အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၁ ကော 1:30 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

သင်​တို့​သည် ဘုရားသခင်​အားဖြင့် ခရစ်တော်​ယေရှု​၌​တည်​နေ​ကြ​၏။ ခရစ်တော်​သည် ငါ​တို့​အတွက် ဘုရားသခင်​ထံမှ​လာ​သော ဉာဏ်ပညာ​ဖြစ်​တော်မူ​ပြီး ဖြောင့်မတ်​ခြင်း၊ သန့်ရှင်း​ခြင်း​နှင့် ရွေးနုတ်​ခြင်း​ဖြစ်​တော်မူ​၏။

အခန်းကိုကြည့်ပါ။

Common Language Bible

ဘု​ရား​သ​ခင်​သည်​သင်​တို့​အား​ခ​ရစ်​တော် ယေ​ရှု​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​စေ​တော် မူ​၏။ ခ​ရစ်​တော်​အား​ငါ​တို့​၏​ဉာဏ်​ပ​ညာ ဖြစ်​စေ​တော်​မူ​၏။ ကိုယ်​တော်​အား​ဖြင့်​ဘု​ရား သ​ခင်​သည် ငါ​တို့​ကို​မိ​မိ​နှင့်​မှန်​ကန်​စွာ​ဆက် သွယ်​စေ​တော်​မူ​၍ ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏ လူ​စု​တော်​ဖြစ်​လျက်​လွတ်​မြောက်​ခွင့်​ကို​ရ​ရှိ ကြ​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

သို့ ရာ တွင် ကိုယ် ကို ဂုဏ် တင် လို သူ ကား ထာ ဝ ရ ဘု ရား ကြောင့် ဂုဏ် တင် စေ ဟု ကျမ်း ချက် အ ရ ဖြစ် စေ ခြင်း ငှာ ဖြောင့် မတ် ခြင်း၊ သန့် ရှင်း ခြင်း၊ ရွေး နုတ် ခြင်း များ တည်း ဟူ သော ပ ညာ တော် အ ဖြစ် ငါ တို့ အ ဖို့ ဘု ရား သ ခင် ထား တော် မူ သော ခ ရစ် တော် ယေ ရှု၌ တည် နေ ခွင့် ကို သင် တို့ သည် ဘု ရား သ ခင် ကြောင့် ရ ရှိ ကြ ၏။

အခန်းကိုကြည့်ပါ။

Judson Bible

ထို​ဘု​ရား​သ​ခင်​အား​ဖြင့် သင်​တို့​သည် ယေ​ရှု​ခ​ရစ်၌ တည်​နေ​ကြ၏။ ထို​သ​ခင်​မူ​ကား၊ ဘု​ရား​သ​ခင် စီ​ရင်​တော်​မူ​သည်​အ​တိုင်း၊ ငါ​တို့၌ ပ​ညာ​မှ​စ၍ ဖြောင့်​မတ်​ခြင်း၊ သန့်​ရှင်း​ခြင်း၊ ရွေး​နုတ်​ခြင်း​ဖြစ်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

သင်တို့​ကို ယေရှု​ခရစ်တော်​နှင့် တပေါင်းတစည်းတည်း​ဖြစ်စေတော်မူသော​အရှင်​မှာ ဘုရားသခင်​ဖြစ်၏။ ခရစ်တော်​သည် ကျွန်ုပ်တို့​၏ အကျိုး​အတွက် ဘုရားသခင်​ထံမှ လာသော ဉာဏ်ပညာ​ဖြစ်တော်မူပြီး ကျွန်ုပ်တို့​ကို ဘုရားသခင်​ရှေ့တော်​၌ ဖြောင့်မတ်​စေတော်မူ၏။ ကိုယ်တော်​သည် ကျွန်ုပ်တို့​ကို သန့်ရှင်းစေ​၍ အပြစ်​မှ ရွေးနုတ်တော်မူ၏။

အခန်းကိုကြည့်ပါ။



၁ ကော 1:30
76 ပူးပေါင်းရင်းမြစ်များ  

ဉာဏ်ပညာ​သည် လမ်း​ပေါ်၌​ကြွေးကြော်​၍ လမ်းဆုံ​များ​၌ မိမိ​အသံ​ကို​လွှင့်​တတ်​၏​။


အကြောင်းမူကား ထာဝရဘုရား​သည် ဉာဏ်ပညာ​ကို​ပေး​တော်မူ​၏​။ အသိပညာ​နှင့် ထိုးထွင်းဉာဏ်​သည် ကိုယ်တော်​၏​နှုတ်​တော်​မှ​လာ​၏​။


အသိဉာဏ်​နည်းပါး​သော​သူ​တို့​၊ ဆင်ခြင်ဉာဏ်​ကို ရယူ​ကြ​လော့​။ မိုက်မဲ​သော​သူ​တို့​၊ အသိဉာဏ်​ကို ရယူ​ကြ​လော့​။


