Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဂ​လာ​တိ 1:4 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 ထို​သခင်​သည် ငါ​တို့​အဖ​ဖြစ်​တော်မူ​သော​ဘုရားသခင်​၏​အလို​တော်​နှင့်အညီ ဆိုးညစ်​သော​မျက်မှောက်​ကာလ​မှ ငါ​တို့​ကို​ကယ်နုတ်​ရန် ငါ​တို့​၏​အပြစ်​အတွက် မိမိကိုယ်ကို​ပေးအပ်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

4 ငါ​တို့​အ​ဖ​ဘု​ရား​သ​ခင်​၏​အ​လို​တော်​နှင့်​အ​ညီ ခ​ရစ်​တော်​သည်​ငါ​တို့​အား ဤ​ဆိုး​ယုတ်​သော ပစ္စုပ္ပန်​ခေတ်​မှ​ကယ်​တင်​နိုင်​ရန် ငါ​တို့​၏​အ​ပြစ် များ​အ​တွက်​မိ​မိ​ကိုယ်​ကို​စွန့်​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 ထို​သ​ခင်​သည် ငါ​တို့​အ​ဘ​တည်း​ဟူ​သော ဘု​ရား​သ​ခင်၏​အ​လို​တော်​နှင့်​အ​ညီ ဆိုး​ညစ်​သော ဤ​ပ​စ္စု​ပ္ပန်​ဘ​ဝ​မှ ငါ​တို့​ကို ကယ်​နုတ်​ခြင်း​ငှာ၊ ငါ​တို့​အ​ပြစ်​ကြောင့် ကိုယ်​ကို​ကိုယ် အပ်​ပေး​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

4 ခရစ်တော်​သည် ကျွန်ုပ်တို့ အဖ​ဘုရားသခင်​၏ အလိုတော်​အတိုင်း ဤ​ဆိုးညစ်သော​ကာလ​ထဲမှ ကျွန်ုပ်တို့​ကို ကယ်နုတ်​ရန် ကျွန်ုပ်တို့​၏ အပြစ်များ​အတွက် အသက်​ပေးတော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဂ​လာ​တိ 1:4
56 ပူးပေါင်းရင်းမြစ်များ  

အကျွန်ုပ်​၏​ဘုရားသခင်​၊ ကိုယ်တော်​၏​အလို​တော်​ဆောင်ရွက်​ရ​သည်​ကို အကျွန်ုပ်​နှစ်သက်​ပါ​၏​။ ကိုယ်တော်​၏​တရားတော်​သည်​လည်း အကျွန်ုပ်​၏​စိတ်နှလုံး​ထဲ​၌​ရှိ​ပါ​၏​”​ဟု လျှောက်​၏​။


ကြည့်ရှု​လော့​။ ကောင်းကင်​သစ်​နှင့်​မြေကြီး​သစ်​ကို ငါ​ဖန်ဆင်း​မည်​။ အတိတ်မှ​အဖြစ်အပျက်​တို့​ကို မှတ်မိ​တော့​မည်​မ​ဟုတ်​။ စိတ်​ထဲ​ဝင်လာ​တော့​မည်​မ​ဟုတ်​။


ဆူးပင်​တို့​တွင် ကြဲ​ခြင်း​ခံရ​သည်​ဆိုသည်မှာ တရား​စကား​ကို​ကြား​သော်လည်း လောကီရေးရာ​၌​စိုးရိမ်​ပူပန်​ခြင်း​နှင့် စည်းစိမ်​၏​လှည့်ဖြား​ခြင်း​တို့​က တရား​စကား​ကို ကာဆီး​ပိတ်ဆို့​သဖြင့် အသီး​မ​သီး​သော​သူ​ကို​ဆို​လို​၏။


ဤသည်ကား အပြစ်​များ​ခွင့်လွှတ်​ခြင်း​ကျေးဇူး​အတွက် လူ​များစွာ​အဖို့​သွန်းလောင်း​သည့် ပဋိညာဉ်​နှင့်ဆိုင်သော ငါ​၏​သွေး​ဖြစ်​၏။


