ဟေရှာယ 43:19 - မြန်မာ့စံမီသမ္မာကျမ်း19 ကြည့်ရှုလော့။ အသစ်သောအရာကို ငါပြုမည်။ ယခု ထိုအရာ ဖြစ်လာပြီ။ သင်တို့ မသိကြသလော။ အကယ်စင်စစ် တောကန္တာရ၌ လမ်းကိုလည်းကောင်း၊ သဲကန္တာရ၌ မြစ်တို့ကိုလည်းကောင်း ငါဖြစ်စေမည်။ အခန်းကိုကြည့်ပါ။Common Language Bible19 ငါပြုမည့်အမှုအရာသစ်ကိုစောင့်မျှော် ကြည့်ရှုကြလော့။ ထိုအမှုအရာသည်ဖြစ်ပျက်ဆဲပင်ရှိသဖြင့် ယင်းကို ယခုသင်တို့တွေ့မြင်နိုင်ကြပါသည်တကား။ ငါသည်တောကန္တာရကိုဖြတ်၍လမ်းပေါက်စေ ပြီးလျှင်၊ သင်တို့အားစမ်းရေကိုပေးတော်မူမည်။ အခန်းကိုကြည့်ပါ။Garrad Bible19 ငါ သည် အ မှု သစ် ကို စီ ရင် ပြီ တ ကား။ ယ ခု ပင် ပေါ် ပေါက် တော့ မည်။ မ သိ မ မှတ် ကြ လော။ သဲ တော၌ လမ်း ကိုလည်း ကောင်း၊ ဆိတ် ညံ ရာ အ ရပ်၌ မြစ် များ ကိုလည်း ကောင်း၊ ငါ စီ မံ၏။ အခန်းကိုကြည့်ပါ။Judson Bible19 ကြည့်ရှုလော့။ အမှုသစ်ကိုငါပြုမည်။ ယခုပေါ်လာလိမ့်မည်။ သင်တို့သည် အမှန် သိမြင်ရကြလိမ့်မည်။ အကယ်စင်စစ် တော၌ လမ်းကိုလည်းကောင်း၊ လွင်ပြင်၌ စီးသောရေကိုလည်းကောင်း ငါဖန်ဆင်းမည်။ အခန်းကိုကြည့်ပါ။ |
အကယ်စင်စစ် ထာဝရဘုရားသည် ဇိအုန်မြို့ကို နှစ်သိမ့်တော်မူမည်။ ထိုမြို့၏ပြိုပျက်ရာကို နှစ်သိမ့်တော်မူမည်။ ထိုမြို့၏တောကန္တာရအရပ်ကို ဧဒင်အရပ်ကဲ့သို့ဖြစ်စေတော်မူမည်။ ထိုမြို့၏သဲကန္တာရကို ထာဝရဘုရား၏ဥယျာဉ်ကဲ့သို့ဖြစ်စေတော်မူမည်။ ထိုမြို့၌ ရွှင်မြူးခြင်း၊ ဝမ်းမြောက်ခြင်း၊ ကျေးဇူးတော်ချီးမွမ်းခြင်း၊ သီချင်းသီဆိုခြင်းရှိမည်။