ထာဝရဘုရားရွေးနုတ်တော်မူသောသူတို့သည် ထိုသို့ဆိုကြပါစေ။ ကိုယ်တော်သည် သူတို့ကို ရန်သူ၏လက်မှရွေးနုတ်၍
ဟေရှာယ 35:9 - မြန်မာ့စံမီသမ္မာကျမ်း ထိုလမ်း၌ ခြင်္သေ့မရှိ။ ကြမ်းကြုတ်သော တောရိုင်းတိရစ္ဆာန် တစ်ကောင်မျှ ထိုလမ်းပေါ်သို့ မတက်လာ။ မည်သည့်တိရစ္ဆာန်ကိုမျှ မတွေ့ရ။ ရွေးနုတ်ခံရသောသူတို့သာ ထိုလမ်း၌ သွားလာကြလိမ့်မည်။ Common Language Bible ထိုအရပ်တွင်အဘယ်ခြင်္သေ့မျှရှိလိမ့်မည်မဟုတ်။ ထိုအရပ်သို့အဘယ်သားရဲတိရစ္ဆာန်မျှလည်း လာရကြလိမ့်မည်မဟုတ်။ ထာဝရဘုရားကယ်ဆယ်ထားတော်မူသော သူတို့သည် ထိုလမ်းအတိုင်းမိမိတို့နေရပ်သို့ ပြန်ရကြလိမ့်မည်မဟုတ်။ Garrad Bible ခြင်္သေ့ မှ စ၍ ငမ်း စမ်း သော သား ရဲ တစ် ကောင် မျှ မ တက် မ သန်း ရ။ တွေ့ လည်း မ တွေ့ ရ ချေ။ အ ရွေး ခံ ရ သူ တို့ သာ လျှင် လျှောက် သွား ခွင့် ရ လျက်၊ Judson Bible ထိုလမ်း၌ ခြင်္သေ့မရှိရ။ သားရဲတစ်ကောင်မျှ မတက်မလာရ။ ရှာ၍ မတွေ့ရ။ ရွေးနုတ်သောသူတို့သာလျှင် ခရီးသွားကြလိမ့်မည်။ |
ထာဝရဘုရားရွေးနုတ်တော်မူသောသူတို့သည် ထိုသို့ဆိုကြပါစေ။ ကိုယ်တော်သည် သူတို့ကို ရန်သူ၏လက်မှရွေးနုတ်၍
ကိုယ်တော်ရွေးနုတ်တော်မူသောလူမျိုးကို မေတ္တာကရုဏာတော်ဖြင့် ပို့ဆောင်တော်မူ၍ ကိုယ်တော်၏သန့်ရှင်းသောစံမြန်းရာအရပ်သို့ အစွမ်းတန်ခိုးတော်ဖြင့် လမ်းပြတော်မူ၏။
ဇိအုန်မြို့သည် တရားမျှတမှုအားဖြင့် ရွေးနုတ်ခြင်းခံရမည်။ ထိုမြို့မှ နောင်တရသောသူတို့သည် ဖြောင့်မတ်ခြင်းအားဖြင့် ရွေးနုတ်ခြင်းခံရမည်။
သင်တို့သည် လက်ယာဘက်၊ သို့မဟုတ် လက်ဝဲဘက်သို့ လှည့်သောအခါ “ဤလမ်းသည် မှန်၏။ ဤလမ်းအတိုင်း သွားလော့”ဟု သင်တို့နောက်၌ပြောသောစကားကို သင်တို့၏နားဖြင့် ကြားကြရမည်။
နေဂေ့အရပ်ရှိ တိရစ္ဆာန်များနှင့်ဆိုင်သောဗျာဒိတ်တော်ကား သူတို့သည် မိမိတို့ဥစ္စာပစ္စည်းများကို မြည်းတို့၏ကျောပေါ်၊ မိမိတို့၏ဥစ္စာဘဏ္ဍာများကို ကုလားအုတ်တို့၏ဘို့ပေါ်တင်၍ ဆင်းရဲဒုက္ခနှင့်ဘေးဥပဒ်၊ ခြင်္သေ့မနှင့်ခြင်္သေ့ပျို၊ အဆိပ်ပြင်းသောမြွေပွေးနှင့် ပျံသန်းတတ်သောမီးမြွေရှိရာအရပ်ကို ဖြတ်သန်းပြီး အကျိုးမပြုသောလူမျိုးထံ သယ်ဆောင်သွားကြ၏။