တစ်ဖန် ဒုတိယ​အကြိမ်​ထွက်သွား​၍“အကျွန်ုပ်​၏​အဖ၊ ဤ​ခွက်​ကို အကျွန်ုပ်​မ​သောက်​ဘဲ လွန်​သွား​ရန် မ​ဖြစ်နိုင်​ပါက ကိုယ်တော်​၏​အလို​တော်​အတိုင်း ဖြစ်​စေ​တော်မူ​ပါ”​ဟု ဆုတောင်း​တော်မူ​၏။


ထို့ကြောင့် ဤသို့​ဆုတောင်း​ကြ​လော့။ ကောင်းကင်​ဘုံ​၌​ရှိ​တော်မူ​သော အကျွန်ုပ်​တို့​အဖ၊ ကိုယ်တော်​၏​နာမ​တော်​သည် ရိုသေလေးမြတ်​ခြင်း​ခံရ​ပါစေသော။


အကြောင်းမူကား လူ့သား​သည်​လည်း လုပ်ကျွေး​ပြုစု​ခြင်း​ကို​ခံ​ရန်​မ​ဟုတ်​ဘဲ လုပ်ကျွေး​ပြုစု​ရန်​နှင့် များစွာ​သော​သူ​တို့​အတွက် ရွေးနုတ်​စရာ​အဖိုးအခ​အဖြစ် မိမိ​အသက်​ကို​စွန့်​ရန်​လာ​၏”​ဟု မိန့်​တော်မူ​၏။


တစ်ဖန် မုန့်​ကို​ယူ​၍ ကျေးဇူး​တော်​ချီးမွမ်း​ပြီးလျှင် မုန့်​ကို​ဖဲ့​၍ သူ​တို့​အား​ပေး​လျက်“ဤ​မုန့်​ကား သင်​တို့​အတွက်​စွန့်​သော ငါ​၏​ကိုယ်ခန္ဓာ​ဖြစ်​၏။ ငါ့​ကို​အောက်မေ့​ဖို့ရန် ဤသို့​ပြု​ကြ​လော့”​ဟု မိန့်​တော်မူ​၏။


“အို အဖ၊ အလို​တော်​ရှိ​လျှင် ဤ​ခွက်​ကို အကျွန်ုပ်​ထံမှ ဖယ်ရှား​ပေး​တော်မူ​ပါ။ သို့သော် အကျွန်ုပ်​၏​အလို​အတိုင်း​မ​ဟုတ်​ဘဲ ကိုယ်တော်​၏​အလို​တော်​အတိုင်း​ဖြစ်စေ​တော်မူ​ပါ”​ဟု ဆုတောင်း​တော်မူ​၏။


ငါ​သည် ကောင်းမြတ်​သော​သိုးထိန်း​ဖြစ်​၏။ ကောင်းမြတ်​သော​သိုးထိန်း​သည် သိုး​တို့​အတွက် မိမိ​အသက်​ကို​စွန့်​တတ်​၏။


ယခု​သည် ဤ​လောက​၏​တရား​စီရင်​ခြင်း​ကာလ​ဖြစ်​၏။ ဤ​လောက​ကို​အုပ်ချုပ်​သူ​သည် ယခု နှင်ထုတ်​ခြင်း​ခံရ​မည်။


ငါ​သည် ကိုယ့်​ဆန္ဒ​အလျောက် မည်သည့်​အရာ​ကို​မျှ​မ​ပြု​နိုင်။ ငါ​သည် ကြား​ရ​သည့်​အတိုင်း​သာ တရား​စီရင်​၍ ကိုယ့်​အလို​မ​ဟုတ်​ဘဲ ငါ့​ကို​စေလွှတ်​တော်မူ​သော​အရှင်​၏​အလို​တော်​ကို လိုက်နာ​သောကြောင့် ငါ​၏​စီရင်​ဆုံးဖြတ်​ချက်​သည် ဖြောင့်မတ်​၏။


