၁ ပေ 5:8 - မြန်မာ့စံမီသမ္မာကျမ်း8 သမ္မာသတိရှိလျက် နိုးကြားစွာစောင့်နေကြလော့။ သင်တို့၏ရန်သူတည်းဟူသောမာရ်နတ်သည် ဟောက်သောခြင်္သေ့ကဲ့သို့ ဝါးမျိုရမည့်သူကို လှည့်လည်ရှာဖွေလျက်ရှိ၏။ အခန်းကိုကြည့်ပါ။Common Language Bible8 နိုးနိုးကြားကြားရှိကြလော့။ သတိနှင့်စောင့် နေကြလော့။ သင်တို့၏ရန်သူမာရ်နတ်သည် ဟောက်သောခြင်္သေ့ကဲ့သို့ဝါးမျိုရမည့်သူကို လှည့်လည်ရှာဖွေလျက်ရှိ၏။- အခန်းကိုကြည့်ပါ။Garrad Bible8 သ တိ ရှိ လျက် စောင့် နေ ကြ လော့။ သင် တို့ ရန် ဘက် မာရ် နတ် သည် ဟောက် လျက် နေ သော ခြင်္သေ့ ကဲ့ သို့ ဖမ်း စား ရ မည့် သူ ကို ရှာ ဖွေ လှည့် လည်၍ နေ သ ဖြင့်၊ အခန်းကိုကြည့်ပါ။Judson Bible8 သမ္မာသတိရှိလျက် မအိပ်ဘဲစောင့်နေကြလော့။ သင်တို့၏ ရန်သူတည်းဟူသော မာရ်နတ်သည်၊ ဟောက်သောခြင်္သေ့ကဲ့သို့ အဘယ်သူကို မျိုရမည်နည်းဟူ၍ လှည့်လည်ရှာဖွေလျက်ရှိ၏။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း8 မိမိတို့စိတ်ကို ချုပ်တည်းလျက် သတိနှင့် စောင့်ကြလော့။ သင်တို့၏ ရန်သူဖြစ်သော မာရ်နတ်သည် ဟိန်းဟောက်သောခြင်္သေ့ကဲ့သို့ ဝါးမျိုရမည့်သူကို လှည့်လည်ရှာဖွေလျက်ရှိ၏။ အခန်းကိုကြည့်ပါ။ |
ရှင်ဘုရင်သည် ဒံယေလအား စွပ်စွဲခဲ့သောသူတို့ကို ခေါ်ဆောင်လာစေ၍ ခြင်္သေ့တွင်းထဲသို့ ပစ်ချရန် အမိန့်ပေးလေ၏။ ထိုသူတို့ကို သားသမီး၊ ဇနီးများနှင့်တကွ ခြင်္သေ့တွင်းထဲသို့ပစ်ချလိုက်ရာ တွင်းအောက်ခြေမရောက်မီပင် ခြင်္သေ့တို့သည် သူတို့ကို ခုန်အုပ်၍အရိုးပါမကျန် ချိုးဖဲ့ကိုက်စားကြလေ၏။
သင်တို့သည် သင်တို့၏အဖမာရ်နတ်နှင့်စပ်ဆိုင်ကြပြီး သင်တို့အဖ၏ဆန္ဒအတိုင်းပြုလိုကြ၏။ မာရ်နတ်သည် အစအဦးကပင် လူသတ်သမားဖြစ်၏။ သူ၌သမ္မာတရားမရှိသောကြောင့် သမ္မာတရား၌မရပ်တည်။ သူသည် လိမ်လည်သောသူဖြစ်ပြီး လိမ်လည်ခြင်း၏အဖလည်းဖြစ်သောကြောင့် လိမ်လည်ပြောဆိုသောအခါ မိမိပင်ကိုစရိုက်အတိုင်းပြောဆို၏။
ထို့နောက် ကောင်းကင်မှကျယ်လောင်သောအသံက “ငါတို့ဘုရားသခင်၏ကယ်တင်ခြင်း၊ တန်ခိုးတော်၊ နိုင်ငံတော်နှင့် ကိုယ်တော်၏ခရစ်တော်၌ရှိသောအာဏာစက်တို့သည် ယခုပေါ်ထွန်းလေပြီ။ အကြောင်းမူကား ငါတို့၏ညီအစ်ကိုများကိုစွပ်စွဲသောသူတည်းဟူသော ငါတို့ဘုရားသခင်၏ရှေ့တော်၌ နေ့ရောညပါ သူတို့ကိုစွပ်စွဲသောသူသည် ပစ်ချခြင်းခံရလေပြီ။