ဤသို့ဖြင့် နေ့တစ်ဝက်ကျိုးလေ၏။ ညဦးပိုင်းယဇ်ပူဇော်ရမည့်အချိန်ထိ သူတို့ပရောဖက်ပြုနေကြသော်လည်း တုံ့ပြန်မှုမရှိ။ ထူးသံကို မကြားရ။ အရေးလုပ်သူလည်း မရှိ။
၁ ရာ 10:5 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက်မှ ဖိလိတ္တိခံတပ်ရှိရာ ဘုရားသခင်၏တောင်တော်သို့ ရောက်လိမ့်မည်။ မြို့နားသို့ရောက်လျှင် ပရောဖက်တစ်စုသည် သူတို့ရှေ့တွင် စောင်းပြား၊ ပတ်သာ၊ ပလွေ၊ စောင်းကောက် တီးမှုတ်သူတို့ပါလျက်၊ သူတို့သည် ပရောဖက်ပြုလျက် အထွတ်အမြတ်ထားရာကုန်းမြင့်မှဆင်းလာသည်ကို သင်တွေ့ရလိမ့်မည်။ Common Language Bible ထိုနောက်သင်သည်ဖိလိတ္တိအမျိုးသားတို့၏ တပ်စခန်းချရာ ဂိဗာမြို့ရှိဘုရားသခင် ၏တောင်တော်သို့သွားရောက်ရမည်။ ဂိဗာမြို့ အဝင်ဝ၌သင်သည်စောင်းကြီး၊ စောင်းငယ်၊ ပတ်သာ၊ ပြွေတို့ကိုတီးမှုတ်လျက်တောင်ပေါ် ရှိယဇ်ပလ္လင်မှလာကြသောပရောဖက်တစ်စု ကိုတွေ့လိမ့်မည်။ သူတို့သည်ကခုန်ဟစ်အော် ၍နေကြလိမ့်မည်။- Garrad Bible ထို နောက် ဖိ လိ တ္တိ ကင်း တပ် ထား ရာ ဘု ရား သ ခင့် တောင် တော် အ နီး သို့ ရောက် သော် မြင့် ရာ ဌာ န မှ စောင်း၊ ပတ် သာ၊ တ ယော၊ ပလွေ ပါ ရှိ သူ တို့ ကို ရှေ့ ထား လျက် ဆင်း လာ ဟော ပြော သူ ပ ရော ဖက် စု ကို တွေ့ လျှင် တွေ့ ချင်း Judson Bible ထိုနောက်မှ ဖိလိတ္တိတပ်ရှိရာ ဘုရားသခင်၏တောင်သို့ရောက်၍ မြို့သို့ချဉ်းကပ်သောအခါ၊ ပရောဖက် အပေါင်းအသင်းသည် တယော၊ ပတ်သာ၊ ပုလွေ၊ စောင်းပါလျက် ပရောဖက်ပြုလျက်၊ မြင့်သောအရပ်မှ ဆင်းလာကြသည်ကို တွေ့လိမ့်မည်။ |
ဤသို့ဖြင့် နေ့တစ်ဝက်ကျိုးလေ၏။ ညဦးပိုင်းယဇ်ပူဇော်ရမည့်အချိန်ထိ သူတို့ပရောဖက်ပြုနေကြသော်လည်း တုံ့ပြန်မှုမရှိ။ ထူးသံကို မကြားရ။ အရေးလုပ်သူလည်း မရှိ။
တစ်ဖက်ကမ်းရှိ ဂျေရိခေါမြို့မှပရောဖက်အဖွဲ့သားတို့သည် ဧလိရှဲကို မြင်သောအခါ “ဧလိယ၏ဝိညာဉ်သည် ဧလိရှဲအပေါ် တည်လေပြီ”ဟုဆိုပြီး သူ့ကို လာရောက်တွေ့ဆုံ၍ မြေမှာပျပ်ဝပ်လျက်