အကြောင်းမူကား ငါ​သည် မိမိ​အလို​ကို ဆောင်ရွက်​ရန်​မ​ဟုတ်​ဘဲ ငါ့​ကို​စေလွှတ်​တော်မူ​သော​အရှင်​၏​အလို​တော်​ကို ဆောင်ရွက်​ရန် ကောင်းကင်​မှ​ဆင်းသက်​၏။


ထိုသို့ ဘုရားသခင်​ချစ်​တော်မူ​၍ သန့်ရှင်း​သူ​များ​အဖြစ်​ခေါ်ယူ​တော်မူ​သော ရောမ​မြို့သူ​မြို့သား​အပေါင်း​တို့​ထံသို့ ဤ​စာ​ကို ငါ​ရေး​လိုက်​ပါ​၏။ ငါ​တို့​အဖ​ဘုရားသခင်​နှင့် သခင်​ယေရှု​ခရစ်တော်​ထံမှ ကျေးဇူး​တော်​နှင့်​ငြိမ်သက်​ခြင်း​သည် သင်​တို့​၌​ရှိ​ပါစေသော။


သင်​တို့​သည် ဤ​လောက​၏​ပုံသဏ္ဌာန်​ကို မ​ဆောင်​ကြ​နှင့်။ ကောင်းမြတ်​သော​အရာ၊ နှစ်သက်​ဖွယ်​သော​အရာ၊ စုံလင်​သော​အရာ​တည်းဟူသော ဘုရားသခင်​အလို​တော်​ရှိ​သော​အရာ​သည် မည်သည့်​အရာ​ဖြစ်​သည်​ကို ပိုင်းခြား​သိရှိ​နိုင်​ရန် စိတ်နှလုံး​ကို အသစ်​ပြုပြင်​ခြင်း​ဖြင့် ပုံသဏ္ဌာန်​ပြောင်းလဲ​ခြင်း​ရှိ​ကြ​လော့။


သခင်​ယေရှု​သည် ငါ​တို့​ကျူးလွန်​သော​အပြစ်​များ​အတွက် အပ်နှံ​ခြင်း​ကို​ခံရ​ပြီး ငါ​တို့​ဖြောင့်မတ်​သည်​ဟု အသိအမှတ်ပြု​ခြင်း​ခံရ​ရန်​အတွက် ထမြောက်​တော်မူ​၏။


စိတ်နှလုံး​တို့​ကို​စူးစမ်း​တော်မူ​သော​အရှင်​သည်​လည်း ဝိညာဉ်​တော်​၏​စိတ်သဘော​ကို သိ​တော်မူ​၏။ အကြောင်းမူကား ဝိညာဉ်​တော်​သည် ဘုရားသခင်​၏​အလို​တော်​နှင့်အညီ သန့်ရှင်း​သူ​များ​အတွက် အသနားခံ​ပေး​တော်မူ​၏။


ဘုရားသခင်​သည် မိမိ​၏​သား​တော်​ကို အပြစ်​နှင့်​ပြည့်ဝ​သည့် သွေးသား​ဇာတိ​နှင့်​တူညီ​သော​သဏ္ဌာန်​၌ အပြစ်​အတွက်​စေလွှတ်​တော်မူ​၍ သွေးသား​ဇာတိ​၌​ရှိ​သော​အပြစ်​ကို ဒဏ်ခတ်​တော်မူ​ပြီး သွေးသား​ဇာတိ​ကြောင့် အားနည်း​၍ ပညတ်​တရား​မ​ဆောင်ရွက်​နိုင်​သော​အမှု​ကို ဆောင်ရွက်​ပေး​တော်မူ​၏။


မိမိ​သား​တော်​ရင်း​ကို​ပင် ချန်လှပ်​မ​ထား​ဘဲ ငါ​တို့​အားလုံး​အတွက် စွန့်​တော်မူ​သော​အရှင်​သည် သား​တော်​နှင့်တကွ အရာ​ခပ်သိမ်း​တို့​ကို​လည်း ငါ​တို့​အား​မ​ပေး​ဘဲ​နေ​တော်မူ​မည်လော။


