ဖိလိပ္ပိ 3:9 - မြန်မာ့စံမီသမ္မာကျမ်း9 ဤသည်ကား ငါသည် ပညတ်တရားနှင့်ဆိုင်သော ငါ၏ဖြောင့်မတ်ခြင်းမဟုတ်ဘဲ ခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့်ရရှိသောဖြောင့်မတ်ခြင်းတည်းဟူသော ယုံကြည်ခြင်းအပေါ်၌အခြေခံသည့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကိုရရှိ၍ ခရစ်တော်ကိုရရှိကာ ကိုယ်တော်၌ တွေ့မြင်ခြင်းခံရရန်အတွက်ဖြစ်၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း9 ခရစ်တော်နှင့် တပေါင်းတစည်းတည်း အသက်ရှင်ရန် ဖြစ်၏။ ပညတ်တရားကို လိုက်နာခြင်းအားဖြင့် ရရှိသော ကျွန်ုပ်၏ ဖြောင့်မတ်ခြင်းကို အားမကိုးတော့ဘဲ ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ရရှိသော ဖြောင့်မတ်ခြင်းကိုသာ အားကိုး၏။ ထိုဖြောင့်မတ်ခြင်းသည် ဘုရားသခင်သတ်မှတ်တော်မူသောအရာ ဖြစ်ပြီး ယုံကြည်ခြင်းကို အခြေခံ၍ ရရှိသောဖြောင့်မတ်ခြင်း ဖြစ်၏။ အခန်းကိုကြည့်ပါ။ |
သို့သော် လူသည် ပညတ်တရားနှင့်ဆိုင်သော အကျင့်အားဖြင့်မဟုတ်ဘဲ ယေရှုခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရကြောင်း သိကြသဖြင့် ငါတို့သည် ပညတ်တရားနှင့်ဆိုင်သော အကျင့်အားဖြင့်မဟုတ်ဘဲ ခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရရန် ခရစ်တော်ယေရှုကို ယုံကြည်ကြ၏။ အကြောင်းမူကား ပညတ်တရားနှင့်ဆိုင်သော အကျင့်အားဖြင့် မည်သူမျှ ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရမည်မဟုတ်။
ဘုရားသခင်သည် ငါတို့ကိုကယ်တင်တော်မူ၍ သန့်ရှင်းသောခေါ်ယူခြင်းဖြင့် ငါတို့ကိုခေါ်ယူတော်မူသည်မှာ ငါတို့ပြုသောအမှုများကြောင့်မဟုတ်ဘဲ မိမိ၏အကြံအစည်တော်ကြောင့်ဖြစ်ပြီး ရှေးကာလများမတိုင်မီကပင် ယေရှုခရစ်တော်အားဖြင့် ငါတို့အားပေးတော်မူသောကျေးဇူးတော်ကြောင့်ဖြစ်၏။
ဘုရားသခင်သည် လူမှစ၍ ယဉ်ပါးသောတိရစ္ဆာန်များ၊ တွားသွားသောတိရစ္ဆာန်များနှင့် မိုးကောင်းကင်ငှက်များအပါအဝင် မြေပြင်ပေါ်ရှိသတ္တဝါအပေါင်းတို့ကို သုတ်သင်ပယ်ရှင်းတော်မူသဖြင့် ၎င်းတို့သည် မြေကြီးပေါ်မှ ပျောက်ပျက်သွားလေ၏။ နောဧမှစ၍ သူနှင့်အတူ သင်္ဘောထဲ၌ရှိသောသူတို့သာ ကြွင်းကျန်ကြလေ၏။
အပြစ်ကျူးလွန်ခြင်းကို ရပ်တန့်ဖို့၊ အပြစ်ကို အဆုံးသတ်ဖို့၊ ဒုစရိုက်အပြစ်ကို ဖြေလွှတ်ဖို့၊ ထာဝရဖြောင့်မတ်ခြင်းကို ယူဆောင်လာဖို့၊ ဗျာဒိတ်နိမိတ်နှင့် ပရောဖက်ပြုဟောပြောခြင်းတို့ကိုတံဆိပ်ခတ်ဖို့၊ အသန့်ရှင်းဆုံးဌာနကို ဘိသိက်သွန်းဖို့ သင့်လူမျိုးတော်နှင့် သန့်ရှင်းသောမြို့တော်အတွက် ရက်သတ္တပတ်ခုနစ်ဆယ်ကို စီရင်သတ်မှတ်တော်မူပြီ။