ထာဝရဘုရား​၏​ဝိညာဉ်​တော်​ဖြစ်​သည့် ဉာဏ်ပညာ​နှင့်​အသိဉာဏ်​ကို ပေး​သော​ဝိညာဉ်​၊ အကြံဉာဏ်​နှင့်​အစွမ်းတန်ခိုး​ကို ပေး​သော​ဝိညာဉ်​၊ အသိပညာ​နှင့်​ထာဝရဘုရား​အား ကြောက်ရွံ့​ခြင်း​ကို ပေး​သော​ဝိညာဉ်​သည် သူ့​အပေါ်​တွင် ကိန်းဝပ်​တော်မူ​မည်​။


အစ္စရေး​လူမျိုး​သည် ထာဝရဘုရား​အားဖြင့် ထာဝရ​တည်​သော​ကယ်တင်​ခြင်း​ကို​ရရှိ​မည်​။ သင်​တို့​သည် ကာလ​အစဉ်အဆက် အရှက်ကွဲ​ရ​မည်​မ​ဟုတ်​။ အသရေပျက်​ရ​မည်​မ​ဟုတ်​။


သင့်​ကို​တိုက်ခိုက်​ရန် ထုတ်လုပ်​သော​လက်နက်​ရှိသမျှ​သည် အထမြောက်​မည်​မ​ဟုတ်​။ သင်​နှင့်​တရားဆိုင်​၍ သင့်​ကို​ဆန့်ကျင်​သော​လျှာ​ရှိသမျှ​တို့​ကို သင်​က အောင်​နိုင်​လိမ့်မည်​။ ဤသည်ကား ထာဝရဘုရား​၏​အစေအပါး​တို့ ရရှိ​သော​အမွေ​၊ ငါ့​ထံမှ​ရရှိ​သော​ဖြောင့်မတ်​ခြင်း​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။


ထို​နေ့​၌ ယုဒ​အမျိုး​သည် ကယ်တင်​ခြင်း​ခံရ​လိမ့်မည်​။ ဂျေရုဆလင်​မြို့သူမြို့သား​တို့​သည် ဘေးကင်းလုံခြုံ​စွာ​နေထိုင်​ရ​လိမ့်မည်​။ ထို​မြို့​အား ငါ​တို့​ကို ဖြောင့်မတ်​စေ​တော်မူ​သော​ထာဝရဘုရား​ဟူ၍ ခေါ်ဆို​ကြ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။


“​ဘုရားသခင်​၏​နာမ​တော်​ကို ကာလ​အစဉ်အဆက်​ချီးမွမ်း​ကြ​ပါစေသော​။ ဉာဏ်ပညာ​နှင့် အစွမ်းတန်ခိုး​သည် ကိုယ်တော့်​ထံမှ​ဖြစ်​ပါ​၏​။


အပြစ်​ကျူးလွန်​ခြင်း​ကို ရပ်တန့်​ဖို့​၊ အပြစ်​ကို အဆုံးသတ်​ဖို့​၊ ဒုစရိုက်အပြစ်​ကို ဖြေလွှတ်​ဖို့​၊ ထာဝရ​ဖြောင့်မတ်​ခြင်း​ကို ယူဆောင်​လာ​ဖို့​၊ ဗျာဒိတ်နိမိတ်​နှင့် ပရောဖက်ပြု​ဟောပြော​ခြင်း​တို့​ကို​တံဆိပ်ခတ်​ဖို့​၊ အသန့်ရှင်းဆုံးဌာန​ကို ဘိသိက်သွန်း​ဖို့ သင့်​လူမျိုး​တော်​နှင့် သန့်ရှင်း​သော​မြို့​တော်​အတွက် ရက်သတ္တပတ်​ခုနစ်ဆယ်​ကို စီရင်​သတ်မှတ်​တော်မူ​ပြီ​။


ငါ​သည် သူ​တို့​ကို မရဏာနိုင်ငံ​မှ ကယ်နုတ်​မည်​။ သေမင်း​လက်​မှ ရွေးနုတ်​မည်​။ အို သေမင်း​၊ သင်​၏​ဘေး​ကား အဘယ်မှာ​နည်း​။ အို မရဏာနိုင်ငံ​၊ သင်​၏​အဆိပ်ဆူး​ကား အဘယ်မှာ​နည်း​။ သင့်​ကို ငါ​မသနား​မကြင်နာ​တော့​ပြီ​။”


သူ​သည် သား​ယောက်ျား​ကို ဖွားမြင်​လိမ့်မည်။ ထို​သား​သည် မိမိ​၏​လူမျိုး​တော်​ကို သူ​တို့​၏​အပြစ်​များ​မှ ကယ်တင်​မည်​ဖြစ်​သောကြောင့် သူ​၏​အမည်​ကို ယေရှု​ဟူ၍​မှည့်​ခေါ်​ရ​မည်”​ဟု မြွက်ဆို​လေ​၏။