အကြောင်းမူကား ငါ​ကိုယ်တိုင်​ခံယူ​ရရှိ​သည့် အဓိက​အကျဆုံး​သော​အရာ​ကို သင်​တို့​အား ငါ​ပေးအပ်​ခဲ့​၏။ ၎င်း​မှာ ကျမ်းစာ​နှင့်အညီ ခရစ်တော်​သည် ငါ​တို့​၏​အပြစ်​များ​အတွက် အသေခံ​တော်မူ​ခဲ့​ကြောင်း၊


ထို​သူ​တို့​နှင့်​ပတ်သက်၍​ပြော​ရ​လျှင် ဘုရားသခင်​၏​ပုံသဏ္ဌာန်​တော်​ဖြစ်​သော ခရစ်တော်​၏​ဘုန်း​အသရေ​နှင့်​ပြည့်စုံ​သည့် ကောင်းမြတ်​သော​သတင်း​၏​အလင်းရောင်​ကို​မ​မြင်​စေရန် ဤ​လောက​၏​ဘုရား​သည် မ​ယုံကြည်​သော​သူ​တို့​၏​စိတ်နှလုံး​ကို ကွယ်​စေ​၏။


သို့ဖြစ်၍ ငါ​အသက်ရှင်​သည်မှာ ငါ​ကိုယ်တိုင်​မ​ဟုတ်​တော့​ဘဲ ခရစ်တော်​သည် ငါ​၌​အသက်ရှင်​တော်မူ​၏။ ယခု ကိုယ်ကာယ​၌ ငါ​အသက်ရှင်​သည်မှာ ငါ့​ကို​ချစ်​၍ ငါ့​အတွက် မိမိကိုယ်ကို​စွန့်​တော်မူ​သော ဘုရားသခင်​၏​သား​တော်​ကို ယုံကြည်​ခြင်း​အားဖြင့် အသက်ရှင်​ခြင်း​ဖြစ်​၏။


ငါ့​အတွက်​မူကား ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​လက်ဝါးကပ်တိုင်​၌ ဝါကြွား​ခြင်း​မှတစ်ပါး အခြား​ဝါကြွား​စရာ​မ​ရှိ။ ငါ့​အနေဖြင့် လောက​သည် ထို​လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ခြင်း​ခံရ​၍ လောက​အနေဖြင့်​လည်း ငါ​သည် ထို​လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ခြင်း​ခံရ​လေ​ပြီ။


ငါ​တို့​သည်​လည်း အရာ​ခပ်သိမ်း​တို့​ကို မိမိ​အလို​တော်​နှင့်ညီသော​ဆုံးဖြတ်​ချက်​အတိုင်း လုပ်ဆောင်​စေ​တော်မူ​သော​အရှင်​၏​အကြံအစည်​တော်​နှင့်အညီ ကြိုတင်​သတ်မှတ်​ထား​ခြင်း​ခံရ​၍ ထို​ခရစ်တော်​အားဖြင့် အမွေ​တော်​ကို​ရရှိ​ကြ​၏။


အာကာသ​နှင့်ဆိုင်သော​အာဏာစက်​ကို စွဲကိုင်​အုပ်ချုပ်​သူ​တည်းဟူသော နာခံ​မှု​မ​ရှိ​သော​သူ​တို့​ထဲ၌ ယခု​အလုပ်​လုပ်​နေ​သည့် ဝိညာဉ်​အလို​အတိုင်း ဤ​လောက​၏​လမ်းစဉ်​နှင့်အညီ ထို​အပြစ်​များ​တွင် အသက်ရှင်​လျှောက်လှမ်း​ခဲ့​ကြ​၏။


နေ့ရက်​ကာလ​တို့​သည် ဆိုးညစ်​သောကြောင့် အချိန်အခါ​ကို ကောင်းစွာ​အသုံးချ​ကြ​လော့။


ခရစ်တော်​သည် ငါ​တို့​ကို​ချစ်​တော်မူ​၍ ငါ​တို့​အတွက် မိမိကိုယ်ကို ပူဇော်သက္ကာ​နှင့်​ယဇ်​တည်းဟူသော မွှေးကြိုင်​သည့်​ရနံ့​အဖြစ် ဘုရားသခင်​ထံ ဆက်ကပ်​အပ်နှံ​တော်မူ​သည့်​နည်းတူ ချစ်​ခြင်း​မေတ္တာ​၌ အသက်ရှင်​လျှောက်လှမ်း​ကြ​လော့။


