Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -

၁ ရာ​ချုပ် 27 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​


ဒါဝိဒ်မင်းကြီး၏အမှုထမ်းအကြီးအကဲများ

1 နှစ်​တစ်​နှစ်​တွင် တပ်ဖွဲ့​အလိုက် ရှင်ဘုရင်​၏​အမှုကိစ္စ​အလုံးစုံ​ကို တစ်လစီ​အလှည့်ကျ​ထမ်းဆောင်​သော အစ္စရေး​အမျိုးသား​တို့​၏​စာရင်း​မှာ တပ်ဖွဲ့​တစ်ဖွဲ့​တွင် ဘိုးဘေး​အိမ်ထောင်စု​တို့​၏​အကြီးအမှူး​များ​၊ တပ်မှူး​များ​၊ လူ​တစ်ထောင်​အုပ်​၊ လူ​တစ်ရာ​အုပ်​နှင့် သူ​တို့​ကို ကြီးကြပ်အုပ်ချုပ်​သော​သူ​များ ပါဝင်​၍ လူ​ပေါင်း​နှစ်​သောင်း​လေး​ထောင်​ပါ​၏​။

2 ပထမ​လ​တွင် တာဝန်​ထမ်းဆောင်​ရ​သော​ပထမ​တပ်ဖွဲ့​ကို ကြီးကြပ်​သော​သူ​မှာ ဇာဗဒေလ​၏​သား ယာရှောဗံ​ဖြစ်ပြီး သူ့​တပ်ဖွဲ့​တွင် လူ​ပေါင်း​နှစ်​သောင်း​လေး​ထောင်​ပါ​၏​။

3 သူ​သည် ဖာရက်​၏​သားမြေး​များ​မှ​ဆင်းသက်​လာ​၏​။ ပထမ​လ​တွင် တာဝန်​ထမ်းဆောင်​ရ​သော​တပ်မှူး​အားလုံး​၏​ခေါင်းဆောင်​ဖြစ်​၏​။

4 ဒုတိယ​လ​တွင် တာဝန်​ထမ်းဆောင်​ရ​သော​တပ်ဖွဲ့​ကို ကြီးကြပ်သောသူ​မှာ အဟောဟိ​အမျိုး ဒေါဒဲ​ဖြစ်​၏​။ ထို​တပ်ဖွဲ့​ကို မိကလုတ်​က ဦးဆောင်​ရ​ပြီး လူ​အယောက်​နှစ်​သောင်း​လေး​ထောင်​ပါ​၏​။

5 တတိယ​လ​တွင် တာဝန်​ထမ်းဆောင်​ရ​သော​တတိယ​တပ်ဖွဲ့​၏​တပ်မှူး​မှာ ယဇ်ပုရောဟိတ်​ယောယဒ​၏​သား ဗေနာယ​ဖြစ်ပြီး သူ့​တပ်ဖွဲ့​တွင်​လည်း လူ​အယောက်​နှစ်​သောင်း​လေး​ထောင်​ပါ​၏​။

6 ဗေနာယ​သည် စစ်သူရဲ​သုံးဆယ်​တွင် တစ်ဦး​အပါအဝင်​ဖြစ်ပြီး လူ​အယောက်​သုံးဆယ်​ကို အုပ်ချုပ်​ရ​၏​။ သူ့​တပ်ဖွဲ့​ကို သူ့​သား အမိဇဗဒ်​က အုပ်ချုပ်​၏​။

7 စတုတ္ထ​လ​တွင် တာဝန်​ထမ်းဆောင်​ရ​သော​စတုတ္ထ​တပ်မှူး​မှာ ယွာဘ​၏​ညီ အာသဟေလ​ဖြစ်​၏​။ သူ​မ​ရှိ​တော့​သည့်​နောက်တွင် သူ့​သား ဇေဗဒိ​က ဆက်၍ တာဝန်​ထမ်းဆောင်​၏​။ သူ့​တပ်ဖွဲ့​တွင်​လည်း လူ​အယောက်​နှစ်​သောင်း​လေး​ထောင်​ပါ​၏​။

