Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 5:29 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

29 သူ​တို့​၏​အော်ဟစ်သံ​သည် ခြင်္သေ့​ဟိန်းဟောက်​သံ​နှင့်​တူ​၏​။ သူ​တို့​သည် ခြင်္သေ့ပျို​ကဲ့သို့​ဟိန်းဟောက်​မာန်ဖီ​လျက် သားကောင်​ကို​ဖမ်း​ပြီး ဆောင်ယူ​သွား​လိမ့်မည်​။ ကယ်​မည့်​သူ​မ​ရှိ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

29 သူ​တို့​၏​ကြွေး​ကြော်​သံ​သည်​သား​ကောင်​လိုက် သတ်​ဆွဲ​ယူ​ကာ မိ​မိ​တို့​လက်​မှ​အ​ဘယ်​သူ​မျှ လု​မ​ယူ​နိုင်​စေ​ရန်​မာန်​ဖီ​တတ်​သည့်​ခြင်္သေ့​တို့ ၏​ဟောက်​သံ​နှင့်​တူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

29 ခြင်္သေ့ အို၊ ခြင်္သေ့ ပျို များ ကဲ့ သို့ ဟိန်း ဟောက် လျက်၊ အ မဲ ကို ဟိန်း မာရ် နှင့် ဘမ်း ကိုက်၍၊ ကယ် သူ မဲ့ ဆောင် သွား လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

29 သူ​တို့​အ​သံ​ဗ​လံ​သည် ခြင်္သေ့​ဟောက်​သံ​နှင့်​တူ၍၊ ခြင်္သေ့​ပျို​ကဲ့​သို့ ဟောက်​ကြ​လိမ့်​မည်။ ဟောက်​လျက် အ​ကောင်​ကို​ဖမ်း၍ ဆောင်​သွား​ကြ​လိမ့်​မည်။ အ​ဘယ်​သူ​မျှ မ​ကယ်​မ​နုတ်​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 5:29
20 ပူးပေါင်းရင်းမြစ်များ  

ယုဒ​သည် ခြင်္သေ့​သားပေါက်​ဖြစ်​၏​။ ငါ့​သား​၊ သင်​သည် သားကောင်​သတ်စား​ပြီး​တက်လာ​၏​။ သူ​သည် ခြင်္သေ့​ကဲ့သို့​လည်းကောင်း​၊ ခြင်္သေ့မ​ကဲ့သို့​လည်းကောင်း ဝပ်​လျက်​၊ လဲလျောင်း​လျက်​နေ​တတ်​၏​။ သူ့​ကို မည်သူ​ဆွ​ဝံ့​သနည်း​။


ဘုရားသခင်​ကို​မေ့လျော့​တတ်​သော​သူ​တို့​၊ ဤ​အချက်​ကို သတိ​နှင့်​ဆင်ခြင်​ကြ​လော့​။ သို့မဟုတ်​ပါက ငါ​သည် သင်​တို့​ကို အပိုင်းပိုင်း​ဆုတ်ဖြဲ​သဖြင့် ကယ်နုတ်​သူ​မ​ရှိ​ဖြစ်​လိမ့်မည်​။


သူ့​ကို ဘုရားတရားမဲ့​သော​လူမျိုး​ထံသို့ ငါ​စေလွှတ်​မည်​။ ငါ​အမျက်​ထွက်​သော​လူ​တို့​တိုက်ယူ​ထား​သော​ပစ္စည်း​ကို လုယက်​သိမ်းယူ​၍ လမ်း​ပေါ်မှ​ရွှံ့​ကို​နင်း​သကဲ့သို့ သူ​တို့​ကို​နင်းချေ​ရန် ငါ​မိန့်မှာ​ထား​၏​။


ထာဝရဘုရား​က “​ခြင်္သေ့ကြီး​နှင့် ခြင်္သေ့ပျို​က သားကောင်​ကို မာန်ဖီ​သောအခါ သိုးထိန်း​အပေါင်း​တို့​ကို​ခေါ်​၍ ခြောက်လှန့်​စေ​သော်လည်း သိုးထိန်း​တို့​၏​အသံ​ကို​မ​ကြောက်​၊ သူ​တို့​၏​ဆူဆူညံညံအသံ​ကို မ​လန့်​။ ထိုနည်းတူ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် စစ်တိုက်​ရန် ဇိအုန်​တောင်​၊ ဇိအုန်​တောင်ကုန်း​ပေါ်၌​ဆင်းသက်​တော်မူ​မည်​။