ဗေသလမြို့ရှိ ပရောဖက်အဖွဲ့သားတို့က ဧလိရှဲထံသို့လာပြီး “ထာဝရဘုရားက သင့်အရှင်ကိုသင့်ထံမှ ယနေ့ဆောင်ယူသွားမည်ကို သင်သိပါသလော”ဟုမေးလျှင် ဧလိရှဲက “ငါသိပါ၏။ တိတ်တိတ်နေကြပါ”ဟု ပြန်ပြော၏။
ဂျေရိခေါမြို့ရှိ ပရောဖက်အဖွဲ့သားတို့သည် ဧလိရှဲထံသို့လာပြီး “ထာဝရဘုရားက သင့်အရှင်ကိုသင့်ထံမှ ယနေ့ဆောင်ယူသွားမည်ကို သင်သိပါသလော”ဟုမေးလျှင် ဧလိရှဲက “ငါသိပါ၏။ တိတ်တိတ်နေကြပါ”ဟု ပြန်ပြော၏။
သူတို့နှစ်ဦး ဂျော်ဒန်မြစ်နားတွင် ရပ်နေကြစဉ်ပရောဖက်အဖွဲ့သား အယောက်ငါးဆယ်တို့သည် လာ၍ မျက်နှာချင်းဆိုင်ခပ်လှမ်းလှမ်းတွင် ရပ်နေကြ၏။
ယခု စောင်းသမားတစ်ယောက်ကို ငါ့ထံသို့ ခေါ်ခဲ့လော့”ဟု ဆို၏။ စောင်းသမားက စောင်းကိုတီးလိုက်သောအခါ ထာဝရဘုရား၏လက်တော်သည် ဧလိရှဲထံ သက်ရောက်လာပြီး
ဧလိရှဲသည် ဂိလဂါလမြို့သို့ပြန်လာရာ ထိုတိုင်းပြည်တွင်ငတ်မွတ်ခေါင်းပါးခြင်းဘေးဆိုက်ရောက်နေ၏။ ပရောဖက်အဖွဲ့သားတို့သည် သူ့ရှေ့၌ လာထိုင်နေသဖြင့် ဧလိရှဲက မိမိငယ်သားအား “အိုးကြီးတစ်လုံးတည်၍ ပရောဖက်အဖွဲ့သားတို့အား ဟင်းချက်ကျွေးပါ”ဟု ဆို၏။
ပရောဖက်အဖွဲ့သားတို့က ဧလိရှဲအား “ကြည့်ပါ။ ယခု အရှင်နှင့်အတူ အကျွန်ုပ်တို့နေသောနေရာသည် အကျွန်ုပ်တို့အတွက် အလွန်ကျဥ်းကျပ်ပါ၏။
ထိုအချိန်က ဒါဝိဒ်မင်းကြီးသည် ခံတပ်တွင်စံမြန်းလျက်ရှိပြီး ဖိလိတ္တိမြို့စောင့်တပ်မူကား ဗက်လင်မြို့၌ တပ်စွဲထားလျက်ရှိ၏။
ဒါဝိဒ်မင်းကြီးနှင့် အစ္စရေးလူမျိုးအပေါင်းတို့သည် ဘုရားသခင်ရှေ့တော်တွင် စောင်းကောက်၊ စောင်းပြား၊ ပတ်သာ၊ လင်းကွင်း၊ တံပိုးခရာတို့ကို တီးမှုတ်လျက် အားရပျော်မြူးစွာသီချင်းဆိုကြ၏။
ဟေမန်နှင့်ယေဒုသုန်တို့သည် တံပိုးခရာ၊ လင်းကွင်းတို့မှစ၍ ဘုရားသခင်ထံ သီဆိုချီးမွမ်းရန် တူရိယာများကို တီးမှုတ်ရ၏။ ယေဒုသုန်၏သားများမှာ တံခါးကို စောင့်ကြပ်ရ၏။
ခေါင်းဆောင်မှာ အာသပ်ဖြစ်၍ သူ၏လက်ထောက်မှာ ဇာခရိဖြစ်၏။ ယေယေလ၊ ရှေမိရာမုတ်၊ ယေဟေလ၊ မတ္တိသိ၊ ဧလျာဘ၊ ဗေနာယ၊ ဩဗဒေဒုံ၊ ယေယေလ တို့သည် စောင်းပြား၊ စောင်းကောက်စသောတူရိယာတို့ကို တီးခတ်ရ၏။ အာသပ်ကား လင်းကွင်းကို တီးရ၏။