သို့ဖြစ်၍ ဘုရားသခင်​၏​ဉာဏ်ပညာ​တော်​က ‘ပရောဖက်​များ​နှင့် တမန်တော်​များ​ကို သူ​တို့​ထံသို့ ငါ​စေလွှတ်​မည်။ ထိုအခါ သူ​တို့​သည် ထို​သူ​တို့​ထဲမှ အချို့​တို့​ကို​ညှဉ်းဆဲ​၍ သတ်​ကြ​လိမ့်မည်’​ဟု မြွက်ဆို​ထား​၏။


အကြောင်းမူကား သင်​တို့​ကို ဆန့်ကျင်​သော​သူ​တစ်စုံတစ်ဦး​မျှ မ​ငြင်းခုံ​မ​ဟန့်တား​နိုင်​သော နှုတ်​အစွမ်း​နှင့်​ဉာဏ်ပညာ​တို့​ကို သင်​တို့​အား ငါ​ပေး​မည်။


ဘုရားသခင်​ကို မည်သူမျှ​မ​မြင်​ဖူး​သော်လည်း ခမည်းတော်​၏​ရင်ခွင်​၌​ရှိ​သည့် တစ်ပါးတည်း​သော​သား​တော်​ဘုရား​သည် ဘုရားသခင်​ကို ထင်ရှား​စေ​တော်မူ​ပြီ။


ယေရှု​က“ငါ​သည် လမ်း၊ သမ္မာတရား​နှင့် အသက်​ဖြစ်​၏။ ငါ့​ကို​အမှီ​မ​ပြု​လျှင် မည်သူမျှ ခမည်းတော်​ထံသို့​မ​ရောက်​နိုင်​ရာ။


အကျွန်ုပ်​ကို ကိုယ်တော်​ချစ်​တော်မူ​သော​ချစ်​ခြင်း​မေတ္တာ​သည် သူ​တို့​၌​တည်​ရှိ​၍ အကျွန်ုပ်​သည်​လည်း သူ​တို့​၌​တည်​ရှိ​ရန် ကိုယ်တော်​၏​နာမ​တော်​ကို သူ​တို့​အား အကျွန်ုပ်​သိ​စေ​ပါ​ပြီ။ ဆက်လက်​၍​လည်း သိ​စေ​ပါ​ဦး​မည်”​ဟု မြွက်ဆို​တော်မူ​၏။


အကြောင်းမူကား အကျွန်ုပ်​အား ကိုယ်တော်​ပေး​တော်မူ​သော​နှုတ်ကပတ်​တရား​တို့​ကို အကျွန်ုပ်​သည် သူ​တို့​အား ပေးအပ်​သဖြင့် သူ​တို့​သည် ခံယူ​ကြ​ကာ ကိုယ်တော်​ထံမှ အကျွန်ုပ်​ကြွလာ​ခဲ့​ကြောင်း​ကို အမှန်ပင်​သိရှိ​လျက် ကိုယ်တော်​သည် အကျွန်ုပ်​ကို​စေလွှတ်​တော်မူ​ကြောင်း​ကို​လည်း ယုံကြည်​ကြ​ပါ​ပြီ။


တစ်ဖန် ယေရှု​သည် လူ​တို့​အား​မြွက်ဆို​တော်မူ​၍“ငါ​သည် ဤ​လောက​၏​အလင်း​ဖြစ်​၏။ ငါ့​နောက်​သို့​လိုက်​သော​သူ​သည် မည်သည့်​အခါ​မျှ မှောင်မိုက်​၌​သွားလာ​ခြင်း​မ​ရှိ​ဘဲ အသက်​၏​အလင်း​ကို​ရရှိ​မည်”​ဟု မိန့်​တော်မူ​၏။


ဤသည်ကား သူ​တို့​၏​မျက်စိ​ကို​ဖွင့်​ပေး​၍ သူ​တို့​ကို အမှောင်​မှ အလင်း​သို့​လည်းကောင်း၊ စာတန်​၏​အခွင့်​အာဏာ​မှ ဘုရားသခင်​ထံသို့​လည်းကောင်း ပြောင်းလဲ​စေ​သဖြင့် သူ​တို့​သည် ငါ့​ကို​ယုံကြည်​ခြင်း​အားဖြင့် အပြစ်​များ​ခွင့်လွှတ်​ခြင်း​ကျေးဇူး​ကို​ခံစားရ​ကာ သန့်ရှင်း​စေ​ခြင်း​ခံရ​သော​သူ​တို့​ထဲတွင် ပါဝင်​ရ​မည့်​အကြောင်း​တည်း’​ဟု မိန့်​တော်မူ​ခဲ့​ပါ​သည်။