ထို​လမ်း​၌ ခြင်္သေ့​မ​ရှိ​။ ကြမ်းကြုတ်​သော တောရိုင်းတိရစ္ဆာန် တစ်​ကောင်​မျှ ထို​လမ်း​ပေါ်သို့ မ​တက်လာ​။ မည်သည့်​တိရစ္ဆာန်​ကို​မျှ မ​တွေ့​ရ​။ ရွေးနုတ်​ခံရ​သော​သူ​တို့​သာ ထို​လမ်း​၌ သွားလာ​ကြ​လိမ့်မည်​။


ဤ​လူမျိုး​သည် သိမ်းသွား​ခြင်း​ခံရ​၏​။ တိုက်ခိုက်လုယက်​ခြင်း​ခံရ​၏​။ သူ​တို့​အားလုံး​သည် တွင်း​ထဲ၌ ထောင်ချောက်​မိ​၏​။ ထောင်​ထဲတွင် လှောင်​ထား​ခြင်း​ခံရ​၏​။ သူ​တို့​သည် သားကောင်​ကဲ့သို့​ဖြစ်​၍ ကယ်နုတ်​မည့်​သူ​မ​ရှိ​။ လုယက်ပစ္စည်း​ဖြစ်၍ “​ပြန်ပေး​လော့​”​ဟု ပြော​မည့်​သူ​မ​ရှိ​။


သင့်​အတွက် ကြိုးစားအားထုတ်​လုပ်ဆောင်​ပေး​ခဲ့​သူ​၊ သင်​ငယ်စဉ်​ကတည်းက သင်​နှင့်​ရောင်းဝယ်ဖောက်ကား​ခဲ့​သူ​တို့​သည် ထိုသို့​ဖြစ်​လိမ့်မည်​။ သူ​တို့​သည် အသီးသီး ခြေဦးတည့်ရာ​သို့ လှည့်လည်သွားလာ​ရ​ကြ​၍ သင့်​ကို​ကယ်တင်​နိုင်​မည်​မ​ဟုတ်​။


သူ့​ကို ခြင်္သေ့ပျို​တို့ ဟိန်းဟောက်​ကြ​ပြီ​၊ မာန်ဖီ​ကြ​ပြီ​။ သူ​၏​ပြည်​ကို လူသူကင်းမဲ့​ရာ​ဖြစ်စေ​ကြ​ပြီ​။ သူ​၏​မြို့​တို့​သည် ဖျက်ဆီး​ခြင်း​ခံရ​၍ နေထိုင်​သူ​မ​ရှိ​တော့​ပြီ​။


ခြင်္သေ့​သည် ပုန်းအောင်း​ရာ​မှ​ထွက်လာ​ပြီ​။ လူမျိုးတကာ​တို့​ကို​ဖျက်ဆီး​သော​သူ​သည် မိမိ​၏​နေရာ​မှ​ထွက်လာ​ပြီ​။ သင်​၏​ပြည်​ကို လူသူကင်းမဲ့​ရာ​အရပ်​ဖြစ်စေ​ရန် မိမိ​နေရာ​မှ​ထွက်လာ​ပြီ​။ သင်​တို့​၏​မြို့​များ​သည် ပျက်စီး​သွား​လိမ့်မည်​။ နေထိုင်​သူ​ရှိ​မည်​မ​ဟုတ်​။


ကြည့်ရှု​လော့​။ ဂျော်ဒန်​တောအုပ်​မှ စိမ်းလန်း​သော​စားကျက်မြေ​သို့ ခြင်္သေ့​တက်လာ​သောအခါ သားကောင်​တို့​ထွက်ပြေး​ရ​သကဲ့သို့ ထို​ပြည်သား​တို့​ကို ထို​ပြည်​မှ ငါ​ရုတ်ချည်း​ထွက်ပြေး​စေ​မည်​။ ငါ​ရွေးချယ်​သော​သူ​ကို ထို​ပြည်​၌ ငါ​ခန့်ထား​မည်​။ မည်သူ​သည် ငါ​နှင့်​တူ​သနည်း​။ မည်သူ​သည် ငါ့​ကို​စိန်ခေါ်​ဝံ့​သနည်း​။ မည်သည့်​သိုးထိန်း​သည် ငါ့​ကို​ဆန့်ကျင်​ပြီး ရပ်တည်​နိုင်​သနည်း​”​ဟု မိန့်​တော်မူ​၏​။