အကြောင်းမူကား ငါ​တို့​သည် အသွေး​အသား​ရှိ​သော​သူ​ကို ရင်ဆိုင်​တိုက်ခိုက်​နေ​ကြ​သည်​မ​ဟုတ်။ အုပ်ချုပ်မှု​များ၊ အာဏာစက်​များ၊ ဤ​လောကီ​မှောင်မိုက်​ခြင်း​ကို အစိုးတရ​ပြု​သော​မင်း​များ၊ အထက်​ကောင်းကင်​အရပ်​၌​ရှိ​သည့် ဆိုးညစ်​သော​ဝိညာဉ်​တန်ခိုး​များ​နှင့် ရင်ဆိုင်​တိုက်ခိုက်​နေ​ကြ​ခြင်း​ဖြစ်​၏။


ငါ​တို့​အဖ​ဖြစ်​တော်မူ​သော​ဘုရားသခင်​၌ ကမ္ဘာ​အဆက်ဆက်​ဘုန်း​အသရေ​တော်​ရှိ​ပါစေသော။ အာမင်။


သင်​တို့​၏​ယုံကြည်​ခြင်း​နှင့်ဆိုင်သော​လုပ်ဆောင်​မှု၊ မေတ္တာ​ဖြင့်​ကြိုးပမ်း​အားထုတ်​မှု​နှင့် ငါ​တို့​သခင်​ယေရှု​ခရစ်တော်​ကို မျှော်လင့်​ခြင်း​အားဖြင့်​ဖြစ်ပေါ်​သော​သည်းခံ​မှု​တို့​ကို ငါ​တို့​အဖ​ဖြစ်​တော်မူ​သော​ဘုရားသခင်​ရှေ့​တော်​၌ အမြဲမပြတ်​အောက်မေ့​ကြ​၏။


ငါ​တို့​အဖ​ဖြစ်​တော်မူ​သော​ဘုရားသခင်​ကိုယ်တော်​တိုင်​နှင့် ငါ​တို့​၏​သခင်​ယေရှု​သည် သင်​တို့​ထံသို့ ငါ​တို့​လာ​မည့်​လမ်း​ခရီး​ကို ပြင်ဆင်​ပေး​တော်မူ​ပါစေသော။


ထို့ပြင် ငါ​တို့​၏​သခင်​ယေရှု​သည် မိမိ​၏​သန့်ရှင်း​သူ​အပေါင်း​တို့​နှင့်အတူ ကြွလာ​တော်မူ​သောအခါ ငါ​တို့​အဖ​ဖြစ်​တော်မူ​သော​ဘုရားသခင်​ရှေ့​တော်​တွင် သင်​တို့​၏​စိတ်နှလုံး​ကို မြင့်မြတ်​သန့်ရှင်း​ခြင်း​အရာ​၌ အပြစ်တင်​စရာ​မ​ရှိ​ရ​လေ​အောင် ခိုင်ခံ့​မြဲမြံ​စေ​တော်မူ​ပါစေသော။ အာမင်။


ငါ​တို့​၏​သခင်​ယေရှု​ခရစ်တော်​ကိုယ်တော်​တိုင်​နှင့် ငါ​တို့​ကို​ချစ်​တော်မူ​၍ ကျေးဇူး​တော်​အားဖြင့် ထာဝရ​နှစ်သိမ့်​ခြင်း​နှင့် ကောင်းမြတ်​သော​မျှော်လင့်​ခြင်း​တို့​ကို​ပေး​တော်မူ​သော ငါ​တို့​အဖ​ဘုရားသခင်​သည်


