၁ ကော 13:13 - မြန်မာ့စံမီသမ္မာကျမ်း13 ယခုတွင် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းနှင့် ချစ်ခြင်းမေတ္တာ ဤသုံးပါးတို့သည် တည်လျက်ရှိ၏။ ဤသုံးပါးတို့တွင် ချစ်ခြင်းမေတ္တာသည် အမြတ်ဆုံးဖြစ်၏။ အခန်းကိုကြည့်ပါ။Common Language Bible13 ယခုတွင်ပါရမီသုံးပါးတည်းဟူသော ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်းတည် လျက်ရှိ၏။ ဤသုံးပါးတို့တွင်ချစ်ခြင်း မေတ္တာသည်အမြတ်ဆုံးဖြစ်သတည်း။ အခန်းကိုကြည့်ပါ။Garrad Bible13 ပါ ရ မီ သုံး ပါး တည်း ဟူ သော ယုံ ကြည် ခြင်း၊ မြော် လင့် ခြင်း၊ ချစ် ခြင်း မူ ကား တည် လျက် နေ၏။ ထို သုံး ပါး တွင် ချစ် ခြင်း မေ တ္တာ သည် အ ထူး အ မြတ် ဖြစ် သ တည်း။ အခန်းကိုကြည့်ပါ။Judson Bible13 ယခုတွင် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်း၊ ဤသုံးပါးတည်လျက် ရှိ၏။ ဤသုံးပါးတို့တွင် ချစ်ခြင်း မေတ္တာသည် အမြတ်ဆုံးဖြစ်သတည်း။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း13 ယခုတွင် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်းမေတ္တာ ဤသုံးပါးတို့သည် တည်လျက်ရှိ၏။ ဤသုံးပါးတို့အနက် ချစ်ခြင်းမေတ္တာသည် အမြတ်ဆုံးဖြစ်၏။ အခန်းကိုကြည့်ပါ။ |
သားသမီးတို့၊ သင်တို့သည် ခမည်းတော်ကို သိကြသောကြောင့် သင်တို့ထံ ငါရေးလိုက်၏။ ဖခင်တို့၊ သင်တို့သည် အစအဦးကပင်ရှိတော်မူသောအရှင်ကို သိကြသောကြောင့် သင်တို့ထံ ငါရေးလိုက်၏။ လူငယ်လူရွယ်တို့၊ သင်တို့သည် ခွန်အားနှင့်ပြည့်စုံ၍ ဘုရားသခင်၏နှုတ်ကပတ်တော်သည် သင်တို့၌တည်သဖြင့် မကောင်းသောအရာကို သင်တို့အောင်နိုင်ခဲ့ကြသောကြောင့် သင်တို့ထံ ငါရေးလိုက်၏။