8 ပဉ္စမ​လ​တွင် တာဝန်​ထမ်းဆောင်​ရ​သော​ပဉ္စမ​တပ်ဖွဲ့​၏​တပ်မှူး​မှာ ဣဇဟာ​အမျိုးသား ရှံဟုတ်​ဖြစ်​၏​။ သူ့​တပ်ဖွဲ့​တွင်​လည်း လူ​အယောက်​နှစ်​သောင်း​လေး​ထောင်​ပါ​၏​။

9 ဆဋ္ဌမ​လ​တွင် တာဝန်​ထမ်းဆောင်​ရ​သော​ဆဋ္ဌမ​တပ်ဖွဲ့​၏​တပ်မှူး​မှာ တေကော​မြို့သား ဣကေရှ​၏​သား ဣရ​ဖြစ်​၏​။ သူ့​တပ်ဖွဲ့​တွင်​လည်း လူ​အယောက်​နှစ်​သောင်း​လေး​ထောင်​ပါ​၏​။

10 သတ္တမ​လ​တွင် တာဝန်​ထမ်းဆောင်​ရ​သော​သတ္တမ​တပ်ဖွဲ့​၏​တပ်မှူး​မှာ ဧဖရိမ်​သားမြေး​မှ​ဆင်းသက်​လာ​သော ပေလော​မြို့သား ဟေလက်​ဖြစ်​၏​။ သူ့​တပ်ဖွဲ့​တွင်​လည်း လူ​အယောက်​နှစ်​သောင်း​လေး​ထောင်​ပါ​၏​။

11 အဋ္ဌမ​လ​တွင် တာဝန်​ထမ်းဆောင်​ရ​သော​အဋ္ဌမ​တပ်ဖွဲ့​၏​တပ်မှူး​မှာ ဇေရ​အမျိုးသား ဟုရှသိ​လူမျိုး သိဗေခဲ​ဖြစ်​၏​။ သူ့​တပ်ဖွဲ့​တွင်​လည်း လူ​အယောက်​နှစ်​သောင်း​လေး​ထောင်​ပါ​၏​။

12 နဝမ​လ​တွင် တာဝန်​ထမ်းဆောင်​ရ​သော​နဝမ​တပ်ဖွဲ့​၏​တပ်မှူး​မှာ ဗင်္ယာမိန်​အမျိုး​၊ အနေသောသိ​လူမျိုး အဗျေဇာ​ဖြစ်​၏​။ သူ့​တပ်ဖွဲ့​တွင်​လည်း လူ​အယောက်​နှစ်​သောင်း​လေး​ထောင်​ပါ​၏​။

13 ဒသမ​လ​တွင် တာဝန်​ထမ်းဆောင်​ရ​သော​ဒသမ​တပ်ဖွဲ့​၏​တပ်မှူး​မှာ ဇေရ​အမျိုး နေတောဖ​မြို့သား မဟာရဲ​ဖြစ်​၏​။ သူ့​တပ်ဖွဲ့​တွင်​လည်း လူ​အယောက်​နှစ်​သောင်း​လေး​ထောင်​ပါ​၏​။

14 ဧကာဒသမ​လ​တွင် တာဝန်​ထမ်းဆောင်​ရ​သော​ဧကာဒသမ​တပ်ဖွဲ့​၏​တပ်မှူး​မှာ ဧဖရိမ်​သားမြေး​ထဲမှ ပိရသုန်​မြို့သား ဗေနာယ​ဖြစ်​၏​။ သူ့​တပ်ဖွဲ့​တွင်​လည်း လူ​အယောက်​နှစ်​သောင်း​လေး​ထောင်​ပါ​၏​။

15 ဒွါဒသမ​လ​တွင် တာဝန်​ထမ်းဆောင်​ရ​သော​ဒွါဒသမ​တပ်ဖွဲ့​၏​တပ်မှူး​မှာ ဩသံယေလ​အမျိုး​မှ နေတောဖ​မြို့သား ဟေလဒဲ​ဖြစ်​၏​။ သူ့​တပ်ဖွဲ့​တွင်​လည်း လူ​အယောက်​နှစ်​သောင်း​လေး​ထောင်​ပါ​၏​။

