၁ ရာ 19:20 - မြန်မာ့စံမီသမ္မာကျမ်း20 ရှောလုမင်းကြီးသည် တမန်တို့ကိုစေလွှတ်၍ ဒါဝိဒ်ကို ဖမ်းဆီးစေ၏။ သို့သော် ရှမွေလဦးဆောင်သည့်ပရောဖက်တစ်စု ပရောဖက်ပြုနေကြသည်ကိုသာ တွေ့ရ၏။ ထို့ပြင် ဘုရားသခင်၏ဝိညာဉ်တော်သည် ရှောလုမင်းကြီး၏လူတို့အပေါ် သက်ရောက်သဖြင့် သူတို့လည်း ပရောဖက်ပြုကြလေ၏။ အခန်းကိုကြည့်ပါ။Common Language Bible20 သူ့ကိုဖမ်းဆီးရန်လူအချို့တို့ကိုစေလွှတ် တော်မူလိုက်၏။ သူတို့သည်ရှမွေလခေါင်း ဆောင်ကာ ကခုန်အော်ဟစ်နေကြသော ပရောဖက်တစ်စုကိုမြင်ကြ၏။ ထိုအခါ ဘုရားသခင်၏ဝိညာဉ်တော်သည် ရှောလု ၏လူတို့အပေါ်သို့သက်ရောက်သဖြင့် သူတို့သည်လည်းကခုန်အော်ဟစ်ကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible20 ဖမ်း ဆီး ရန် လူ တို့ ကို စေ လွှတ် ပြန် ရာ ရှ မွေ လ ဥက္က ဌ ပြု လျက်၊ ပ ရော ဖက် စု တို့ ဟော ပြော နေ ကြ သည် ကို မြင် လျှင် ဘု ရား သ ခင်၏ ဝိ ညာဉ် တော် သက် ရောက် သ ဖြင့် ပါ ဝင် ဟော ပြော ကြ၏။ အခန်းကိုကြည့်ပါ။Judson Bible20 ဒါဝိဒ်ကို ဖမ်းဆီးစေခြင်းငှာ စေလွှတ်ပြန်၏။ ပရောဖက်အပေါင်းအသင်းတို့သည် ပရောဖက်ပြုလျက်၊ ရှမွေလစီရင်လျက်နေသည်ကို တမန်တို့သည် တွေ့မြင်သောအခါ၊ ဘုရားသခင်၏ဝိညာဉ်တော်သည် ရှောလု၏ တမန်တော်တို့အပေါ်မှာ သက်ရောက်၍၊ သူတို့သည်လည်း ပရောဖက်ပြုရကြ၏။ အခန်းကိုကြည့်ပါ။ |