ထို​အရှင်​သည် လူ​အပေါင်း​တို့​အတွက် ရွေးနုတ်​စရာ​အဖိုးအခ​အဖြစ် မိမိကိုယ်ကို​ပေးအပ်​တော်မူ​၏။ ဤသည်ကား အချိန်​တန်​သောအခါ ပေး​တော်မူ​သော​သက်သေခံ​ချက်​ဖြစ်​၏။


ခရစ်တော်​သည် ငါ​တို့​ကို ခပ်သိမ်း​သော​တရားမဲ့​ခြင်း​ထဲမှ ရွေးနုတ်​ကယ်တင်​ရန်​နှင့် ကောင်း​သော​အမှု​၌ စိတ်အား​ထက်သန်​သည့် မိမိ​ပိုင်​တော်မူ​သော​လူမျိုး​ကို မိမိ​အတွက်​စင်ကြယ်​စေ​ရန် ငါ​တို့​အတွက် မိမိကိုယ်ကို​စွန့်​တော်မူ​၏။


အကြောင်းမူကား ဘုရားသခင်​သည် ငါ​တို့​ပြောဆို​နေ​သော နောင်​လာ​မည့်​ကမ္ဘာ​ကို ကောင်းကင်​တမန်​တို့​၏​လက်အောက်​သို့ ချ​ထား​တော်​မ​မူ​ခဲ့​ပေ။


ဘုရားသခင်​၏​ကောင်းမြတ်​သော​နှုတ်ကပတ်တော်​နှင့် တမလွန်​ကာလ​၏​တန်ခိုး​လက္ခဏာ​တို့​ကို မြည်းစမ်း​ရ​ပြီးမှ


ထာဝရ​ဝိညာဉ်​တော်​အားဖြင့် အပြစ်​အနာအဆာ​ကင်း​သော မိမိ​ကိုယ်ကို ဘုရားသခင်​ထံ​ပူဇော်​ခဲ့​သည့် ခရစ်တော်​၏​သွေး​တော်​သည် အသက်ရှင်​သော​ဘုရားသခင်​ကို ငါ​တို့​ဝတ်ပြု​မည့်​အကြောင်း သေ​ခြင်း​နှင့်ဆိုင်သော​အကျင့်​များ​မှ ငါ​တို့​၏​အသိစိတ်​ကို မည်မျှ​ပို၍​စင်ကြယ်​စေ​လိမ့်မည်​နည်း။


ဖောက်ပြန်​သော​သူ​တို့၊ လောက​နှင့်​မိတ်ဖွဲ့​ခြင်း​သည် ဘုရားသခင်​ကို​ရန်ဘက်​ပြု​ခြင်း​ဖြစ်​ကြောင်း သင်​တို့​မ​သိ​ကြ​သလော။ ထို့ကြောင့် လောက​၏​မိတ်ဆွေ​ဖြစ်​လို​သော​သူ​သည် ဘုရားသခင်​၏​ရန်သူ​ဖြစ်​၏။


ငါ​တို့​သည် အပြစ်​အရာ​၌ သေဆုံး​၍ ဖြောင့်မတ်​ခြင်း​အရာ​၌ အသက်ရှင်​မည့်​အကြောင်း ကိုယ်တော်​သည် သစ်​တိုင်​ပေါ်တွင် ငါ​တို့​အပြစ်​များ​ကို မိမိ​၏​ကိုယ်ခန္ဓာ​၌ ကိုယ်တော်​တိုင်​ဆောင်ယူ​တော်မူ​၏။ သင်​တို့​သည် ကိုယ်တော်​၏​ဒဏ်ချက်​တော်​အားဖြင့် အနာရောဂါ​ပျောက်ကင်း​ခြင်း​အခွင့်​ကို​ရရှိ​ကြ​၏။


အဘယ်ကြောင့်​ဆိုသော် ခရစ်တော်​သည်​လည်း အပြစ်​အတွက် တစ်ကြိမ်တည်း​နှင့်အပြီး ဒုက္ခ​ဝေဒနာ​ခံစား​တော်မူ​၏။ သင်​တို့​ကို ဘုရားသခင်​ထံ​တော်​သို့​ပို့ဆောင်​မည့်​အကြောင်း ဖြောင့်မတ်​သော​အရှင်​သည် မ​ဖြောင့်မတ်​သော​သူ​တို့​ကိုယ်စား ဒုက္ခ​ဝေဒနာ​ခံစား​တော်မူ​၏။ ကိုယ်တော်​သည် ကိုယ်ကာယ​၌ အမှန်ပင်​အသေခံ​သော်လည်း ဝိညာဉ်​တော်​၌​မူကား အသက်ရှင်​စေ​ခြင်း​ကို​ခံ​တော်မူ​လျက်


