ထိုစဉ် ထာဝရဘုရား၏လက်တော်သည် ဧလိယထံသက်ရောက်လာသဖြင့် သူသည် ခါးပန်းကိုစည်းပြီးပြေးရာ အာဟပ်မင်းကြီးကိုကျော်၍ ယေဇရေလမြို့သို့ ကြိုရောက်နှင့်လေ၏။
၁ ပေ 1:13 - မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ သင်တို့၏စိတ်နှလုံးကို အသင့်ပြင်ဆင်ထားလျက် သမ္မာသတိရှိကြလော့။ ယေရှုခရစ်တော်ပေါ်ထွန်းတော်မူသောအခါ သင်တို့ထံသို့ သက်ရောက်လာမည့်ကျေးဇူးတော်ကို အပြည့်အဝမျှော်လင့်ကြလော့။ Common Language Bible သို့ဖြစ်၍သင်တို့နိုးကြား၍ သမ္မာသတိရှိ ကြလော့။ ယေရှုခရစ်ကြွလာတော်မူသော အခါ သင်တို့ခံစားရမည့်ကောင်းချီးကို အဆုံးတိုင်အောင်မျှော်လင့်လျက်နေကြလော့။- Garrad Bible သို့ ဖြစ်၍ စိတ် အား ယူ လျက် လုံး လုံး သ တိ ရှိ လျက် ယေ ရှု ခ ရစ် ပေါ် တော် မူ သည့် ကာ လ သင် တို့ ထံ ရောက် လာ မည့် ကျေး ဇူး တော် ကို စောင့် မျှော် လျက် နေ ကြ လော့။ Judson Bible သို့ဖြစ်၍၊ သင်တို့စိတ်နှလုံးကို ခါးပန်းစည်း၍ သမ္မာသတိရှိကြလော့။ ယေရှုခရစ် ပေါ်ထွန်းတော်မူသောအခါ၊ သင်တို့ဆီသို့ရောက်လတ္တံ့သော ဆုကျေးဇူးကို အဆုံးတိုင်အောင် မျှော်လင့်ကြလော့။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် သင်တို့၏ စိတ်နှလုံးကို အသင့်ပြင်၍ တည်ကြည်စေကြလော့။ ယေရှုခရစ်တော် ပြန်လည်ကြွလာသောအခါ သင်တို့ခံစားရမည့် ကျေးဇူးတော်ကို အပြည့်အဝမျှော်လင့်ကြလော့။ |
ထိုစဉ် ထာဝရဘုရား၏လက်တော်သည် ဧလိယထံသက်ရောက်လာသဖြင့် သူသည် ခါးပန်းကိုစည်းပြီးပြေးရာ အာဟပ်မင်းကြီးကိုကျော်၍ ယေဇရေလမြို့သို့ ကြိုရောက်နှင့်လေ၏။
ထိုအခါ ဧလိရှဲက ဂေဟာဇိအား “သင့်ခါးကိုစည်း၍ ငါ့တောင်ဝှေးကိုယူပြီး ပြေးသွားလော့။ လမ်းတွင် တစ်ယောက်ယောက်နှင့်ဆုံလျှင် နှုတ်မဆက်နှင့်။ တစ်ယောက်ယောက်က သင့်ကိုနှုတ်ဆက်လျှင်လည်း ပြန်နှုတ်မဆက်နှင့်။ ငါ့တောင်ဝှေးကို သူငယ်မျက်နှာပေါ်တွင် တင်ထားလော့”ဟု မှာကြား၏။
“ယခု ယောက်ျားပီသစွာ ခါးကိုစည်းထားလော့။ ငါမေးသောမေးခွန်းများကို ဖြေလော့။
သင်တို့ အဘယ်သို့စားရမည်နည်းဟူမူကား သင်တို့၏ခါးကိုစည်းလျက်၊ ခြေ၌ဖိနပ်ကိုစီးလျက်၊ လက်ထဲ၌တောင်ဝှေးကိုကိုင်လျက် အလျင်အမြန်စားရမည်။ ဤသည်ကား ထာဝရဘုရား၏ပသခါပွဲတော်ဖြစ်၏။
