ရောမ 5:19 - မြန်မာ့စံမီသမ္မာကျမ်း19 တစ်နည်းဆိုသော် လူတစ်ယောက်၏မနာခံမှုကြောင့် များစွာသောလူတို့သည် အပြစ်သားအဖြစ် သတ်မှတ်ခြင်းခံရကြသည့်နည်းတူ တစ်ယောက်သောသူ၏နာခံမှုကြောင့် များစွာသောလူတို့သည် ဖြောင့်မတ်သောသူအဖြစ် သတ်မှတ်ခြင်းခံရကြလိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible19 လူတစ်ဦးသည်ဘုရားစကားကိုနားမထောင် သောအားဖြင့်လူအပေါင်းတို့အပြစ်ကူးသူ များဖြစ်ရကြသည်နည်းတူ အခြားလူတစ်ဦး သည်ဘုရားစကားကိုနာခံသောအားဖြင့်လူ အပေါင်းတို့သည်ဘုရားသခင်နှင့်မှန်ကန်စွာ ဆက်သွယ်ရကြလိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible19 တစ် နည်း တစ် ဦး၏ နား မ ထောင် ခြင်း ကြောင့် အ များ သည် အ ပြစ် သား အ ဖြစ် ရောက် သည့် နည်း တူ ပင်၊ တစ် ပါး သူ၏ နား ထောင် ခြင်း ကြောင့် အ များ သည် ဖြောင့် မတ် သူ့ အ ဖြစ် ရောက် ရ ကြ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible19 အကြောင်းမူကား၊ တစ်ယောက်သောသူသည် နားမထောင်သောအားဖြင့်၊ လူများတို့သည် အပြစ်ရောက်သည်နည်းတူ၊ တစ်ယောက်သောသူသည် နားထောင်သောအားဖြင့်၊ လူများတို့သည် ဖြောင့်မတ်ရာသို့ ရောက်ရကြ၏။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း19 လူတစ်ဦး၏ မနာခံခြင်းကြောင့် လူများစွာတို့သည် အပြစ်သားများအဖြစ် သတ်မှတ်ခြင်းခံကြရသကဲ့သို့ လူတစ်ဦး၏ နာခံခြင်းကြောင့် လူများစွာတို့သည် ဖြောင့်မတ်သူများအဖြစ် သတ်မှတ်ခြင်းခံကြရ၏။ အခန်းကိုကြည့်ပါ။ |
သို့ရာတွင် ဆုကျေးဇူးသည် ကျူးလွန်သောအပြစ်ကဲ့သို့မဟုတ်ပေ။ အကြောင်းမူကား တစ်ယောက်သောသူကျူးလွန်သည့်အပြစ်ကြောင့် များစွာသောသူတို့သည် သေခဲ့လျှင် ဘုရားသခင်၏ကျေးဇူးတော်နှင့် ယေရှုခရစ်တော်တည်းဟူသော တစ်ယောက်သောသူ၏ကျေးဇူးတော်အားဖြင့် သက်ရောက်သောကောင်းချီးလက်ဆောင်သည် များစွာသောလူတို့၌ ပို၍ပင် ကြွယ်ဝပြည့်စုံမည်ဖြစ်၏။
အပြစ်ကျူးလွန်ခြင်းကို ရပ်တန့်ဖို့၊ အပြစ်ကို အဆုံးသတ်ဖို့၊ ဒုစရိုက်အပြစ်ကို ဖြေလွှတ်ဖို့၊ ထာဝရဖြောင့်မတ်ခြင်းကို ယူဆောင်လာဖို့၊ ဗျာဒိတ်နိမိတ်နှင့် ပရောဖက်ပြုဟောပြောခြင်းတို့ကိုတံဆိပ်ခတ်ဖို့၊ အသန့်ရှင်းဆုံးဌာနကို ဘိသိက်သွန်းဖို့ သင့်လူမျိုးတော်နှင့် သန့်ရှင်းသောမြို့တော်အတွက် ရက်သတ္တပတ်ခုနစ်ဆယ်ကို စီရင်သတ်မှတ်တော်မူပြီ။