Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဝတ်​ပြု 22:10 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 သာမန်လူ​တစ်ယောက်မျှ သန့်ရှင်း​သော​ပူဇော်သက္ကာ​ကို မ​စား​ရ​။ ယဇ်ပုရောဟိတ်​၏​ဧည့်သည်​ဖြစ်စေ​၊ သူရင်းငှား​ဖြစ်စေ သန့်ရှင်း​သော​ပူဇော်သက္ကာ​ကို မ​စား​ရ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

10 ``ယဇ်​ပု​ရော​ဟိတ်​၏​မိ​သား​စု​၌​ပါ​ဝင်​သူ သာ​လျှင် သန့်​ရှင်း​သော​ပူ​ဇော်​သ​ကာ​ကို​စား နိုင်​သည်။ ယဇ်​ပု​ရော​ဟိတ်​နှင့်​အ​တူ​နေ​ထိုင် သော​သူ​နှင့်၊ သူ​ငှား​တို့​သည်​ပူ​ဇော်​သ​ကာ ကို​မ​စား​ရ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

10 ပ ရော ဟိတ် ထံ ဝင် နေ သူ ဖြစ် စေ၊ သူ ရင်း ငှါး ဖြစ် စေ၊ ပ ရော ဟိတ် မျိုး မ ဟုတ် လျှင် ထို ဝ တ္ထု ကို မ စား ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

10 တစ်​ပါး​အ​မျိုး​သား​သည် သန့်​ရှင်း​သော​အ​ရာ​ကို​မ​စား​ရ။ ယဇ်​ပု​ရော​ဟိတ်၌ တည်း​နေ​သော ဧည့်​သည်​မ​စား​ရ။ သူ​ငှား​လည်း​မ​စား​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 22:10
11 ပူးပေါင်းရင်းမြစ်များ  

ထို့ကြောင့် ဘုရင်ခံ​က သူ​တို့​အား ဥရိမ်​၊ သုမိမ် ဆောင်​သော​ယဇ်ပုရောဟိတ် မ​ပေါ်ထွန်း​မီ အသန့်ရှင်းဆုံး​အစာ​ကို မ​စား​ရ​ဟု မှာထား​ရ​၏​။


တစ်ဖန် ထာဝရဘုရား​က မောရှေ​နှင့်​အာရုန်​အား “​ပသခါပွဲ​ဆိုင်ရာ​ပြဋ္ဌာန်းချက်​ဟူမူကား မည်သည့်​တိုင်းတစ်ပါးသား​မျှ ပသခါသိုး​ကို​မ​စား​ရ​။


မည်သည့်​ဧည့်သည်​၊ မည်သည့်​သူရင်းငှား​မျှ မ​စား​ရ​။


သူ​တို့​ကို ခန့်အပ်​ရန်​နှင့်​သန့်ရှင်း​စေရန် သူ​တို့​သည် အပြစ်ဖြေလွှတ်​ခြင်း​အတွက်​ပူဇော်​သော​အရာ​တို့​ကို စား​ကြ​ရ​မည်​။ ထို​အရာ​တို့​သည် သန့်ရှင်းသောအရာ​ဖြစ်၍ မဆိုင်​သော​သူ​မ​စား​ရ​။


သင်​တို့​သည် ငါ​၏​သန့်ရှင်း​သော​အမှု​တော်​ကို မ​ထမ်းဆောင်​။ ငါ​၏​သန့်ရှင်းရာဌာန​အမှု​ကို ထမ်း​ရ​မည့်​အစား အခြားသူ​တို့​ကို ထမ်း​စေ​ကြ​၏’​ဟု မိန့်​တော်မူ​၏​။


မိမိ​ဘုရားသခင်​အဖို့ စားဖွယ်ရာ​များ​ဖြစ်​သည့် အထူး​သန့်ရှင်း​သော​စားဖွယ်ရာ​ကို​လည်းကောင်း​၊ သန့်ရှင်း​သော​စားဖွယ်ရာ​ကို​လည်းကောင်း သူ​စား​ခွင့်​ရှိ​၏​။


သို့သော် ယဇ်ပုရောဟိတ်​၏​သမီး​သည် မုဆိုးမ​ဖြစ်​သွား​လျှင်​ဖြစ်စေ​၊ ကွာရှင်း​ထား​လျှင်​ဖြစ်စေ သူ​၌​သားသမီး​မ​ရှိ​ဘဲ သူ့​ဖခင်​၏​အိမ်​သို့​ပြန်လာ​၍ အပျို​ကဲ့သို့ ပြန်နေ​လျှင် ဖခင်​၏​အစားအစာ​ကို စား​ခွင့်​ရှိ​၏​။ သာမန်လူ​တစ်ယောက်မျှ စား​ခွင့်​မ​ရှိ​။


သင်​သည် အာရုန်​နှင့်​သူ​၏​သား​တို့​ကို ခန့်အပ်​ရ​မည်​။ သူ​တို့​သည် သူ​တို့​၏​ယဇ်ပုရောဟိတ်​အရိုက်အရာ​ကို စောင့်ထိန်း​ရ​မည်​။ မဆိုင်​သော​သူ​ချဉ်းကပ်​လျှင် အသတ်​ခံရ​မည်​”​ဟု မိန့်​တော်မူ​၏​။


သူ​သည် ဘုရားသခင်​၏​အိမ်​တော်​သို့​ဝင်​၍ ယဇ်ပုရောဟိတ်​များ​မှတစ်ပါး သူ​ကိုယ်တိုင်​ရော သူ​နှင့်အတူ​ရှိ​သော​သူ​တို့​ပါ စား​ခွင့်​မ​ရှိ​သော​ရှေ့​တော်​မုန့်​ကို စား​ခဲ့​ကြ​၏။


ရှေ့​တော်​မုန့်​မှလွဲ၍ အခြား​မုန့်​မ​ရှိ​သောကြောင့် ယဇ်ပုရောဟိတ်​သည် သူ့​အား သန့်ရှင်း​သော​မုန့်​ကို ပေး​လိုက်​၏​။ ထို​မုန့်​သည် မုန့်​အသစ်​ပြန်တင်​သော​နေ့​၌ ထာဝရဘုရား​ရှေ့​တော်​မှ စွန့်​လိုက်​ရ​မည့်​မုန့်​ဖြစ်​၏​။


ထို​နေ့​၌ ရှောလု​၏​အစေအပါး​တစ်​ဦး​သည် ထို​နေရာ​တွင်​ရှိ​နေ​၍ ထာဝရဘုရား​ရှေ့​တော်​၌ ထိန်းချုပ်​ထား​ခြင်း​ခံ​နေ​ရ​၏​။ ထို​သူ​မှာ ရှောလု​၏​သိုးထိန်းအုပ် ဧဒုံ​ပြည်သား ဒေါဂ​ဖြစ်​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