“သင်သည် ခါးကိုစည်း၍ ထပြီးလျှင် သင့်အား ငါမိန့်မှာထားသောစကားအလုံးစုံကို သူတို့အား ဆင့်ဆိုလော့။ သူတို့ကို မကြောက်နှင့်။ ကြောက်လျှင် သင့်ကို သူတို့ရှေ့တွင် ငါခြောက်လှန့်မည်။
ထိုသူတို့အား ‘သင်တို့လည်း စပျစ်ခြံသို့သွားကြလော့။ ထိုက်သင့်သည့်လုပ်အားခကို သင်တို့အား ငါပေးမည်’ဟု ဆိုသဖြင့် သူတို့သည်သွားကြ၏။
ထိုသို့မဆိုဘဲ ‘ငါ့အတွက်စားစရာတစ်စုံတစ်ခုပြင်ဆင်၍ ငါစားသောက်ပြီးသည်အထိ ခါးစည်းလျက် ငါအလိုရှိရာကိုဆောင်ရွက်လော့။ ထို့နောက်မှ သင်သည် စားသောက်လော့’ဟု ဆိုမည်မဟုတ်လော။
အပျော်ကြူးခြင်းနှင့်သောက်စားမူးယစ်ခြင်းတို့၌လည်းကောင်း၊ ကိလေသာရှုပ်ထွေးခြင်းနှင့်ကာမဂုဏ်လိုက်စားခြင်းတို့၌လည်းကောင်း၊ ပဋိပက္ခဖြစ်ခြင်းနှင့်မနာလိုခြင်းတို့၌လည်းကောင်း မကျင်လည်ကြဘဲ နေ့အချိန်၌လျှောက်လှမ်းသကဲ့သို့ တင့်တယ်လျောက်ပတ်စွာ အသက်ရှင်လျှောက်လှမ်းကြကုန်စို့။
ဖန်ဆင်းခံလောကသည် ဘုရားသခင့်သားများ၏ထင်ရှားခြင်းကို အလွန်တောင့်တသောစိတ်ဖြင့် စောင့်မျှော်လျက်နေ၏။
ထို့ကြောင့် သင်တို့သည် ဆုကျေးဇူးတစ်စုံတစ်ခုမျှ လစ်ဟင်းနေသည်ဟူ၍မရှိဘဲ ငါတို့သခင်ယေရှုခရစ်တော်၏ပေါ်ထွန်းတော်မူခြင်းကို စောင့်မျှော်နေကြ၏။
ယခုတွင် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းနှင့် ချစ်ခြင်းမေတ္တာ ဤသုံးပါးတို့သည် တည်လျက်ရှိ၏။ ဤသုံးပါးတို့တွင် ချစ်ခြင်းမေတ္တာသည် အမြတ်ဆုံးဖြစ်၏။
သို့ဖြစ်၍ သမ္မာတရားဖြင့် သင်တို့ခါးကိုစည်းလျက် ဖြောင့်မတ်ခြင်းရင်အုပ်တန်ဆာကို ဝတ်ဆင်ကာ
သင်တို့၏အသက်ဖြစ်သောခရစ်တော်ထင်ရှားတော်မူသောအခါ သင်တို့သည်လည်း ကိုယ်တော်နှင့်အတူ ဘုန်းအသရေ၌ထင်ရှားကြလိမ့်မည်။
ဆင်းရဲဒုက္ခခံရသောသင်တို့အား ငါတို့နှင့်အတူသက်သာခွင့်ကိုလည်းကောင်း ပြန်၍ခံစားစေမည့်အမှုသည် ဘုရားသခင်ရှေ့တော်၌ အမှန်ပင်တရားမျှတသောအမှုဖြစ်၏။
သင်မူကား အရာရာ၌ သမ္မာသတိရှိလော့။ ဆင်းရဲဒုက္ခကိုခံ၍ ကောင်းမြတ်သောသတင်းဟောပြောသူပြုရမည့်အမှုကို ပြုလော့။ သင်၏အမှုတော်လုပ်ငန်းကို အပြည့်အဝဆောင်ရွက်လော့။
