Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၄ ရာ 3:15 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 ယခု စောင်းသမား​တစ်​ယောက်​ကို ငါ့​ထံသို့ ခေါ်​ခဲ့​လော့​”​ဟု ဆို​၏​။ စောင်းသမား​က စောင်း​ကို​တီး​လိုက်​သောအခါ ထာဝရဘုရား​၏​လက်​တော်​သည် ဧလိရှဲ​ထံ သက်ရောက်​လာ​ပြီး

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

15 ယ​ခု​ငါ့​ထံ​သို့​စောင်း​သ​မား​တစ်​ဦး​ကို ခေါ်​ခဲ့​ပါ​လော့'' ဟု​ဆို​၏။ စောင်း​သ​မား​သည်​စောင်း​တီး​၍​နေ​စဉ် ဘု​ရား​သ​ခင် ၏​တန်​ခိုး​တော်​သည်​ဧ​လိ​ရှဲ​အ​ပေါ်​သို့​သက်​ရောက် လာ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15 စောင်း သ မား တီး သော အ ခါ ဧ လိ ရှဲ အ ပေါ် တွင် ထာ ဝ ရ ဘု ရား၏ လက် တော် တည် လေ့ ရှိ သည့် အ တိုင်း စောင်း သ မား ကို ခေါ် ခဲ့ လော့ ဟု အ မိန့် ရှိ၍ ဆင့် ဆို သည် မှာ

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 စောင်း​သ​မား​ကို​ခေါ်​ခဲ့​ဟု ဆို၍ စောင်း​သ​မား​သည်​တီး​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်​သည် ဧ​လိ​ရှဲ​အ​ပေါ်​သို့ ရောက်၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ




၄ ရာ 3:15
14 ပူးပေါင်းရင်းမြစ်များ  

ထိုစဉ် ထာဝရဘုရား​၏​လက်​တော်​သည် ဧလိယ​ထံ​သက်ရောက်​လာ​သဖြင့် သူ​သည် ခါးပန်း​ကို​စည်း​ပြီး​ပြေး​ရာ အာဟပ်​မင်းကြီး​ကို​ကျော်​၍ ယေဇရေလ​မြို့​သို့ ကြိုရောက်​နှင့်​လေ​၏​။


သူ​က “ ‘​ဤ​ချိုင့်ဝှမ်း​တွင် မြောင်း​များ​ကို တူး​ကြ​လော့’​ဟု ထာဝရဘုရား​မိန့်​တော်မူ​ပြီ​။


ငါ​သည် သုတ္တံ​စကား​တို့​ကို​ဂရုစိုက်​နားထောင်​မည်​။ ငါ​၏​ပဟေဠိ​ကို စောင်း​တီး​၍​ဖွင့်ပြ​မည်​။


ခါလဒဲ​ပြည်​၊ ခေဗာ​မြစ်​နား​တွင်​ရှိ​စဉ် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ဗုဇိ​၏​သား​၊ ယဇ်ပုရောဟိတ် ယေဇကျေလ​ထံသို့ ရောက်လာ​၏​။ ထို​အရပ်​၌ ထာဝရဘုရား​သည် လက်​တော်​ကို သူ့​အပေါ်​တင်​လျက်​ရှိ​၏​။


ထိုသို့ ဝိညာဉ်​တော်​က ငါ့​ကို​ချီဆောင်​သွား​သောအခါ ငါ​သည် ပူပန်စိတ်​လောင်မြိုက်​လျက် လိုက်ပါ​သွား​၏​။ ထာဝရဘုရား​၏​လက်​တော်​သည် ငါ့​အပေါ်​အားကြီး​စွာ​တည်​လျက်​ရှိ​၏​။


ထို​အရပ်​တွင် ထာဝရဘုရား​၏​လက်​တော်​သည် ငါ့​အပေါ်​၌​တည်​၍ “​လွင်ပြင်​သို့ ထ​သွား​လော့​။ ထို​နေရာ​တွင် သင့်​ကို ငါ​စကားပြော​မည်​”​ဟု မိန့်​တော်မူ​၏​။


ဆဋ္ဌမ​နှစ်​၊ ဆဋ္ဌမ​လ​၊ ငါး​ရက်​နေ့​တွင် ငါ​သည် အိမ်​၌​ထိုင်​နေ​၍ ယုဒ​လူ​သက်ကြီးဝါကြီး​တို့​သည်​လည်း ငါ့​ရှေ့​၌​ထိုင်​နေ​ကြ​စဉ် ဘုရားရှင်​ထာဝရဘုရား​၏​လက်​တော်​သည် ငါ့​အပေါ် သက်ရောက်​လာ​၏​။


သခင်​ဘုရား​၏​လက်​တော်​သည်​လည်း သူ​တို့​နှင့်အတူ​ရှိ​သဖြင့် များစွာ​သော​သူ​တို့​သည်​ယုံကြည်​၍ သခင်​ဘုရား​ထံသို့​ပြောင်းလဲ​လာ​ကြ​၏။


ထို့နောက်မှ ဖိလိတ္တိ​ခံတပ်​ရှိ​ရာ ဘုရားသခင်​၏​တောင်​တော်​သို့ ရောက်​လိမ့်မည်​။ မြို့​နား​သို့​ရောက်​လျှင် ပရောဖက်​တစ်စု​သည် သူ​တို့​ရှေ့​တွင် စောင်းပြား​၊ ပတ်သာ​၊ ပလွေ​၊ စောင်းကောက် တီးမှုတ်​သူ​တို့​ပါ​လျက်​၊ သူ​တို့​သည် ပရောဖက်ပြု​လျက် အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​မှ​ဆင်းလာ​သည်​ကို သင်​တွေ့​ရ​လိမ့်မည်​။


ထို့ကြောင့် အရှင့်​ထံ​ခစား​သော​အမှုထမ်း​တို့​အား စောင်း​တီး​ကျွမ်းကျင်​သူ​တစ်​ဦး​ကို ရှာဖွေ​စေ​ပါ​။ ဘုရားသခင်​ထံ​တော်​မှ ဝိညာဉ်ဆိုး​နှောင့်ယှက်​သောအခါ​တိုင်း ထို​သူ​စောင်းတီး​ပေး​လျှင် အရှင် ပြန်ကောင်း​သွား​ပါ​လိမ့်မည်​”​ဟု လျှောက်တင်​ကြ​၏​။


ဘုရားသခင်​ထံ​တော်​မှ ဝိညာဉ်ဆိုး​သည် ရှောလု​မင်းကြီး​ကို နှောင့်ယှက်​သည့်​အခါ ဒါဝိဒ်​သည် စောင်း​ကို​ယူ​၍ တီး​ပေး​၏​။ ထိုအခါ ရှောလု​မင်းကြီး​ထံမှ ဝိညာဉ်ဆိုး​ထွက်သွား​သဖြင့် သူ​သည် သက်သာ​ပြီး နေကောင်း​သွား​လေ​၏​။


နောက်တစ်နေ့​တွင် ဘုရားသခင်​ထံ​တော်​မှ ဝိညာဉ်ဆိုး​သည် ရှောလု​မင်းကြီး​ကို ဝင်ပူး​သဖြင့် သူ​သည် နန်းတော်​အလယ်​တွင် အော်ဟစ်ရေရွတ်​နေ​၍ ဒါဝိဒ်​သည် ယခင်​နေ့​များ​ကဲ့သို့ပင် စောင်းတီး​ပေး​၏​။ ရှောလု​မင်းကြီး​သည် လှံ​ကို​လည်း ကိုင်​ထား​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