ထို​အရှင်​သည် ငါ​တို့​အပြစ်​များ​အတွက် အသနားခံ​ခြင်း​ပူဇော်သက္ကာ​ဖြစ်​တော်မူ​၏။ ငါ​တို့​အပြစ်​များ​အတွက်​သာမက လောကီသား​အပေါင်း​တို့​၏​အပြစ်​များ​အတွက်​လည်း ဖြစ်​တော်မူ​၏။


ခရစ်တော်​သည် ငါ​တို့​အတွက် မိမိ​အသက်​ကို​စွန့်​တော်မူ​သောကြောင့် ငါ​တို့​သည် ထို​အမှုအရာ​အားဖြင့် ချစ်​ခြင်း​မေတ္တာ​ကို​သိ​ရ​ကြ​ပြီ။ ငါ​တို့​သည်​လည်း ညီအစ်ကို​ချင်း​တို့​အတွက် အသက်​ကို​စွန့်​သင့်​၏။


သစ္စာ​ရှိ​သော​သက်သေ၊ သေ​သော​သူ​တို့​ထဲမှ အဦးဆုံး​ဖွားမြင်​လာ​သူ၊ ကမ္ဘာ​မြေကြီး​၏​ရှင်ဘုရင်​တို့​ကို​အုပ်ချုပ်​သူ ဖြစ်တော်မူ​သော ယေရှု​ခရစ်တော်​ထံမှ​လည်းကောင်း ကျေးဇူး​တော်​နှင့်​ငြိမ်သက်​ခြင်း​သည် သင်​တို့​၌​ရှိ​ပါစေ​သော။ ငါ​တို့​ကို​ချစ်​တော်မူ​၍ မိမိ​၏​သွေး​တော်​အားဖြင့် ငါ​တို့​အပြစ်​များ​မှ ငါ​တို့​ကို​ဖြေလွှတ်​ကာ


ထို့နောက် သူ​တို့​သည် သီချင်း​အသစ်​ကို​သီဆို​လျက် “ကိုယ်တော်​သည် စာလိပ်​ကို​ယူ​၍ ၎င်း​၏​တံဆိပ်​များ​ကို​ဖွင့်​ရန် ထိုက်တန်​သော​သူ​ဖြစ်​ပါ​၏။ အကြောင်းမူကား ကိုယ်တော်​သည် အသေ​သတ်​ခြင်း​ခံရ​၍ ကိုယ်တော်​၏​သွေး​တော်​အားဖြင့် မျိုးနွယ်စု၊ ဘာသာ​စကား၊ လူမျိုး​နှင့် တိုင်းနိုင်ငံ​အသီးသီး​တို့​ထဲမှ လူ​တို့​ကို ဘုရားသခင်​အတွက် ရွေးနုတ်​ဝယ်ယူ​ပြီး


ထို့နောက် ငါ​ကြည့်​လိုက်​ရာ တိုင်းနိုင်ငံ၊ မျိုးနွယ်စု၊ လူမျိုး​နှင့် ဘာသာ​စကား​အသီးသီး​တို့​မှ မည်သူမျှ​မ​ရေတွက်​နိုင်​သည့်​များစွာ​သော​လူ​အစုအဝေး​သည် ဖြူ​သော​ဝတ်လုံ​ကို​ဝတ်ဆင်​ထား​လျက် သူ​တို့​လက်​၌ စွန်ပလွံ​ခက်​များ​ကိုင်ဆောင်​ကာ ပလ္လင်​တော်​နှင့်​သိုးသငယ်​တော်​ရှေ့​တွင် ရပ်​နေ​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