အဘယ်ကြောင့်​ဆိုသော် “ဖြောင့်မတ်​သော​သူ​သည် ယုံကြည်​ခြင်း​အားဖြင့် အသက်ရှင်​လိမ့်မည်”​ဟု ကျမ်းစာ​၌​ရေး​ထား​သည့်​အတိုင်း ယုံကြည်​ခြင်း​အပေါ်​အခြေခံ​လျက် ယုံကြည်​ခြင်း​သို့​ပို့ဆောင်​သည့်​ဘုရားသခင်​၏​ဖြောင့်မတ်​ခြင်း​တရား​သည် ဤ​ကောင်းမြတ်​သော​သတင်း​၌​ထင်ရှား​လျက်​ရှိ​၏။


အကြောင်းမူကား အရာ​ခပ်သိမ်း​တို့​သည် ကိုယ်တော်​ထံမှ​လည်းကောင်း၊ ကိုယ်တော်​အားဖြင့်​လည်းကောင်း၊ ကိုယ်တော်​အတွက်​လည်းကောင်း ဖြစ်တည်​ကြ​၏။ ကိုယ်တော်ရှင်​၌ ကာလ​အစဉ်အဆက် ဘုန်း​အသရေ​တော်​တည်ရှိ​ပါစေသော။ အာမင်။


အရေအတွက်​များ​သော​ငါ​တို့​သည်​လည်း ခရစ်တော်​၌ ကိုယ်ခန္ဓာ​တစ်ခုတည်း​ဖြစ်​ကြ​ပြီး အသီးသီး​သည် အင်္ဂါ​အစိတ်အပိုင်း​အချင်းချင်း​ဖြစ်​ကြ​ကာ


ငါ​၏​အမျိုးသား​ချင်း​ဟေရောဒီအုံ​ကို နှုတ်ဆက်​ပေး​ကြ​လော့။ သခင်​ဘုရား​၌​ရှိ​သော နာကိသု​၏​အိမ်သူအိမ်သား​တို့​ကို နှုတ်ဆက်​ပေး​ကြ​လော့။


ငါ​၏​အမျိုးသား​ချင်း​ဖြစ်​ပြီး ငါ​နှင့်အတူ​အကျဉ်းချ​ခံရ​သူ အန္ဒြောနိတ်​နှင့်​ယုနိ​တို့​ကို နှုတ်ဆက်​ပေး​ကြ​လော့။ သူ​တို့​သည် တမန်တော်​များ​ကြား​တွင် ထင်ပေါ်​ကျော်ကြား​သော​သူ​များ​ဖြစ်​ကြ​၍ ငါ့​ထက်​အလျင်​ဦးစွာ ခရစ်တော်​ကို​ယုံကြည်​သော​သူ​များ​လည်း ဖြစ်​ကြ​၏။


သခင်​ယေရှု​သည် ငါ​တို့​ကျူးလွန်​သော​အပြစ်​များ​အတွက် အပ်နှံ​ခြင်း​ကို​ခံရ​ပြီး ငါ​တို့​ဖြောင့်မတ်​သည်​ဟု အသိအမှတ်ပြု​ခြင်း​ခံရ​ရန်​အတွက် ထမြောက်​တော်မူ​၏။


ထို့အတူ ဒါဝိဒ်​သည်​လည်း ဘုရားသခင်​က အကျင့်​ကို​မ​ထောက်​ဘဲ ဖြောင့်မတ်​သည်​ဟု​သတ်မှတ်​တော်မူ​သော​သူ​၏​မင်္ဂလာ​ကို ပြောဆို​ရာ​တွင်


တစ်နည်းဆိုသော် လူ​တစ်​ယောက်​၏​မ​နာခံ​မှု​ကြောင့် များစွာ​သော​လူ​တို့​သည် အပြစ်သား​အဖြစ် သတ်မှတ်​ခြင်း​ခံရ​ကြ​သည့်​နည်းတူ တစ်​ယောက်​သော​သူ​၏​နာခံ​မှု​ကြောင့် များစွာ​သော​လူ​တို့​သည် ဖြောင့်မတ်​သော​သူ​အဖြစ် သတ်မှတ်​ခြင်း​ခံရ​ကြ​လိမ့်မည်။


ဤသည်ကား အပြစ်​သည် သေ​ခြင်း​အားဖြင့် စိုးမိုး​ခဲ့​သည့်​နည်းတူ ကျေးဇူး​တော်​သည်​လည်း ဖြောင့်မတ်​ခြင်း​အားဖြင့် စိုးမိုး​လျက် ငါ​တို့​၏​သခင်​ယေရှု​ခရစ်တော်​အားဖြင့် ထာဝရ​အသက်​ကို​ရရှိ​စေရန်​ဖြစ်​၏။