16 အစ္စရေး​အမျိုးအနွယ်​တို့​ကို အုပ်ချုပ်​ရ​သူ​များ​မှာ ရုဗင်​အမျိုး​တွင် ဇိခရိ​၏​သား​ဧလျေဇာ​၊ ရှိမောင်​အမျိုး​တွင် မာခါ​၏​သား​ရှေဖတိ​၊

17 လေဝိ​အမျိုး​တွင် ကေမွေလ​၏​သား​ဟာရှဘိ​၊ အာရုန်​အမျိုး​တွင် ဇာဒုတ်​၊

18 ယုဒ​အမျိုး​တွင် ဒါဝိဒ်​မင်းကြီး​၏​အစ်ကို ဧလိဟု​၊ ဣသခါ​အမျိုး​တွင် မိက္ခေလ​၏​သား​ဩမရိ​၊

19 ဇာဗုလုန်​အမျိုး​တွင် ဩဗဒိ​၏​သား​ဣရှမာယ​၊ နဿလိ​အမျိုး​တွင် အာဇရေလ​၏​သား​ယေရိမုတ်​၊

20 ဧဖရိမ်​အမျိုး​တွင် အာဇဇိ​၏​သား​ဟောရှေ​၊ မနာရှေ​အမျိုး​တစ်ဝက်​တွင် ပေဒါယ​၏​သား​ယောလ​၊

21 ဂိလဒ်​ပြည်​ရှိ​ကျန်​မနာရှေ​အမျိုး​တစ်ဝက်​တွင် ဇာခရိ​၏​သား​ဣဒေါ​၊ ဗင်္ယာမိန်​အမျိုး​တွင် အာဗနာ​၏​သား​ယာသေလ​၊

22 ဒန်​အမျိုး​တွင် ယေရောဟံ​၏​သား​အာဇရေလ စသည်​တို့​ဖြစ်​၏​။ ဤ​သူ​တို့​သည် အစ္စရေး​အမျိုးအနွယ်​၏​အကြီးအကဲ​များ ဖြစ်​ကြ​၏​။

23 ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​ကို ကောင်းကင်​ကြယ်​နှင့်အမျှ များပြား​စေ​မည်​ဟု မိန့်ဆို​ခဲ့​သောကြောင့် ဒါဝိဒ်​မင်းကြီး​က အသက်​နှစ်ဆယ်​မပြည့်​သော​သူ​တို့​ကို စာရင်း​မ​သွင်း​ချေ​။

24 ဇေရုယာ​၏​သား​ယွာဘ​သည် လူဦးရေ​စာရင်း​ကို စတင်​ရေတွက်​သော်လည်း ပြီးဆုံး​သည်​အထိ မ​ရေတွက်​ချေ​။ ထိုသို့​စာရင်း​ရေတွက်​ခြင်း​ကြောင့် အစ္စရေး​လူမျိုး​အပေါ် အမျက်​တော် ကျရောက်​ခဲ့​ရ​၏​။ ထို​အရေအတွက်​တို့​ကို ဒါဝိဒ်​မင်းကြီး​၏​ရာဇဝင်မှတ်တမ်း​စာရင်း​တွင် မ​ရေးသွင်း​ခဲ့​ချေ​။

25 အဒျေလ​၏​သား အာဇမာဝက်​သည် ဘုရင့်​ဘဏ္ဍာတိုက်​ကို ကြီးကြပ်​ပေး​ရ​၏​။ ဩဇိ​၏​သား​ယောနသန်​သည် ကျေးလက်ဒေသ​များ​၊ မြို့​များ​၊ ရွာ​များ​နှင့် ရဲတိုက်​များ​၌​ရှိ​သော သိုလှောင်ရုံ​များ​ကို ကြီးကြပ်​ပေး​ရ​၏​။