ငါသည် သုတ္တံစကားတို့ကိုဂရုစိုက်နားထောင်မည်။ ငါ၏ပဟေဠိကို စောင်းတီး၍ဖွင့်ပြမည်။
စောင်းကောက်သံစဉ်နှင့်အတူ စောင်းပြားနှင့် ကြိုးဆယ်ချောင်းတပ်တူရိယာဖြင့် ထုတ်ဖော်ပြောဆိုခြင်းသည်လည်းကောင်း ကောင်းမြတ်ပေ၏။
ချစ်ခြင်းမေတ္တာကို လက်ကိုင်ပြုကြလော့။ ထို့ပြင် ဝိညာဉ်ဆုကျေးဇူးများ၊ အထူးသဖြင့် ပရောဖက်ပြုဟောပြောနိုင်သောဆုကျေးဇူးကို အလွန်လိုချင်သောစိတ်ရှိကြလော့။
တောင်ပေါ်သို့သူတို့ရောက်သောအခါ ပရောဖက်တစ်စုသည် သူ့ကိုကြိုဆိုကြ၏။ ဘုရားသခင်၏ဝိညာဉ်တော်သည် သူ့အပေါ်သို့ တမဟုတ်ချင်းဆင်းသက်၍ သူသည် သူတို့နှင့်အတူပရောဖက်ပြုလေ၏။
သူတို့သည် သင့်ကို သာကြောင်းမာကြောင်းမေးမြန်းနှုတ်ဆက်ကြလိမ့်မည်။ သင့်ကို မုန့်နှစ်လုံးပေး၍ သင်သည် သူတို့ထံမှ ခံယူရလိမ့်မည်။
အစ္စရေးလူမျိုးထဲမှ လူအယောက်သုံးထောင်ကို ရွေးချယ်၏။ လူနှစ်ထောင်သည် ရှောလုမင်းကြီးနှင့်အတူ မိတ်မတ်မြို့နှင့် ဗေသလတောင်ပေါ်ဒေသတို့တွင် နေရပြီး ကျန်လူတစ်ထောင်သည် ယောနသန်နှင့်အတူ ဗင်္ယာမိန်နယ်၊ ဂိဗာမြို့တွင် နေရ၏။ ကျန်လူတို့ကိုမူကား မိမိတို့တဲသို့ အသီးသီးပြန်သွားစေ၏။
ယောနသန်သည် ဂေဗမြို့တွင် ဖိလိတ္တိမြို့စောင့်တပ်များကို တိုက်ခိုက်ကြောင်း ဖိလိတ္တိလူမျိုးတို့ ကြားသိလေ၏။ ရှောလုမင်းကြီးကလည်း “ဟေဗြဲလူမျိုးတို့ ကြားသိစေ”ဟု ဆို၍ ပြည်တစ်လျှောက်လုံးတွင် တံပိုးမှုတ်စေ၏။
ရှောလုမင်းကြီးသည် တမန်တို့ကိုစေလွှတ်၍ ဒါဝိဒ်ကို ဖမ်းဆီးစေ၏။ သို့သော် ရှမွေလဦးဆောင်သည့်ပရောဖက်တစ်စု ပရောဖက်ပြုနေကြသည်ကိုသာ တွေ့ရ၏။ ထို့ပြင် ဘုရားသခင်၏ဝိညာဉ်တော်သည် ရှောလုမင်းကြီး၏လူတို့အပေါ် သက်ရောက်သဖြင့် သူတို့လည်း ပရောဖက်ပြုကြလေ၏။
သူတို့ကလည်း “ရှိပါ၏။ ကြည့်ရှုလော့။ သင်တို့ရှေ့၌ သွားလျက်ရှိပါ၏။ အလျင်အမြန်လိုက်သွားပါလော့။ ယနေ့တွင် လူတို့သည် အထွတ်အမြတ်ထားရာကုန်းမြင့်၌ ယဇ်ပူဇော်ကြမည်ဖြစ်၍ ဤမြို့သို့ ယခု သူရောက်လာပါ၏။