ထို့ကြောင့် ယခု​အခါ ခရစ်တော်​ယေရှု​၌​ရှိ​သော​သူ​တို့​သည် ပြစ်ဒဏ်​စီရင်​ခြင်း​မ​ခံရ။


ထိုမျှမက ဝိညာဉ်​တော်​၏​အသီးဦး​ကို​ရရှိ​သော ငါ​တို့​ကိုယ်တိုင်​သည်​လည်း သားသမီး​အရာ​ကို​ရ​ခြင်း​တည်းဟူသော ငါ​တို့​၏​ကိုယ်ခန္ဓာ​ရွေးနုတ်​ခံရ​ခြင်း​ကို စောင့်မျှော်​လျက် စိတ်နှလုံး​ထဲ၌ ညည်းတွား​နေ​ကြ​၏။


သို့သော် ဘုရားသခင်​၏​ဝိညာဉ်​တော်​သည် သင်​တို့​အထဲ၌​ကိန်းဝပ်​တော်မူ​လျှင် သင်​တို့​သည် သွေးသား​ဇာတိ​၌​မ​ဟုတ်​ဘဲ ဝိညာဉ်​တော်​၌​ရှိ​ကြ​၏။ ခရစ်တော်​၏​ဝိညာဉ်​တော်​ကို​မ​ရ​သော​သူ​သည် ခရစ်တော်​နှင့်​မ​ဆိုင်။


ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​နာမ​တော်​ကို​ပတ္ထနာ​ပြု​ကြ​သည့် အရပ်ရပ်​တို့​၌​ရှိ​သော​သူ​အပေါင်း​တို့​နှင့်အတူ​သန့်ရှင်း​သူ​အဖြစ်​ခေါ်ယူ​တော်မူ​ခြင်း​ခံရ​၍ ခရစ်တော်​ယေရှု​အားဖြင့် သန့်ရှင်း​စေ​ခြင်း​ခံရ​သော​သူ​များ​တည်းဟူသော ကောရိန္သု​မြို့​၌​ရှိ​သည့် ဘုရားသခင်​၏​အသင်းတော်​ထံသို့ စာ​ရေး​လိုက်​ပါ​၏။ ကိုယ်တော်​သည် ထို​ပတ္ထနာ​ပြု​သော​သူ​အပေါင်း​တို့​နှင့် ငါ​တို့​၏​သခင်​ဖြစ်​တော်မူ​၏။


သို့သော် ဂျူး​လူမျိုး​ဖြစ်စေ၊ ဂရိ​လူမျိုး​ဖြစ်စေ ခေါ်ယူ​တော်မူ​ခြင်း​ခံရ​သော​သူ​တို့​အတွက် ခရစ်တော်​သည် ဘုရားသခင်​၏​တန်ခိုး​တော်​နှင့် ဘုရားသခင်​၏​ဉာဏ်ပညာ​တော်​ဖြစ်​၏။


သို့ရာတွင် ဘုရားသခင်​သည် အလို​တော်​ရှိ​သည့်​အတိုင်း ထို​အင်္ဂါ​အစိတ်အပိုင်း​များ​ကို ကိုယ်ခန္ဓာ​၌ အသီးသီး​ပြင်ဆင်​ပေး​တော်မူ​၏။


သင်​တို့​သည် ခရစ်တော်​၏​ကိုယ်ခန္ဓာ​ဖြစ်​ကြ​ပြီး အသီးသီး​သည် အင်္ဂါ​အစိတ်အပိုင်း​များ​ဖြစ်​ကြ​၏။


အကြောင်းမူကား ဝိညာဉ်​တော်​အားဖြင့် တစ်​ယောက်​သော​သူ​အား ဉာဏ်ပညာ​စကား​ကို​လည်းကောင်း၊ ထို​ဝိညာဉ်​တော်​အားဖြင့် အခြား​တစ်​ဦး​အား အသိပညာ​စကား​ကို​လည်းကောင်း၊


အကြောင်းမူကား ခရစ်တော်​၌ သင်​တို့​ကို​အုပ်ထိန်း​သူ တစ်သောင်း​ရှိ​သော်လည်း ဖခင်​မူကား များစွာ​မ​ရှိ။ ကောင်းမြတ်​သော​သတင်း​အားဖြင့် ခရစ်တော်​ယေရှု​၌ သင်​တို့​ကို​မွေးဖွား​ပေး​ခဲ့​သူ​မှာ ငါ​ပင်​ဖြစ်​၏။


သင်​တို့​တွင် အချို့​သော​သူ​တို့​သည် ထိုသို့​သော​သူ​များ​ဖြစ်​ခဲ့​ကြ​၏။ သို့သော် သင်​တို့​သည် သခင်​ယေရှု​ခရစ်တော်​၏​နာမ​တော်​နှင့် ငါ​တို့​ဘုရားသခင်​၏​ဝိညာဉ်​တော်​အားဖြင့် ဆေးကြော​ခြင်း​ခံရ​၍ သန့်ရှင်း​စေ​ခြင်း​ခံရ​ကာ ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​ကြ​၏။


