ဟေရှာယ 62:10 - မြန်မာ့စံမီသမ္မာကျမ်း10 ဖြတ်သွားကြ။ မြို့တံခါးကို ဖြတ်သွားကြ။ လူမျိုးတကာတို့သွားရာလမ်းကိုပြင်ကြ။ ဖို့ကြ။ လမ်းမကြီးကိုဖို့ကြ။ ကျောက်ခဲကိုဖယ်ကြ။ လူမျိုးတကာတို့အတွက် အချက်ပြအလံကိုလွှင့်ထူကြ။ အခန်းကိုကြည့်ပါ။Common Language Bible10 ယေရုရှလင်မြို့သူမြို့သားတို့၊ မြို့တွင်းမှ ထွက်ကြလော့။ ပြည်တော်ပြန်သင်တို့၏အမျိုးသားများ အတွက် လမ်းကိုဖောက်လုပ်ကြလော့။ လမ်းမကြီးကိုပြင်ဆင်ကြလော့။ ကျောက်ခဲတို့ကိုဖယ်ရှားပစ်ကြလော့။ တိုင်းသူပြည်သားများသိစေရန်အချက်ပြ အလံများတင်ကြလော့။ အခန်းကိုကြည့်ပါ။Garrad Bible10 မြို့ တံ ခါး များ မှ ထွက် ကြ လော့။ ထွက် ကြ လော့။ လူ မျိုး တော် တို့ သွား ရာ လမ်း မ ကို ဖို့၍ ပြင် ဆင် ကြ လော့။ ဖို့ ကြ လော့။ ကျောက် လုံး များ ကို ဖယ် ရှင်း ကြ လော့။ လူ အ မျိုး မျိုး တို့ အား အ လံ ထူ ပြ ကြ လော့။ အခန်းကိုကြည့်ပါ။Judson Bible10 မြို့တံခါးမှ ထွက်ကြ။ ထွက်ကြ။ လူများဖို့လမ်းကို ပြင်ကြ။ မြေဖို့ကြ။ ဖို့ကြ။ ကျောက်များကို ပယ်ရှင်းကြ။ လူများဖို့ အလံကိုထူကြ။ အခန်းကိုကြည့်ပါ။ |
သူတို့တွင် နိမိတ်လက္ခဏာပြမည်။ အသက်ရှင်ကျန်ရစ်သောသူတို့ကို တာရှုပြည်၊ ပုလပြည်၊ လေးပစ်ကျွမ်းကျင်သောလုဒပြည်၊ တုဗလပြည်၊ ယာဝန်ပြည်၊ ဝေးလံသောကမ်းရိုးတန်းဒေသများစသော ငါ၏ဂုဏ်သတင်းကိုမကြားဖူး၊ ဘုန်းအသရေကိုလည်း မမြင်ဖူးသည့်လူမျိုးများထံသို့ ငါစေလွှတ်မည်။ ထိုလူမျိုးများတွင် ငါ၏ဘုန်းအသရေကို သူတို့ပြောကြားကြလိမ့်မည်။