ကြည့်ရှုလော့။ အသစ်သောအရာကို ငါပြုမည်။ ယခု ထိုအရာ ဖြစ်လာပြီ။ သင်တို့ မသိကြသလော။ အကယ်စင်စစ် တောကန္တာရ၌ လမ်းကိုလည်းကောင်း၊ သဲကန္တာရ၌ မြစ်တို့ကိုလည်းကောင်း ငါဖြစ်စေမည်။
သူတို့၏အော်ဟစ်သံသည် ခြင်္သေ့ဟိန်းဟောက်သံနှင့်တူ၏။ သူတို့သည် ခြင်္သေ့ပျိုကဲ့သို့ဟိန်းဟောက်မာန်ဖီလျက် သားကောင်ကိုဖမ်းပြီး ဆောင်ယူသွားလိမ့်မည်။ ကယ်မည့်သူမရှိ။
အလွန်နက်ရှိုင်းသောပင်လယ်ရေထုကိုခန်းခြောက်စေသောသူ၊ ရွေးနုတ်ခံရသောသူများဖြတ်ကူးနိုင်ရန် နက်ရှိုင်းသောပင်လယ်ကို လမ်းဖြစ်စေသောသူကား ကိုယ်တော်ပင်မဟုတ်လော။
ဖြတ်သွားကြ။ မြို့တံခါးကို ဖြတ်သွားကြ။ လူမျိုးတကာတို့သွားရာလမ်းကိုပြင်ကြ။ ဖို့ကြ။ လမ်းမကြီးကိုဖို့ကြ။ ကျောက်ခဲကိုဖယ်ကြ။ လူမျိုးတကာတို့အတွက် အချက်ပြအလံကိုလွှင့်ထူကြ။
သူတို့ကို “ထာဝရဘုရားရွေးနုတ်တော်မူသည့် သန့်ရှင်းသောလူမျိုး”ဟု ခေါ်ကြလိမ့်မည်။ သင့်ကို “စွန့်ပစ်မခံရဘဲ ပြန်ရှာထားသောမြို့”ဟု ခေါ်ကြလိမ့်မည်။
လက်တုံ့ပြန်ရာနေ့ကို ငါ့စိတ်ထဲ၌မှတ်ထား၏။ ငါရွေးနုတ်ရာနှစ်သည် ရောက်လာပြီ။
ဝံပုလွေနှင့်သိုးကလေးတို့ အတူအစာစားကြမည်။ ခြင်္သေ့သည် နွားကဲ့သို့ ကောက်ရိုးကိုစားမည်။ မြွေသည် မြေမှုန့်ကိုစားမည်။ ငါ၏သန့်ရှင်းသောတောင်တစ်တောင်လုံးကို ထိခိုက်ဖျက်ဆီးကြမည်မဟုတ်”ဟု မိန့်တော်မူ၏။
ထာဝရဘုရားက “အို ငါ့အစေအပါးယာကုပ်၊ မကြောက်နှင့်။ အို အစ္စရေး၊ စိတ်မပျက်နှင့်။ သင့်ကို ဝေးသောအရပ်မှ၊ သင်၏အမျိုးအနွယ်ကို သုံ့ပန်းအဖြစ်နေရသောပြည်မှ ငါကယ်တင်မည်။ ယာကုပ်သည် ပြန်လာ၍ ခြိမ်းခြောက်မည့်သူမရှိဘဲ ငြိမ်းချမ်းသာယာစွာ နေရလိမ့်မည်”ဟု မိန့်တော်မူ၏။
ထို့ပြင် သူတို့နှင့် ငြိမ်သက်ခြင်းပဋိညာဉ်ကို ဖွဲ့မည်။ ထိုပြည်ရှိ သားရဲတိရစ္ဆာန်တို့ကို ဖယ်ရှားမည်။ သူတို့သည် တောကန္တာရထဲတွင် ဘေးကင်းလုံခြုံစွာနေရမည်။ တောအုပ်ထဲတွင် အိပ်ရလိမ့်မည်။
