝရဘုရား​ရှေ့​တော်​မှ စွန့်​လိုက်​ရ​မည့်​မုန့်​ဖြစ်​၏​။


ထို​နေ့​၌ ရှောလု​၏​အစေအပါး​တစ်​ဦး​သည် ထို​နေရာ​တွင်​ရှိ​နေ​၍ ထာဝရဘုရား​ရှေ့​တော်​၌ ထိန်းချုပ်​ထား​ခြင်း​ခံ​နေ​ရ​၏​။ ထို​သူ​မှာ ရှောလု​၏​သိုးထိန်းအုပ် ဧဒုံ​ပြည်သား ဒေါဂ​ဖြစ်​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