၁ ရာ 13:3 - မြန်မာ့စံမီသမ္မာကျမ်း3 ယောနသန်သည် ဂေဗမြို့တွင် ဖိလိတ္တိမြို့စောင့်တပ်များကို တိုက်ခိုက်ကြောင်း ဖိလိတ္တိလူမျိုးတို့ ကြားသိလေ၏။ ရှောလုမင်းကြီးကလည်း “ဟေဗြဲလူမျိုးတို့ ကြားသိစေ”ဟု ဆို၍ ပြည်တစ်လျှောက်လုံးတွင် တံပိုးမှုတ်စေ၏။ အခန်းကိုကြည့်ပါ။Common Language Bible3 ယောနသန်သည် ဂေဗာမြို့ရှိဖိလိတ္တိတပ်မှူး ကိုသတ်ဖြတ်လိုက်၏။ ထိုသတင်းကိုဖိလိတ္တိ အမျိုးသားအပေါင်းတို့ကြားကြ၏။ ထို အခါရှောလုသည်စေတမန်များအား ဣသ ရေလပြည်တစ်လျှောက်လုံးသို့လွှတ်ကာဟေဗြဲ အမျိုးသားတို့အားစစ်ပွဲဝင်ကြရန်တံပိုး ခရာမှုတ်၍စုရုံးစေ၏။- အခန်းကိုကြည့်ပါ။Garrad Bible3 ယော န သန် သည် ဂေ ဗ မြို့ ရှိ ဖိ လိ တ္တိ ကင်း တပ် ကို လုပ် ကြံ ရာ လုပ် ကြံ ကြောင်း ဖိ လိ တ္တိ လူ မျိုး တို့ သ တင်း ကြား ကြ၏။ ရှော လု မင်း က လည်း၊ ဟေ ဗြဲ လူ တို့ ကြား သိ ကြ စေ ဟု မိန့် ဆို လျက် တစ် နိုင် ငံ လုံး တံ ပိုး မှုတ် စေ ၏။ အခန်းကိုကြည့်ပါ။Judson Bible3 ယောနသန်သည် ဂိဗာမြို့၌ရှိသော ဖိလိတ္တိတပ်ကိုလုပ်ကြံသဖြင့် ဖိလိတ္တိလူတို့သည် သတင်းကြား၏။ ရှောလုကလည်း မြစ်တစ်ဖက်၌ နေသောသူတို့သည် ကြားသိစေဟု တစ်ပြည်လုံး တံပိုးမှုတ်စေ၏။ အခန်းကိုကြည့်ပါ။ |
ဂေဗမြို့မှဂျေရုဆလင်မြို့တောင်ဘက် ရိမ္မုန်မြို့တိုင်အောင် မြေတစ်ပြင်လုံးသည် လွင်ပြင်ဖြစ်လိမ့်မည်။ ဂျေရုဆလင်မြို့ကား မြှင့်တင်ခြင်းကိုခံရ၍ ဗင်္ယာမိန်တံခါးမှ မြို့တံခါးဟောင်းနေရာမြို့ထောင့်တံခါးအထိလည်းကောင်း၊ ရှိဟာနနေလမျှော်စင်မှသည် တော်ဝင်စပျစ်သီးနယ်ရာကျင်းအထိလည်းကောင်း ယခင်နေရာ၌ တည်ရှိလိမ့်မည်။
ထို့နောက်မှ ဖိလိတ္တိခံတပ်ရှိရာ ဘုရားသခင်၏တောင်တော်သို့ ရောက်လိမ့်မည်။ မြို့နားသို့ရောက်လျှင် ပရောဖက်တစ်စုသည် သူတို့ရှေ့တွင် စောင်းပြား၊ ပတ်သာ၊ ပလွေ၊ စောင်းကောက် တီးမှုတ်သူတို့ပါလျက်၊ သူတို့သည် ပရောဖက်ပြုလျက် အထွတ်အမြတ်ထားရာကုန်းမြင့်မှဆင်းလာသည်ကို သင်တွေ့ရလိမ့်မည်။