26 ခေလုပ်​၏​သား​ဧဇရိ​သည် လယ်ယာ​မြေ​၌​ထွန်ယက်​လုပ်ကိုင်​သော​လယ်သမား​များ​ကို ကြီးကြပ်​ပေး​ရ​၏​။

27 ရာမ​မြို့သား​ရှိမိ​သည် စပျစ်ခြံ​များ​ကို ကြီးကြပ်​ပေး​ရ​၏​။ ရှိဖမိ​မြို့သား​ဇာဗဒိ​သည် စပျစ်ဝိုင်​သိုလှောင်ရုံ​များ​ကို ကြီးကြပ်​ပေး​ရ​၏​။

28 ဂေဒါ​မြို့သား​ဗာလဟာနန်​သည် မြေနိမ့်ဒေသ​ရှိ သံလွင်ပင်​၊ သင်္ဘောသဖန်းပင်​များ​ကို ကြီးကြပ်​ပေး​ရ​၏​။ ယောရှ​သည် သံလွင်ဆီ​သိုလှောင်ရုံ​များ​ကို ကြီးကြပ်​ပေး​ရ​၏​။

29 ရှာရုန်​မြို့သား ရှိတရဲ​သည် ရှာရုန်​အရပ်​၌​ကျက်စား​သော​တိရစ္ဆာန်အုပ်​ကို တာဝန်ယူ​ရ​၏​။ အာဒလဲ​၏​သား​ရှာဖတ်​သည် ချိုင့်ဝှမ်းလွင်ပြင်​တိရစ္ဆာန်အုပ်​ကို တာဝန်ယူ​ရ​၏​။

30 ဣရှမေလ​အမျိုး ဩဗိလ​သည် ကုလားအုတ်​များ​ကို တာဝန်ယူ​ရ​၏​။ မေရောနုတ်​မြို့သား​ယေဒေယ​သည် မြည်း​တို့​ကို တာဝန်ယူ​ရ​၏​။

31 ဟာဂရိ​လူမျိုး​ယာဇဇ်​သည် သိုး​များ​ကို တာဝန်ယူ​ရ​၏​။ ဤ​သူ​အားလုံး​တို့​သည် ဒါဝိဒ်​မင်းကြီး​ပိုင်ဆိုင်​သော​ဥစ္စာ​တို့​ကို ကြီးကြပ်​ပေး​ရ​သော​အကြီးအကဲ​များ ဖြစ်​ကြ​၏​။

32 ဒါဝိဒ်​မင်းကြီး​၏​ဘထွေး​တော်​ယောနသန်​သည် သိနားလည်​နိုင်စွမ်း​ရှိ​သူ​အတိုင်ပင်ခံအမတ်​လည်း ဖြစ်​၏​။ ကျမ်းပြုဆရာ​လည်း ဖြစ်​၏​။ ဟခမောနိ​၏​သား​ယေဟေလ​သည် ဘုရင့်​သား​တော်​တို့​ကို စောင့်ရှောက်​ပေး​ရ​၏​။

33 အဟိသောဖေလ​သည် ဘုရင့်​အတိုင်ပင်ခံအမတ်​ဖြစ်​ပြီး အာခိ​လူမျိုး​ဟုရှဲ​သည် ဘုရင့်​မိတ်ဆွေ​တော်​ဖြစ်​၏​။

34 အဟိသောဖေလ မ​ရှိ​တော့​သည့်​နောက်​တွင် ဗေနာယ​၏​သား​ယောယဒ​နှင့် အဗျာသာ​တို့​သည် အတိုင်ပင်ခံအမတ်​များ​ဖြစ်လာ​ကြ​၏​။ ယွာဘ​သည်​လည်း ဘုရင့်​တပ်​တော်​၏​ဗိုလ်ချုပ်​ဖြစ်​၏​။

MYANMAR STANDARD BIBLE©

Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

Global Bible Initiative
ကြှနျုပျတို့နောကျလိုကျပါ:



ကြော်ငြာတွေ