တောထဲရှိအပင်တို့သည် အသီးသီးလိမ့်မည်။ မြေကြီးသည် အသီးအနှံကို ဖြစ်ထွန်းစေမည်။ သူတို့သည် နေရင်းပြည်တွင် ဘေးကင်းလုံခြုံစွာနေရလိမ့်မည်။ သူတို့ထမ်းထားရသောထမ်းပိုးကိုချိုး၍ သူတို့အားကျွန်ပြုသောသူတို့လက်မှ သူတို့ကို ကယ်နုတ်သောအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်။
ထိုနေ့ရက်တွင် သူတို့ကို တောရိုင်းတိရစ္ဆာန်များ၊ မိုးကောင်းကင်ငှက်များ၊ မြေပေါ်ရှိတွားသွားသောသတ္တဝါများနှင့် ပဋိညာဉ်ဖွဲ့စေမည်။ လေး၊ ဓား၊ စစ်ပွဲတို့ကို မြေပေါ်မှဖယ်ရှားမည်။ သူတို့သည် ဘေးကင်းလုံခြုံစွာအိပ်စက်ခွင့်ရလိမ့်မည်။
ငါသည် ထိုပြည်၌ ငြိမ်းချမ်းမှုရှိစေသဖြင့် သင်တို့အိပ်သောအခါ မည်သူမျှ သင်တို့ကို ကြောက်ရွံ့တုန်လှုပ်အောင် လုပ်လိမ့်မည်မဟုတ်။ ငါသည် ဘေးအန္တရာယ်ပေးတတ်သော တောရိုင်းတိရစ္ဆာန်တို့ကို ထိုပြည်ထဲမှ ဖယ်ရှားမည်။ သင်တို့ပြည်သည် ဓားဘေးနှင့် ကြုံတွေ့ရလိမ့်မည်မဟုတ်။
ခရစ်တော်သည် ငါတို့အတွက် ကျိန်ခြင်းခံရသူဖြစ်ပြီး ငါတို့ကို ပညတ်တရား၏ကျိန်ခြင်းမှ ရွေးနုတ်တော်မူ၏။ အဘယ်ကြောင့်ဆိုသော် “သစ်တိုင်ပေါ်၌ဆွဲထားခြင်းခံရသူတိုင်း ကျိန်ခြင်းကိုခံရသူဖြစ်၏”ဟု ရေးထား၏။
ခရစ်တော်သည် ငါတို့ကို ခပ်သိမ်းသောတရားမဲ့ခြင်းထဲမှ ရွေးနုတ်ကယ်တင်ရန်နှင့် ကောင်းသောအမှု၌ စိတ်အားထက်သန်သည့် မိမိပိုင်တော်မူသောလူမျိုးကို မိမိအတွက်စင်ကြယ်စေရန် ငါတို့အတွက် မိမိကိုယ်ကိုစွန့်တော်မူ၏။
အကြောင်းမူကား သင်တို့သည် ဘိုးဘေးများထံမှဆက်ခံသည့် သင်တို့၏အချည်းနှီးသောအသက်ရှင်နေထိုင်မှုထဲမှ ရွေးနုတ်ကယ်တင်ခြင်းခံရသည်မှာ ရွှေ၊ ငွေ စသောယိုယွင်းပျက်စီးတတ်သည့်အရာများအားဖြင့်မဟုတ်ဘဲ
ထို့နောက် သူတို့သည် သီချင်းအသစ်ကိုသီဆိုလျက် “ကိုယ်တော်သည် စာလိပ်ကိုယူ၍ ၎င်း၏တံဆိပ်များကိုဖွင့်ရန် ထိုက်တန်သောသူဖြစ်ပါ၏။ အကြောင်းမူကား ကိုယ်တော်သည် အသေသတ်ခြင်းခံရ၍ ကိုယ်တော်၏သွေးတော်အားဖြင့် မျိုးနွယ်စု၊ ဘာသာစကား၊ လူမျိုးနှင့် တိုင်းနိုင်ငံအသီးသီးတို့ထဲမှ လူတို့ကို ဘုရားသခင်အတွက် ရွေးနုတ်ဝယ်ယူပြီး