လွန်ခဲ့သော​တစ်ဆယ့်လေး​နှစ်​က တတိယ​ကောင်းကင်​တိုင်အောင် ချီဆောင်​ခြင်း​ခံရ​သည့် ခရစ်တော်​၌​တည်​သော​လူ​တစ်​ဦး​ကို ငါ​သိ​၏။ သူ​သည် ကိုယ်ခန္ဓာ​ပါ​လျက် ချီဆောင်​ခြင်း​ခံရ​သလော​၊ သို့မဟုတ် ကိုယ်ခန္ဓာ​မ​ပါ​ဘဲ ချီဆောင်​သွား​ခြင်း​ခံရ​သလော ငါ​မ​သိ။ ဘုရားသခင်​သိ​တော်မူ​၏။


“အမှောင်​ထဲမှ အလင်း​ထွန်းလင်း​စေ”​ဟု မိန့်​တော်မူ​သော​ဘုရားသခင်​သည် ယေရှု​ခရစ်တော်​၏​မျက်နှာ​တော်​၌​ထွန်းလင်း​သည့် ဘုရားသခင်​၏​ဘုန်း​တော်​ကို​သိ​သော​ဉာဏ်​အလင်းရောင်​အား ငါ​တို့​စိတ်နှလုံး​ထဲ၌ ထွန်းလင်း​စေ​တော်မူ​၏။


ထို​သခင်​သည် ငါ​တို့​အဖ​ဖြစ်​တော်မူ​သော​ဘုရားသခင်​၏​အလို​တော်​နှင့်အညီ ဆိုးညစ်​သော​မျက်မှောက်​ကာလ​မှ ငါ​တို့​ကို​ကယ်နုတ်​ရန် ငါ​တို့​၏​အပြစ်​အတွက် မိမိကိုယ်ကို​ပေးအပ်​တော်မူ​၏။


ခရစ်တော်​သည် ငါ​တို့​အတွက် ကျိန်​ခြင်း​ခံရ​သူ​ဖြစ်​ပြီး ငါ​တို့​ကို ပညတ်​တရား​၏​ကျိန်​ခြင်း​မှ ရွေးနုတ်​တော်မူ​၏။ အဘယ်ကြောင့်​ဆိုသော် “သစ်​တိုင်​ပေါ်၌​ဆွဲ​ထား​ခြင်း​ခံရ​သူ​တိုင်း ကျိန်​ခြင်း​ကို​ခံရ​သူ​ဖြစ်​၏”​ဟု ရေး​ထား​၏။


ထို​နက်နဲ​သော​အရာ​ဟူမူကား အချိန်အခါ​များ​ပြည့်စုံ​သောအခါ ကောင်းကင်​ဘုံ​၌​ရှိ​သော​အရာ​များ​ဖြစ်စေ၊ မြေကြီး​ပေါ်၌​ရှိ​သော​အရာ​များ​ဖြစ်စေ၊ အရာ​ခပ်သိမ်း​တို့​ကို ခရစ်တော်​၌​ပေါင်းစည်း​စေရန် စီမံ​ခန့်ခွဲ​တော်မူ​ခြင်း​ဖြစ်​၏။


ထို​ဝိညာဉ်​တော်​သည် ပိုင်ဆိုင်​တော်မူ​သော​သူ​တို့​ရွေးနုတ်​ခြင်း​ခံရ​သည်​အထိ ငါ​တို့​၏​အမွေ​အတွက် စရန်​ဖြစ်​တော်မူ​၏။ ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​ကြ​ရန်​အတွက်​လည်း​ဖြစ်​၏။


ဘုရားသခင်​၏​ကျေးဇူး​တော်​ကြွယ်ဝ​တော်မူ​သည်​နှင့်အညီ ငါ​တို့​သည် သား​တော်​၏​သွေး​တော်​အားဖြင့် ရွေးနုတ်​ခြင်း​တည်းဟူသော ကျူးလွန်​သည့်​အပြစ်​များ​ခွင့်လွှတ်​ခြင်း​ကျေးဇူး​ကို ထို​သား​တော်​အားဖြင့်​ရရှိ​ကြ​၏။


အကြောင်းမူကား ငါ​တို့​သည် ကောင်း​သော​အမှု​များ​ကို​ပြု​ရန် ခရစ်တော်​ယေရှု​၌​ဖန်ဆင်း​ခြင်း​ခံရ​သော ဘုရားသခင်​၏​လက်ရာ​တော်​ဖြစ်​ကြ​၏။ ထို​ကောင်း​သော​အမှု​များ​၌ ငါ​တို့​အသက်ရှင်​လျှောက်လှမ်း​ကြ​ရန် ဘုရားသခင်​သည် ထို​အမှု​များ​ကို ကြိုတင်​ပြင်ဆင်​ထား​တော်မူ​၏။