ယခုအခါတွင် ဖြောင့်မတ်ခြင်းသရဖူသည် ငါ့အတွက် အသင့်ရှိနေ၏။ ထိုနေ့၌ ဖြောင့်မတ်သည့်တရားစီရင်သူဖြစ်တော်မူသော သခင်ဘုရားသည် ထိုသရဖူကို ငါ့အားပေးတော်မူလိမ့်မည်။ ငါ့ကိုသာမဟုတ်ဘဲ ကိုယ်တော်၏ပေါ်ထွန်းတော်မူခြင်းကို လိုလားတောင့်တသူအားလုံးတို့ကိုလည်း ပေးတော်မူလိမ့်မည်။
ထို့ကြောင့် ကြီးမြတ်သောအကျိုးကျေးဇူးရှိသည့် သင်တို့၏ယုံကြည်စိတ်ချမှုကို မစွန့်လွှတ်ကြနှင့်။
ခရစ်တော်မူကား သားတော်အဖြစ် ဘုရားသခင်၏အိမ်တော်အပေါ်သစ္စာရှိတော်မူ၏။ ငါတို့သည် ယုံကြည်စိတ်ချခြင်းနှင့် မျှော်လင့်ခြင်း၌ဂုဏ်ယူဝါကြွားခြင်းတို့ကို စွဲကိုင်ထားလျှင် ဘုရားသခင်၏အိမ်တော်ဖြစ်ကြ၏။
ထိုမျှော်လင့်ခြင်းသည် ငါတို့၏စိတ်ဝိညာဉ်အတွက် ခိုင်ခံ့မြဲမြံသောကျောက်ဆူးကဲ့သို့ ငါတို့၌ရှိ၍ ဗိမာန်တော်ကန့်လန့်ကာအတွင်းဘက်သို့ဝင်ရောက်၏။
ခရစ်တော်သည်လည်း များစွာသောလူတို့၏အပြစ်များကိုဆောင်ယူသွားရန် မိမိကိုယ်ကိုတစ်ကြိမ်တည်းပူဇော်ပြီးမှ ဒုတိယအကြိမ်၌ကား အပြစ်အတွက်မဟုတ်ဘဲ မိမိကိုစောင့်မျှော်နေသောသူတို့အား ကယ်တင်ရန်အတွက် ပေါ်ထွန်းတော်မူလိမ့်မည်။
သင်တို့ခံစားရမည့်ကျေးဇူးတော်နှင့်ပတ်သက်၍ ဟောပြောခဲ့သည့်ပရောဖက်တို့သည် ထိုကယ်တင်ခြင်းအကြောင်းကို ရှာဖွေစူးစမ်းခဲ့ကြ၏။
သင်တို့၏စိတ်နှလုံးထဲ၌ ခရစ်တော်ကို အရှင်သခင်အဖြစ် ရိုသေလေးမြတ်ကြလော့။ သင်တို့၌ရှိသည့် မျှော်လင့်ခြင်းအကြောင်းနှင့်ပတ်သက်၍ သင်တို့အား မေးမြန်းသောသူအားလုံးတို့ကို ဖြေရှင်းပြောဆိုနိုင်ရန် အမြဲတမ်းအသင့်ရှိကြလော့။
ခပ်သိမ်းသောအရာတို့၏နောက်ဆုံးချိန် နီးကပ်လာပြီဖြစ်၍ ဆုတောင်းခြင်းအမှုကိုပြုနိုင်ရန် တည်ငြိမ်မှန်ကန်သောစိတ်နှင့် သမ္မာသတိရှိကြလော့။
ငါသည် သစ္စာရှိသောညီအစ်ကိုအဖြစ် ငါသတ်မှတ်သော သိလွာနုမှတစ်ဆင့် စာအနည်းငယ်ရေးလိုက်ခြင်းအားဖြင့် သင်တို့ကိုတိုက်တွန်းနှိုးဆော်ကာ ဤအရာသည် ဘုရားသခင်၏စစ်မှန်သောကျေးဇူးတော်ဖြစ်ကြောင်း သက်သေခံ၏။ သင်တို့သည် ဤကျေးဇူးတော်၌ ရပ်တည်ကြလော့။
သမ္မာသတိရှိလျက် နိုးကြားစွာစောင့်နေကြလော့။ သင်တို့၏ရန်သူတည်းဟူသောမာရ်နတ်သည် ဟောက်သောခြင်္သေ့ကဲ့သို့ ဝါးမျိုရမည့်သူကို လှည့်လည်ရှာဖွေလျက်ရှိ၏။
ကိုယ်တော်၌ ဤသို့မျှော်လင့်ထားသောသူတိုင်းသည် ကိုယ်တော်သန့်ရှင်းစင်ကြယ်တော်မူသည့်နည်းတူ မိမိကိုယ်ကိုသန့်ရှင်းစင်ကြယ်စေတတ်၏။