၄ ရာ 4:29 - မြန်မာ့စံမီသမ္မာကျမ်း29 ထိုအခါ ဧလိရှဲက ဂေဟာဇိအား “သင့်ခါးကိုစည်း၍ ငါ့တောင်ဝှေးကိုယူပြီး ပြေးသွားလော့။ လမ်းတွင် တစ်ယောက်ယောက်နှင့်ဆုံလျှင် နှုတ်မဆက်နှင့်။ တစ်ယောက်ယောက်က သင့်ကိုနှုတ်ဆက်လျှင်လည်း ပြန်နှုတ်မဆက်နှင့်။ ငါ့တောင်ဝှေးကို သူငယ်မျက်နှာပေါ်တွင် တင်ထားလော့”ဟု မှာကြား၏။ အခန်းကိုကြည့်ပါ။Common Language Bible29 ဧလိရှဲသည်ဂေဟာဇိ၏ဘက်သို့လှည့်၍``ငါ ၏တောင်ဝှေးကိုယူ၍အလျင်အမြန်သွားလော့။ လမ်းတွင်မည်သူ့ကိုမျှနှုတ်မဆက်နှင့်။ သင့်အား နှုတ်ဆက်သူရှိလျှင်လည်းပြန်၍ဖြေမနေနှင့်။ အိမ်သို့အရောက်သွား၍သူငယ်၏အပေါ်တွင် ငါ၏တောင်ဝှေးကိုတင်ထားလော့'' ဟုစေခိုင်း လေသည်။ အခန်းကိုကြည့်ပါ။Garrad Bible29 ဂေ ဟာ ဇိ အား၊ ဧ လိ ရှဲ က၊ ခါး စည်း လျက် ငါ့ တောင် ဝေး ကို ကိုင် လျက် တွေ့ ကြုံ သူ တိုင်း နှင့် နှုတ် ဆက် ခြင်း တုံ့ ပြန် ခြင်း မ ပြု ဘဲ သွား ပြီး လျှင်၊ ထို တောင် ဝေး ကို သူ ငယ့် မျက် နှာ ပေါ် တွင် တင် ထား လော့ ဟု မိန့် မှာ စဉ်၊ အခန်းကိုကြည့်ပါ။Judson Bible29 ဧလိရှဲသည် ဂေဟာဇိကိုခေါ်၍ သင်၏ခါးကို စည်းလော့။ ငါ့တောင်ဝှေးကိုကိုင်၍ သွားလော့။ လမ်းမှာ သူတစ်ပါးတွေ့လျှင် နှုတ်မဆက်နှင့်။ သင့်ကို သူတစ်ပါးနှုတ်ဆက်လျှင် ပြန်၍မပြောနှင့်။ ငါ့တောင်ဝှေးကို သူငယ်၏မျက်နှာပေါ်မှာ တင်လော့ဟု မှာထားလေ၏။ အခန်းကိုကြည့်ပါ။ |