အစ္စရေး​လူမျိုး​သည် ခြင်္သေ့​တို့​အလိုက်​ခံရ​၍ တကွဲတပြား​ဖြစ်​နေ​သော​သိုး​ကဲ့သို့​ဖြစ်​၏​။ ဦးစွာ အဆီးရီးယား​ဘုရင်​သည် ကိုက်စား​၏​။ နောက်ဆုံး​မှာ ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​သည် သူ့​အရိုး​တို့​ကို ဝါးမျို​လေ​၏​။


သူ​တို့​အားလုံး ခြင်္သေ့ပျို​ကဲ့သို့ ဟိန်းဟောက်​ကြ​လိမ့်မည်​၊ ခြင်္သေ့ငယ်​ကဲ့သို့ မာန်ဖီ​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


သူ​တို့​သည် ထာဝရဘုရား​နောက်​တော်​သို့ လိုက်​ကြ​လိမ့်မည်​။ ကိုယ်တော်​သည် ခြင်္သေ့​ကဲ့သို့​ဟိန်း​တော်မူ​မည်​။ ဟိန်း​တော်မူ​သောအခါ ကိုယ်တော်​၏​သားသမီး​တို့​သည် အနောက်​အရပ်​မှ​ကြောက်ရွံ့တုန်လှုပ်​လျက် ထွက်လာ​ကြ​မည်​။


ခြင်္သေ့​ဟိန်းဟောက်​သောအခါ မ​ကြောက်​သော​သူ ရှိ​သလော​။ ဘုရားရှင်​ထာဝရဘုရား​မိန့်ဆို​သောအခါ ပရောဖက်​မ​ပြု​ဘဲ နေ​ဝံ့​သူ ရှိ​သလော​။


ကြွင်းကျန်​သော​ယာကုပ်​အမျိုး​တို့​သည် တော​တိရစ္ဆာန်​တို့​အလယ်​မှ ခြင်္သေ့​ကဲ့သို့​လည်းကောင်း​၊ သိုးအုပ်​တို့​အလယ်​မှ ခြင်္သေ့ပျို​ကဲ့သို့​လည်းကောင်း လူမျိုးခြား​တို့​အလယ်​၊ လူ​များစွာ​တို့​ကြား​တွင် ရှိ​နေ​လိမ့်မည်​။ ထို​ခြင်္သေ့​တို့​သည် သွားလာ​၍ မည်သူ​မျှ​မ​ကယ်​နိုင်​အောင် စားသောက်​ကိုက်ဖြတ်​တတ်​၏​။


ခြင်္သေ့ထီး​တို့ ခိုအောင်း​ရာ​၊ ခြင်္သေ့ပျို​တို့ ကျက်စား​ရာ​ကား အဘယ်မှာ​နည်း​။ ထို​နေရာ​သည် ခြင်္သေ့ထီး​၊ ခြင်္သေ့မ​၊ ခြင်္သေ့​သားပေါက်​တို့​ကျင်လည်​ရာ​အရပ်​၊ ခြောက်လှန့်​သူ​မ​ရှိ​ရာ​အရပ် ဖြစ်​၏​။


ထို​မြို့​၏​အကြီးအကဲ​တို့​သည် ဟိန်းဟောက်​သော​ခြင်္သေ့​များ​နှင့် တူ​၏​။ တရားသူကြီး​တို့​သည် နေဝင်ချိန်​ရောက်​မှ အစာ​ရှာ​၍ နံနက်​တိုင်အောင် ဘာမျှ​မ​ချန်​ဘဲ စား​တတ်​သော​ဝံပုလွေ​များ​နှင့်​တူ​၏​။


အသရေ​ဖျက်ဆီး​ခံရ​သောကြောင့် သိုးထိန်း​တို့​၏​မြည်တမ်းသံ​ကို ကြား​ရ​လေ​ပြီ​။ ဂျော်ဒန်​တောအုပ်ကြီး​ဖျက်ဆီး​ခံရ​သောကြောင့် ခြင်္သေ့ပျို​တို့​၏​ဟိန်းသံ​ကို ကြား​ရ​လေ​ပြီ​။


သူ​သည် လဲလျောင်း​လျက် နေ​၏​။ ခြင်္သေ့ထီး​ကဲ့သို့​၊ ခြင်္သေ့မ​ကဲ့သို့ အိပ်​လျက် နေ​၏​။ သူ့​ကို မည်သူ​နှိုး​ဝံ့​သနည်း​။ သင့်​ကို ကောင်းချီးပေး​သော​သူ​သည် ကောင်းချီးခံစား​ရ​မည်​။ သင့်​ကို ကျိန်ဆဲ​သော​သူ​သည် ကျိန်ဆဲ​ခြင်း ခံရ​မည်​’ ”​ဟု ဆို​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