ဘုရားသခင်​၏​သန့်ရှင်း​သော​ဝိညာဉ်​တော်​ကို ဝမ်း​မ​နည်း​စေ​ကြ​နှင့်။ သင်​တို့​သည် ရွေးနုတ်​ခြင်း​နေ့ရက်​အတွက် ထို​ဝိညာဉ်​တော်​ဖြင့် တံဆိပ်​ခတ်နှိပ်​ခြင်း​ကို​ခံရ​ကြ​၏။


ခရစ်တော်​သည် ထိုသို့​ပြု​ခြင်း​မှာ ရေ​နှင့်ဆိုင်သော​ဆေးကြော​ခြင်း​အားဖြင့် နှုတ်ကပတ်တော်​၌ အသင်းတော်​ကို သန့်ရှင်း​စင်ကြယ်​စေ​ရန်​နှင့်


ဤသည်ကား ငါ​သည် ပညတ်​တရား​နှင့်ဆိုင်သော ငါ​၏​ဖြောင့်မတ်​ခြင်း​မ​ဟုတ်​ဘဲ ခရစ်တော်​ကို​ယုံကြည်​ခြင်း​အားဖြင့်​ရရှိ​သော​ဖြောင့်မတ်​ခြင်း​တည်းဟူသော ယုံကြည်​ခြင်း​အပေါ်၌​အခြေခံ​သည့် ဘုရားသခင်​၏​ဖြောင့်မတ်​ခြင်း​ကို​ရရှိ​၍ ခရစ်တော်​ကို​ရရှိ​ကာ ကိုယ်တော်​၌ တွေ့မြင်​ခြင်း​ခံရ​ရန်​အတွက်​ဖြစ်​၏။


ငါ​တို့​သည် ထို​သား​တော်​အားဖြင့် ရွေးနုတ်​ခြင်း​တည်းဟူသော အပြစ်​များ​ခွင့်လွှတ်​ခြင်း​ကျေးဇူး​ကို ရရှိ​ကြ​၏။


ခရစ်တော်​၏​နှုတ်ကပတ်​တရား​ကို သင်​တို့​၌ ကြွယ်ဝ​စွာ​တည်​စေ​၍ အချင်းချင်း​တို့​ကို အမျိုးမျိုး​သော​ဉာဏ်ပညာ​ဖြင့်​သွန်သင်​လျက် သတိပေး​ဆုံးမ​ကာ ကျေးဇူး​တော်​ချီးမွမ်း​ခြင်း​နှင့်တကွ ဆာလံ​သီချင်း​များ၊ ဓမ္မ​သီချင်း​များ​နှင့် ဝိညာဉ်ရေး​ဆိုင်ရာ​သီချင်း​များ​ကို သင်​တို့​၏​စိတ်နှလုံး​နှင့်တကွ ဘုရားသခင်​ထံ သီဆို​ကြ​လော့။


ငြိမ်သက်​ခြင်း​၏​အရှင် ဘုရားသခင်​ကိုယ်တော်​တိုင် သင်​တို့​ကို အကုန်အစင်​သန့်ရှင်း​စေ​တော်မူ​ပါစေသော။ ငါ​တို့​၏​သခင်​ယေရှု​ခရစ်တော်​ကြွလာ​တော်မူ​သောအခါ သင်​တို့​၏​ဝိညာဉ်၊ စိတ်နှလုံး၊ ကိုယ်ခန္ဓာ​ကို အပြစ်တင်​စရာ​မ​ရှိ​စေရန် စောင့်ရှောက်​တော်မူ​ပါစေသော။


ခရစ်တော်​သည် ငါ​တို့​ကို ခပ်သိမ်း​သော​တရားမဲ့​ခြင်း​ထဲမှ ရွေးနုတ်​ကယ်တင်​ရန်​နှင့် ကောင်း​သော​အမှု​၌ စိတ်အား​ထက်သန်​သည့် မိမိ​ပိုင်​တော်မူ​သော​လူမျိုး​ကို မိမိ​အတွက်​စင်ကြယ်​စေ​ရန် ငါ​တို့​အတွက် မိမိကိုယ်ကို​စွန့်​တော်မူ​၏။


ဆိတ်​နှင့်​နွားသငယ်​တို့​၏​သွေး​အားဖြင့်​မ​ဟုတ်​ဘဲ မိမိ​၏​သွေး​တော်​အားဖြင့် သန့်ရှင်း​ရာ​ဌာန​ထဲသို့ တစ်ကြိမ်တည်း​နှင့်​အပြီး​ဝင်​တော်မူ​၍ ထာဝရ​ရွေးနုတ်​ကယ်တင်​ခြင်း​အကျိုး​ကို သက်ရောက်​စေ​တော်မူ​၏။


