၂ ကော 12:2 - မြန်မာ့စံမီသမ္မာကျမ်း2 လွန်ခဲ့သောတစ်ဆယ့်လေးနှစ်က တတိယကောင်းကင်တိုင်အောင် ချီဆောင်ခြင်းခံရသည့် ခရစ်တော်၌တည်သောလူတစ်ဦးကို ငါသိ၏။ သူသည် ကိုယ်ခန္ဓာပါလျက် ချီဆောင်ခြင်းခံရသလော၊ သို့မဟုတ် ကိုယ်ခန္ဓာမပါဘဲ ချီဆောင်သွားခြင်းခံရသလော ငါမသိ။ ဘုရားသခင်သိတော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible2 ခရစ်တော်၏တပည့်တော်တစ်ဦးသည်လွန်ခဲ့ သောတစ်ဆယ့်လေးနှစ်ကကောင်းကင်ဘုံ တတိယအဆင့်သို့တိုင်အောင်ချီဆောင် ခြင်းကိုခံရသည်ကိုငါသိ၏။ (ဤသို့ ချီဆောင်ခြင်းခံရသည်မှာတကယ့်ဖြစ် ပျက်သလား၊ သို့မဟုတ်ရူပါရုံလားငါ မသိ။ ဘုရားသခင်သာလျှင်သိတော်မူ၏။-) အခန်းကိုကြည့်ပါ။Garrad Bible2 ယ မန် တစ် ဆယ့် လေး နှစ် က ခ ရစ် တော် တော် အား ဖြင့် ကောင်း ကင် တ တိ ယ ထပ် တိုင် အောင် ယူ ဆောင် ခံ ရ သူ့ ကို ငါ သိ၏။ ရုပ် ခ န္ဓာ ကွာ မ ကွာ ငါ မ သိ၊ ဘု ရား သ ခင် သိ တော် မူ၏။ အခန်းကိုကြည့်ပါ။Judson Bible2 တစ်ဆယ်လေးနှစ်အထက်က၊ ခရစ်တော်၏ တပည့်ဖြစ်သော လူတစ်ယောက်ကို တတိယကောင်းကင်သို့တိုင်အောင် ချီဆောင်သည်အကြောင်းကို ငါသိ၏။ ထိုအခါသူ၌ ကိုယ်ခန္ဓာပါသည် မပါသည်ကို ငါမသိ။ ဘုရားသခင် သိတော်မူ၏။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း2 လွန်ခဲ့သောဆယ့်လေးနှစ်က တတိယကောင်းကင်ဘုံသို့ ချီဆောင်ခံရသည့် ခရစ်တော်၏ တပည့်တစ်ယောက်ကို ကျွန်ုပ်သိ၏။ သူသည် ကိုယ်ခန္ဓာပါလျက် ချီဆောင်ခံရသလော၊ မပါဘဲချီဆောင်ခံရသလော ကျွန်ုပ်မသိ။ ဘုရားသခင်သာ သိတော်မူ၏။ အခန်းကိုကြည့်ပါ။ |
မြင့်မြတ်၍ချီးမြှောက်ခြင်းခံတော်မူသော၊ ထာဝရအသက်ရှင်တော်မူသော၊ သန့်ရှင်းခြင်းဟု နာမရှိတော်မူသောအရှင်က “ငါသည် စိတ်နှလုံးကျိုးပဲ့ကြေမွသောသူ၊ စိတ်နှိမ့်ချသောသူတို့နှင့်အတူ အထွတ်အမြတ်ထားရာအရပ်၊ သန့်ရှင်းသောအရပ်၌ ကိန်းဝပ်၏။ စိတ်အားငယ်သောသူ၊ စိတ်နှလုံးကျိုးပဲ့ကြေမွသောသူတို့ကို အားဖြည့်ပေးရန် သူတို့တွင် ငါကိန်းဝပ်၏။
အကျွန်ုပ်ထွက်သွားသည်နှင့် ထာဝရဘုရား၏ဝိညာဉ်တော်က အရှင့်ကို အကျွန်ုပ်မသိနိုင်သောနေရာသို့ ဆောင်ယူသွားလျှင် အကျွန်ုပ်သည် အာဟပ်မင်းကြီးကို သွားလျှောက်တင်ပြီးမှ အရှင့်ကို မတွေ့သောအခါ အကျွန်ုပ်ကို သူသတ်ပါလိမ့်မည်။ အရှင့်အစေအပါးအကျွန်ုပ်သည် ငယ်ရွယ်စဉ်မှစ၍ ထာဝရဘုရားကို ကြောက်ရွံ့ရိုသေသူဖြစ်ပါ၏။
“အရှင့်အစေအပါးတို့၌ သန်မာသောသူအယောက်ငါးဆယ်ရှိပါ၏။ အရှင်၏သခင်ကို သွားရှာစေပါ။ ထာဝရဘုရား၏ဝိညာဉ်တော်သည် သူ့ကိုဆောင်ယူပြီး တောင်တစ်ခုခုပေါ်တွင်ဖြစ်စေ၊ ချိုင့်ဝှမ်းတစ်နေရာရာတွင်ဖြစ်စေ ချထားကောင်းချထားလိမ့်မည်”ဟု ဆိုလျှင် ဧလိရှဲက “သွားမရှာစေနှင့်”ဟု ပြန်ပြော၏။