ဟေဗြဲ 9:28 - မြန်မာ့စံမီသမ္မာကျမ်း28 ခရစ်တော်သည်လည်း များစွာသောလူတို့၏အပြစ်များကိုဆောင်ယူသွားရန် မိမိကိုယ်ကိုတစ်ကြိမ်တည်းပူဇော်ပြီးမှ ဒုတိယအကြိမ်၌ကား အပြစ်အတွက်မဟုတ်ဘဲ မိမိကိုစောင့်မျှော်နေသောသူတို့အား ကယ်တင်ရန်အတွက် ပေါ်ထွန်းတော်မူလိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible28 ထိုနည်းတူစွာခရစ်တော်သည်လည်းလူအများ ၏အပြစ်ကိုဖြေလွှတ်ရန်အတွက် မိမိ၏ကိုယ် ကိုတစ်ကြိမ်တည်းတင်လှူပူဇော်တော်မူသည်။ အပြစ်ဒုစရိုက်ကိုသုတ်သင်ပယ်ရှင်းရန် မဟုတ်ဘဲ မိမိကိုစောင့်မျှော်နေသူတို့အား ကယ်တင်တော်မူရန် ကိုယ်တော်သည်ဒုတိယ အကြိမ်ကြွလာတော်မူပေအံ့။ အခန်းကိုကြည့်ပါ။Garrad Bible28 ခ ရစ် တော် လည်း အ များ တို့၏ အ ပြစ် ကို ခံ ခြင်း ငှာ တစ် ကြိမ် တည်း ဆက် ကပ် ခံ တော် မူ ပြီး နောက် ကိုယ် တော် ကို စောင့် မျှော် သူ တို့ အား ကယ် တင် ခြင်း ငှာ ပြစ် ဒဏ် မ ခံ ဘဲ ဒု တိ ယ အ ကြိမ် ပေါ် ထွန်း တော် မူ ဦး မည်။ အခန်းကိုကြည့်ပါ။Judson Bible28 ထိုနည်းတူ၊ ခရစ်တော်သည် လူများအပြစ်တို့ကို ခံခြင်းငှာ တစ်ခါတည်း ကိုယ်ကိုပူဇော်ပြီးမှ၊ နောက်တစ်ဖန် ထိုသခင်ကို မျှော်လင့်လျက်နေသောသူတို့ကို ကယ်တင်ခြင်းအလိုငှာ၊ အပြစ်နှင့်မဆိုင်ဘဲ ပေါ်ထွန်းတော်မူလတ္တံ့။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း28 ခရစ်တော်သည် လူများစွာတို့၏ အပြစ်များကို ဖြေလွှတ်ရန် မိမိကိုယ်ကိုယ် တစ်ကြိမ်တည်းသာ ပူဇော်တော်မူ၏။ ထို့နောက် အပြစ်များကို ဖယ်ရှားရန် မဟုတ်ဘဲ ကိုယ်တော်ကို စောင့်မျှော်နေသူတို့အား ကယ်တင်ရန် ဒုတိယအကြိမ်ပေါ်ထွန်းတော်မူလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ထိုနေ့ရက်၌ လူတို့က “ကြည့်ရှုလော့။ ဤအရှင်ကား ငါတို့၏ဘုရားသခင်ပေတည်း။ ငါတို့သည် ကိုယ်တော်ကိုစောင့်မျှော်၍ ကိုယ်တော်သည် ငါတို့ကိုကယ်တင်တော်မူ၏။ ဤအရှင်ကား ငါတို့စောင့်မျှော်သော ထာဝရဘုရားပေတည်း။ ငါတို့သည် ကိုယ်တော်၏ကယ်တင်ခြင်းကြောင့် ရွှင်လန်းဝမ်းမြောက်ကြကုန်စို့”ဟု ဆိုကြလိမ့်မည်။
ကျရောက်လာမည့်အမျက်တော်မှ ငါတို့ကိုကယ်နုတ်တော်မူသည့် ယေရှုတည်းဟူသော သေသောသူတို့ထဲမှ ဘုရားသခင်ထမြောက်စေတော်မူသောသားတော်သည် ကောင်းကင်ဘုံမှကြွလာတော်မူမည်ကို စောင့်မျှော်ရန် သင်တို့သည် ရုပ်တုများကိုစွန့်၍ ဘုရားသခင်ထံ မည်ကဲ့သို့ပြောင်းလဲလာကြသည်ကိုလည်းကောင်း သူတို့ကိုယ်တိုင်ပြောကြားကြ၏။
အဘယ်ကြောင့်ဆိုသော် ခရစ်တော်သည်လည်း အပြစ်အတွက် တစ်ကြိမ်တည်းနှင့်အပြီး ဒုက္ခဝေဒနာခံစားတော်မူ၏။ သင်တို့ကို ဘုရားသခင်ထံတော်သို့ပို့ဆောင်မည့်အကြောင်း ဖြောင့်မတ်သောအရှင်သည် မဖြောင့်မတ်သောသူတို့ကိုယ်စား ဒုက္ခဝေဒနာခံစားတော်မူ၏။ ကိုယ်တော်သည် ကိုယ်ကာယ၌ အမှန်ပင်အသေခံသော်လည်း ဝိညာဉ်တော်၌မူကား အသက်ရှင်စေခြင်းကိုခံတော်မူလျက်
ကြည့်ရှုလော့။ ကိုယ်တော်သည် မိုးတိမ်များဖြင့်ကြွလာတော်မူ၏။ ထိုအခါ ကိုယ်တော်ကိုထိုးဖောက်ခဲ့သူတို့မှစ၍ လူအပေါင်းတို့သည် မိမိတို့မျက်စိဖြင့် ကိုယ်တော်ကိုတွေ့မြင်ရကြလိမ့်မည်။ ကမ္ဘာမြေကြီးပေါ်ရှိ လူမျိုးနွယ်စုအားလုံးသည် ကိုယ်တော်ကြောင့် ရင်ဘတ်စည်တီးလျက်မြည်တမ်းကြလိမ့်မည်။ မှန်ပေ၏။ အာမင်။
သို့ရာတွင် ဆုကျေးဇူးသည် ကျူးလွန်သောအပြစ်ကဲ့သို့မဟုတ်ပေ။ အကြောင်းမူကား တစ်ယောက်သောသူကျူးလွန်သည့်အပြစ်ကြောင့် များစွာသောသူတို့သည် သေခဲ့လျှင် ဘုရားသခင်၏ကျေးဇူးတော်နှင့် ယေရှုခရစ်တော်တည်းဟူသော တစ်ယောက်သောသူ၏ကျေးဇူးတော်အားဖြင့် သက်ရောက်သောကောင်းချီးလက်ဆောင်သည် များစွာသောလူတို့၌ ပို၍ပင် ကြွယ်ဝပြည့်စုံမည်ဖြစ်၏။
ဤတောင်ကြားချိုင့်ဝှမ်းလွင်ပြင်သည် အာဇေလအရပ်တိုင်အောင် ရောက်လိမ့်မည်။ ယုဒဘုရင်ဩဇိမင်းကြီးလက်ထက် ငလျင်လှုပ်သဖြင့် သင်တို့ထွက်ပြေးရသကဲ့သို့ ယခုလည်း တောင်ကြားချိုင့်ဝှမ်းလွင်ပြင်အတိုင်း သင်တို့ ထွက်ပြေးရလိမ့်မည်။ ငါ၏ဘုရားသခင်ထာဝရဘုရားသည်လည်း မိမိသန့်ရှင်းသူအပေါင်းတို့နှင့်အတူ ကြွလာတော်မူလိမ့်မည်။