သင်​တို့​ထဲတွင် ဉာဏ်ပညာ​လိုအပ်​သော​သူ​ရှိ​လျှင် ကဲ့ရဲ့​ပြစ်တင်​ခြင်း​ကို​ပြု​တော်​မ​မူ​ဘဲ ခပ်သိမ်း​သော​သူ​တို့​အား ရက်ရော​စွာ​ပေး​တော်မူ​သော​ဘုရားသခင်​ထံ တောင်းလျှောက်​စေ။ တောင်း​လျှင်​ရ​လိမ့်မည်။


ယေရှု​ခရစ်တော်​ကို​နာခံ​ရန်​နှင့် ကိုယ်တော်​၏​သွေး​တော်​ပက်ဖျန်း​ခြင်း​ခံရ​ရန်​အတွက် ဝိညာဉ်​တော်​အားဖြင့်​သန့်ရှင်း​စေ​ခြင်း​ခံရ​၍ ခမည်းတော်​ဘုရားသခင်​၏​ကြိုတင်​သိမြင်​သော​ဉာဏ်​တော်​အတိုင်း ရွေးကောက်​ခံရ​သော​သူ​တို့​ထံသို့ စာ​ရေး​လိုက်​ပါ​၏။ ကျေးဇူး​တော်​နှင့်​ငြိမ်သက်​ခြင်း​သည် သင်​တို့​၌​တိုးပွား​ပါစေသော။


ယေရှု​ခရစ်တော်​၏​အစေအပါး​နှင့်​တမန်တော်​ဖြစ်​သော​ငါ​ရှိမုန်​ပေတရု​သည် ငါ​တို့​ဘုရားသခင်​နှင့်​ကယ်တင်ရှင်​ဖြစ်​တော်မူ​သော ယေရှု​ခရစ်တော်​၏​ဖြောင့်မတ်​ခြင်း​အားဖြင့် ငါ​တို့​နည်းတူ အဖိုးထိုက်​သည့်​ယုံကြည်​ခြင်း​ကို ခံယူ​ရရှိ​သော​သူ​တို့​ထံသို့ စာ​ရေး​လိုက်​ပါ​၏။


ယေရှု​ခရစ်တော်​သည် ရေ​နှင့်​သွေး​အားဖြင့် ကြွလာ​တော်မူ​သော​အရှင်​ဖြစ်​၏။ ရေ​အားဖြင့်​သာ​မ​ဟုတ်​ဘဲ ရေ​နှင့်​သွေး​အားဖြင့်​ကြွလာ​တော်မူ​၏။ ဝိညာဉ်​တော်​သည် သက်သေခံ​သော​အရှင်​ဖြစ်​၏။ အကြောင်းမှာ ဝိညာဉ်​တော်​သည် သမ္မာတရား​ဖြစ်​တော်မူ​၏။


ထို​သူ​တို့​သည် မိန်းမ​များ​အားဖြင့် ညစ်ညူး​စေ​ခြင်း​မ​ခံ​ခဲ့​ရ​သော​သူ​များ​ဖြစ်​ကြ​၏။ အကြောင်းမူကား သူ​တို့​သည် လူပျို​စစ်စစ်​ဖြစ်​ကြ​၏။ သူ​တို့​သည် သိုးသငယ်​တော်​သွား​လေ​ရာ​သို့​လိုက်​ပါ​သော​သူ​များ​ဖြစ်​ကြ​ပြီး ဘုရားသခင်​နှင့်​သိုးသငယ်​တော်​တို့​အတွက် အသီးဦး​အဖြစ် လူ​တို့​အထဲမှ ရွေးနုတ်​ဝယ်ယူ​ခြင်း​ခံရ​သော​သူ​များ​ဖြစ်​ကြ​၏။


ထို့နောက် သူ​တို့​သည် သီချင်း​အသစ်​ကို​သီဆို​လျက် “ကိုယ်တော်​သည် စာလိပ်​ကို​ယူ​၍ ၎င်း​၏​တံဆိပ်​များ​ကို​ဖွင့်​ရန် ထိုက်တန်​သော​သူ​ဖြစ်​ပါ​၏။ အကြောင်းမူကား ကိုယ်တော်​သည် အသေ​သတ်​ခြင်း​ခံရ​၍ ကိုယ်တော်​၏​သွေး​တော်​အားဖြင့် မျိုးနွယ်စု၊ ဘာသာ​စကား၊ လူမျိုး​နှင့် တိုင်းနိုင်ငံ​အသီးသီး​တို့​ထဲမှ လူ​တို့​ကို ဘုရားသခင်​အတွက် ရွေးနုတ်​ဝယ်ယူ​ပြီး